Monday, October 19, 2009

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း မိသားစု သီတင်းကျွတ် စုပေါင်းရဟန်းခံပွဲ
















Read More...

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ် (၃) ဒေသ၊ မဲဆောက်မြို့နယ်၊ မယ်ကုလွန်ကျေးရွာ လူထုစည်းရုံးရေးဟောပြောပွဲ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ် ( ၃)ဒေသ၊ မယ်ကုလွန်ကျေးရွာတွင် လူထုစည်းရုံးရေးဟောပြောပွဲသို့ တက်ရောက်လာကြသော အသင်းတာဝန်ရှိသူများနှင့် ကျေးရွာ အာဏာပိုင်များအား တွေ့ရစဉ်


ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ် ( ၃)ဒေသ၊ မယ်ကုလွန်ကျေးရွာတွင် လူထုစည်းရုံးရေးဟောပြောပွဲသို့ တက်ရောက်လာကြသော ဒေသခံပြည်သူများအား တွေ့ရစဉ်


ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ် ( ၃)ဒေသ၊ မယ်ကုလွန်ကျေးရွာတွင် လူထုစည်းရုံးရေးဟောပြောပွဲသို့ တက်ရောက်လာကြသော ဒေသခံပြည်သူများအား တွေ့ရစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ် ( ၃)ဒေသ၊ မယ်ကုလွန်ကျေးရွာတွင် လူထုစည်းရုံးရေးဟောပြောပွဲ ကျင်းပနေစဉ်


Read More...

Monday, September 7, 2009

ပွင့်ဖတ်ပေါ်ချော်ကျတဲ့ပန်းတပွင့်

မနေ့ည (၈) နာရီ (၅၇) မိနစ်မှာ ညီမလေးရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတယောက်ဆီက ဖုန်းဆက် လာတယ်။ ညီမလေး ဒီနေ့ပဲ ဆုံးပြီတဲ့။ ကြားကြားချင်း ရင်ထဲမှာ ထုံတက်သွားတယ်။ ရုတ်တရက် မယုံနိုင်လို့ နောက်နေတာလားလို့ ပြန်မေးမိတယ်။ ဒါပေမယ့် စိတ်ထဲက မျှော်လင့်ထားတဲ့အတိုင်း မဖြစ်ခဲ့ပါဘူး။ အဖြစ်အပျက်နဲ့တကွ ဘယ်နေရာ၊ ဘယ်အချိန်မှာ ဖြစ်ပြီး ညီမလေးရဲ့ရုပ်အလောင်းက အခုဘယ်နေရာမှာ ထားထားတယ်ဆိုတာကအစ ပြောပြလာတာမို့ စိတ်မှာ လက်မခံချင်ဘဲ လက်ခံလိုက်ရတယ်။ ဒါနဲ့ ညီမလေးနဲ့ ပတ်သက်တဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေကို ဖုန်းဆက်မေးကြည့်တော့ မကြားချင်တဲ့ အဖြစ်အပျက် အကြောင်းအရာတွေကိုပဲ ထပ်ခါတလဲလဲ ပြန်ကြားရပြန်တယ်လေ။ ဒါဆို ညီမလေး ဒီလောကကြီးထဲကနေ ရုတ်တရက်ကျောခိုင်းပြီး အပြီးတိုင် ထွက်ခွါသွားခဲ့တာ သေချာသွားခဲ့ပြီပေါ့။

ရင်ထဲမှာ ယူကြုံမရခြင်း၊နှမြောတသခြင်းတွေနဲ့ ညီမလေးရဲ့ဖုန်းကို လှမ်းခေါ်လိုက်မိတယ်။ အရင်ကဆို
“ ဟေး… အကို ဖုန်းဆက်လာတာလား” ဆိုပြီး ရွှင်မြူးတက်ကြွတဲ့အသံလေးနဲ့ စကားတွေတတွတ်တွတ်ပြောနေ တတ်တဲ့ ဖုန်းကလေးက ရုတ်တရက်တော့ ပိုင်ရှင်မဲ့စွာ၊ ကိုင်သူမဲ့စွာ တိတ်ဆိတ်ခြောက်သွေ့လို့နေတယ်။ နောက် နည်းနည်းကြာတော့မှ တဘက်ကဖုန်းကိုင်လိုက်သံကို ကြားရတယ်။ ပြီးတော့ နာရေးအခမ်းအနား တခုရဲ့ သတင်းမေးသူတွေ တရုန်းရုန်းနဲ့ အုတ်အုတ်ကျပ်ကျပ် အသံတွေကိုပါ တဆက်တည်း ကြားလိုက် ရတယ်လေ။ ဒါ … ညီမလေးရဲ့ နောက်ဆုံးခရီးအတွက် လာနှုတ်ဆက်နေကြတဲ့ လူတွေရဲ့ အသံတွေလား။ စိတ်ထဲမှာ လက်မခံ ချင်သေးဘူး။ ညီမလေး ဆုံးပါးသွားခဲ့တဲ့ အဖြစ်အပျက်မှာ အတူပါခဲ့တဲ့ ညီမလေးရဲ့ သူငယ်ချင်းတယောက်က မကြားချင်တဲ့ အကြောင်းတွေကိုပဲ နောက်ထပ်တခါ ဝမ်းပမ်းတနည်းနဲ့ ပြောပြနေ ခဲ့တယ်။ အဲဒီအဖြစ်အပျက် အကြောင်းအရာတွေကို နားမထောင်ရက်ပေမယ့် ဖြေမဆည်နိုင်ခြင်းများစွာနဲ့ သည်းခံပြီး နားထောင်ခဲ့ရတယ် ညီမလေး။ အခုအချိန်မှာတော့ ညီမလေးက အေးချမ်းတိတ်ဆိတ်စွာ အနားယူ အိပ်စက်နေခဲ့ပြီ။ ဆို့နင့်ကြေကွဲရမှု များစွာနဲ့ ကျစ်ရစ်ခဲ့ရသူတွေရဲ့အဖြစ်ကို ညီမလေးတယောက် မြင်တွေ့ ကြားသိ နိုင်ခွင့် ရှိနိုင်တော့မှာ မဟုတ်ပါဘူး။

အကို့အတွက်တော့ မိသားစုဝင်တယောက် ဆုံးရှုံးလိုက်ရသလို၊ ရဲဘော်ရဲဘက်တယောက် ကျဆုံး သွားခဲ့ပြန်ပြီပေါ့။ ရုတ်တရက်နှုတ်မဆက်ဘဲ ခွဲခွာသွားရက်တယ်လို့ ပြောရအောင်ကလည်း ညီမလေးမဆုံးခင် မနက်စောစော ၆ နာရီကျော်ကျော်လောက်မှာပဲ ထူးထူးခြားခြား အကို့ဆီ ဖုန်းဆက်လာခဲ့သေးတယ်နော်။ အကိုက “ ဘယ်လိုလဲ ညီမလေး စောစောစီးစီးကြီးပါလား။ ညက အကို့ကိုများ အိပ်မက်မက်လို့လား” လို့ စနောက်ပြီး မေးတော့ “ ဟုတ်တယ်။ ညက အကို့ကို အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ သူငယ်ချင်းတွေရယ် အကိုရယ်က အလှူပွဲတခုမှာ ရောက်နေကြတာတွေ့တယ်။ ဒါနဲ့ ဒီမနက် အိပ်ယာနိုးနိုးချင်း အကိုနဲ့ အိပ်မက်ထဲမှာပါတဲ့ သူငယ်ချင်းတွေကို သတိရလို့ ဖုန်းဆက်နေတာ” လို့ ပြန်ပြောခဲ့သေးတယ်နော်။ ပြီးတော့ အကိုနဲ့ ဆက်စပ်တဲ့ အလုပ်အကြောင်းတွေကိုလည်း ရှည်ရှည်ဝေးဝေး ပြောပြနေခဲ့သေးတယ်။ တကယ်တော့ ဒါဟာ ညီမလေးရဲ့ တဘဝစာနောက်ဆုံး နှုတ်ဆက်စကားတွေဆိုတာ အကို အခုအချိန်မှပဲ သိခွင့်ရခဲ့ပါပြီ။

“အင်တာနက်မသုံးဖြစ်တာကြာပြီ။ မြို့ပေါ်ခဏလာပြီး အင်တာနက်သုံးချင်တယ်” လို့ပြောတော့ အကိုကတောင် “အဲဒီဘက်က နီးစပ်ရာရွာတွေမှာ အင်တာနက်ဆိုင်တွေရှိတယ်လေ။ စာသင်ကျောင်းတွေဘာတွေ အနီးနား တဝိုက်မှာ ရှာကြည့်လိုက်ပေါ့။ အဝေးကြီးကနေ အပင်ပမ်းခံပြီး ဒီအထိလာနေစရာမလိုဘူးလေ” လို့တောင် စေတနာနဲ့ အကြံပေးခဲ့သေးတယ်။ အခုတော့ ညီမလေးရဲ့လိပ်ပြာလေးက ဘယ်ဆီမှာများ ပျံဝဲနေလိမ့်မလဲ။ ညီမလေးလာချင်နေတဲ့ ဒီမြို့လေးရဲ့အနီးဝန်းကျင်မှာပဲလား။ ဒါမှမဟုတ် ညီမလေးနေတဲ့ဒေသရဲ့ စာသင်ကျောင်း နားက အင်တာနက်ဆိုင်လေး နားမှာပဲလား။

အောက်တိုဘာမှာ ပြန်လာမယ်ပြောတဲ့ ညီမလေးရေ… အခုတော့ သန္တိသုခရပ်ဝန်းလေးထဲမှာပဲ ဘယ်တော့မှ ပြန်မလာစတမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပြီးတိုင် ခိုလှုံသွားခဲ့ပြီပေါ့။ ညီမလေးထမ်းဆောင်ခဲ့တဲ့ အဖွဲ့အစည်း တာဝန်တွေအားလုံးအတွက် တာဝန်ကျေပွန်မှုမှတ်တမ်းကို ဘယ်လိုစကားလုံးမျိုးနဲ့ သုံးနှုန်းပြီး တိတိပပ ရေးပြ နိုင်မှာပါလိမ့်။ လာမယ့်အောက်တိုဘာကျရင်ရော ညီမလေးပြန်လာရင်နေဖို့ စိတ်ကြိုက်တိုက်ခန်းလေး တခန်းကို အကို ကူညီပြီး လိုက်ရှာစုံစမ်းပေးရအုံးမှာလား။

ဟိုအရင် အကိုတို့ အိမ်ချင်းကပ်ရက်နေကြတုန်းက အကိုအလုပ်မအားလို့ ထမင်းစားချိန်မမှန်တဲ့အခါတိုင်း ထမင်းလာစားဖို့ နေ့နေ့ညည လိုက်ခေါ်ပြီး စေတနာထားကျွေးမွေးတတ်တဲ့ ညီမလေးရေ… ညီမလေးရဲ့ စေတနာဖြူစင်မှုတွေအတွက် ထပ်တူညီတဲ့ တုံ့ပြန်မှုတွေဘာတခုမှ မပေးနိုင်ခဲ့တဲ့ အကို့ကို ခွင့်လွှတ်ပါ။

အခုအချိန်ဆို ညီမလေးရဲ့ ဈာပနအခမ်းအနားလေးကို ဒေါနတောင်တန်းတွေရဲ့ တနေရာမှာ ခြောက်သွေ့ တိတ်ဆိတ်စွာ ကျင်းပနေကြရော့မယ်။ တောင်တန်းတွေကို ချစ်တဲ့ညီမလေး၊ တောင်တန်းတွေဆီကလာပြီး အဲဒီတောင်တန်းတွေဆီကိုပဲ အစောတလျင် ပြန်နှင့်သွားခဲ့ပေါ့။ ညီမလေးရဲ့ နောက်ဆုံးခရီးအတွက် ကိုယ်တိုင် လာပြီး နှုတ်ဆက်ချင်ပေမယ့် အခြေအနေအကန့်အသတ်တွေကြောင့် စာတစောင်ပေတဖွဲ့၊ ပန်းတခြင်း စကားတခွန်းနဲ့ နှုတ်ဆက် စကားမပြောနိုင်ခဲ့တာကို ခွင့်လွှတ်ပါညီမလေး။

ဂုဏ်ယူပါတယ် ညီမလေး…။ ခွဲခွါကျန်ရစ်သူတွေရင်ထဲက ညီမလေးအတွက် ဝမ်းနည်းပူဆွေးလို့ကျတဲ့ မျက်ရည်တစက်တိုင်းတစက်တိုင်းဟာ ပန်းပွင့်တွေသာဖြစ်ခဲ့ရင် ညီမလေးရဲ့နောက်ဆုံးခရီးမှာ လွမ်းသူ့ ပန်းတွေနဲ့သာ တင့်ဆန်းလျှမ်းဝေ နေမှာပါ။

ကြယ်တပွင့်အဖြစ် နေရစ်တော့ ညီမလေး…။ မပြီးဆုံးသေးတဲ့ တော်လှန်ရေးရဲ့ အနှိုင်းမဲ့ကောင်းကင် တနေရာမှာ…။ အကိုတို့ရည်မှန်းချက်တွေပြီးမြောက်အောင်မြင်တဲ့ နေ့တနေ့ကျရင်သာ ဟောဒီမြေကမ္ဘာကို နောက်ထပ်တခါ ပြန်လာခဲ့ပါညီမလေး….။ ပြန်လာခဲ့ပါ ညီမလေး…။

“စက်တင်ဘာလ (၃) ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားတဲ့ ညီမလေး ကောင်းရာသုဂတိ လားပါစေ။”

ရဲသွေး
နေ့လည် (၂း ၀၀)
စက်တင်ဘာ ၄ ၊ ၂၀၀၉။

Read More...

Thursday, September 3, 2009

အလွမ်းသင့် ကျိန်စာမြစ်ထဲက ပန်းတပွင့်၏ အတ္ထုပ္ပတ္တိ

ရဲရင့်သက်ဇွဲ
မေမေ …
ဒုက္ခကို အရောင်ဆိုးထားတဲ့ ခေတ်ပျက်ကြီးထဲမှာ
ကျနော်ဟာ အမေ့ရဲ့ဝန်ထုတ်ဝန်ပိုးကြီးပါ။
အမေပြောနေကျစကား
မိဘကျေးဇူး မသိတတ်တာလေးကလွဲလို့ 
အလွန်လိမ္မာတဲ့သား ၊ မှတ်မှတ်ရရမှတ်သားရင်း
တိတ်ဆိတ်စွာ သားကောင်အနံ့ကိုရတဲ့
မုဆိုးတယောက်ရဲ့ စိတ်လူပ်ရှားမှုမျိုးနဲ့ 
နှုတ်ဆက်ခွဲခွာ
အနာဂတ်သစ်တွေရှိမယ့်နေရာ
ထွက်ခွာသွားပေါ့ ။

နှစ်ဆယ့်တနှစ် တဲ့
အလွမ်းသင့်ကျိန်စာမြစ်ထဲမှာ
အကြိမ်ကြိမ်နစ်လို့
အိမ်ပြန်ချင်တဲ့ စိတ်မှာ
ကျနော်တမ်းတ
မေမေ့ အမည်နာမတခုသာ
ကြယ်ကြွေတွေကြားမှာ
သားတွေရဲ့ ကံကြမ္မာ
မေမေ့ရဲ့ ဝဋ်ကျွေးတွေများလား
ငမိုက်သားများကို ခွင့်လွှတ်ပါ။

မေမေ …
အိပ်မပျော်တဲ့ ညများမှာ
ကောင်းကင်ကိုမောကြည့်
ကြယ်တွေကို ရေတွက်ရင်း
လရဲ့မျက်နှာပြင်မှာ
သားတွေရဲ့ ပုံရိပ်ကိုရှာ
ဆွေးမြေ့စွာကြေကွဲ
အိပ်မက်တွေက သတိတရနဲ့
မေမေ့အပေါ် လဲပြိုပိကျ
ကျနော့်အပေါ် လဲပြုပိကျ ။

မေမေရေ …
ပြန်လည်ကြားယောင်မိပေါ့
(သူပုန်မိခင်တရား ၂၁နှစ်ကြာလည်းမခါး)
သူရဲကောင်းတို့ရဲ့ အမွေ
တဘ၀မှာ တခါသာ သေ
သားရေ …
တဘ၀မှာ တခါသာသေသတဲ့
အားကြီးတဲ့ ရန်သူရှေ့မှာ
နှမ်းတစေ့လောက်တောင်
အကြောက်တရားနဲ့ မဖောက်ပြားလေနဲ့
မေမေ့ကို ဖမ်းဆီးနှိပ်စက်
အဲဒီအတွက်လည်း စိတ်မပူနဲ့
မတရားတဲ့ အမိန့်အာဏာဟူသမျှ
တာဝန်အရ ဖီဆန်ကြရမှာပဲ မဟုတ်လား ။

နှစ်ဆယ့်တနှစ်လုံးလုံး
ဗေဒါပန်းထုံး နှလုံးမူပြီး
စောင့်ခဲ့ရတာပါ
အခုမှတော့
သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး
သန်းခေါင်ထက် ညဥ့်မနက်တော့ပါဘူး ။

ရဲရင့်သက်ဇွဲ

Read More...

Saturday, August 22, 2009

မဲဆောက်မြို့၊ ဟုံဖိုင်ကျေးရွာ လူထုစည်းရုံးရေး ဟောပြောပွဲ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း တာဝန်ရှိသူများနှင့် ဟုံဖိုင်ကျေးရွာအာဏာပိုင်များ စည်းရုံးရေးဟောပြောပွဲအပြီး အမှတ်တရ

ဟုံဖိုင်ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူမှ ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းပြနေစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း လှုပ်ရှားမှုမှတ်တမ်းတင် စီဒီများ၊ စာရွက်စာတမ်းများ လိုက်လံဝေငှနေစဉ်

Read More...

Wednesday, August 19, 2009

မဲဆောက်မြို့၊ ဟုံဖိုင်ကျေးရွာ လူထုစည်းရုံးရေးဟောပြောပွဲ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဗဟိုဦးဆောင်ကော်မတီ (၁) ရဲဘော်သိမ်းဆန်းမှ စည်းရုံးဟောပြောနေစဉ်

လူထုစည်းရုံးရေး ဟောပြောပွဲသို့ တက်ရောက်လာကြသော ရွာသူရွာသားများ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း တာဝန်ရှိသူများနှင့် ထိုင်းကျေးရွာအာဏာပိုင်များ


Read More...

ပြည်ချစ်မူလတန်းကျောင်း မိဘဆရာအသင်း အစည်းအဝေးမှတ်တမ်း

ပြည်သူ့ပြည်ချစ်ပါတီ၊ ပြည်ချစ်မူလတန်းကျောင်း မိဘဆရာအသင်း အစည်းအဝေးအပြီး ကျောင်းတာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသူကျောင်းသားများ အမှတ်တရ
ပြည်ချစ်မူလတန်းကျောင်း မိဘဆရာအသင်း အစည်းအဝေးတွင် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ဗဟိုဦးဆောင်ကော်မတီဝင် (၁) ရဲဘော်သိမ်းဆန်းမှ ဆွေးနွေးတင်ပြနေစဉ်

Read More...

မယ်ရမတ်မြို့နယ်၊ ပါလိုက်ကျေးရွာ လူထုစည်းရုံးရေးစကားဝိုင်း

Read More...

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းတာဝန်ရှိသူများနှင့် ထိုင်းကျေးရွာအာဏာပိုင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးစဉ်

Read More...

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း လူထုစည်းရုံးရေးဟောပြောပွဲ ကျင်းပပြုလုပ်

PVA/16 Aug 2009

မြန်မာပြည်သူများ အကျင့်စာရိတ္တမြင့်မားရေးနှင့် ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျှက်ရှိသော ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည် မဲဆောက်မြို့၊ ဟုံဖိုင်ကျေးရွာတွင် ကျေးရွာအာဏာပိုင်များ နှင့် ပူးပေါင်း၍ လူထုစည်းရုံးရေး ဟောပြောပွဲတခုကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဟောပြောပွဲသို့ ဒေသခံပြည်သူ (၁၀၀) ခန့်တက်ရောက်ခဲ့ပြီး အသင်းတာဝန်ရှိသူများမှ ပြည်သူ့ စေတနာ့ဝန်ထမ်းအသင်းအနေဖြင့် လှုပ်ရှားဆောင်ရွက်နေမှုများအား မိတ်ဆက်တင်ပြခဲ့သည်။ ကျေးရွာ အာဏာပိုင်များဘက်မှလည်း ရပ်ရွာအတွင်းနေထိုင်ကြသော ပြည်သူများအား စည်းကမ်းသေဝပ်စွာနေထိုင်ရေး၊ အကျင့်စာရိတ္တမြင့်မားလာစေရေးနှင့် ရာဇဝတ်မှုများ ပပျောက်စေရေးများကို အသီးသီးဆွေးနွေး ဟောပြော ခဲ့ကြသည်။

အခမ်းအနားတက်ရောက်သူတဦးဖြစ်သော ဟုံဖိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး လုံခမ်းကြိုင်လမှ “ ရပ်ရွာအတွင်းမှာ နေထိုင်ကြတဲ့ လူတွေအားလုံး အခုလို စုစုစည်းစည်းနဲ့ အခမ်းအနားတက်ရောက် လာတာတွေ့ရလို့ ဝမ်းသာပါတယ်။ ရွာထဲမှာနေကြတဲ့ မြန်မာပြည်သားအရေးကိစ္စများနဲ့ ပတ်သက်ပြီး ကျနော့်ဆီ အချိန်မရွေး အကူအညီတောင်းခံနိုင်ပါတယ် ” PVA သို့ ပြောသည်။

Read More...

Saturday, August 15, 2009

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ စည်းရုံးရေး စကားဝိုင်းများ ပြုလုပ်

PVA/14 Aug 2009

မြန်မာပြည်သားအရေးကိစ္စများအား ကူညီဆောင်ရွက်ဖြေရှင်းပေးနေသော မဲဆောက်အခြေစိုက် ပြည်သူ့ စေတနာ့ဝန်ထမ်းအသင်းမှ မယ်ရမတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နယ်မြေခံ ပြည်သူုများနှင့် တွေ့ဆုံကာ နယ်မြေစည်းရုံးရေး စကားဝိုင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တပ်ခရိုင်၊ မယ်ရမတ်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ဟွေးပုံ၊ မယ့်ကျလောင်း၊ ပါလိုက် ကျေးရွာများတွင် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း တာဝန်ရှိသူများမှ နယ်မြေခံလူထုများနှင့် တွေ့ဆုံပြီး အသင်း၏ဆောင်ရွက်မှု များအား မိတ်ဆက်တင်ပြခြင်းနှင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဆက်လက်တိုးချဲ့ ဖွဲ့စည်းနိုင်ရေးများကို ဆွေးနွေးခဲ့ပါသည်။ အဆိုပါ စည်းရုံးရေး စကားဝိုင်းများသို့ နယ်မြေခံလူထု (၇၀) ကျော် တက်ရောက်ခဲ့ကြပြီး ဒေသခံများမှ ရပ်ရွာဖွံ့ဖြိုးရေးအတွက် အသင်းအနေဖြင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ပါသည်။

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဗဟိုဦးဆောင်ကော်မတီဝင် (၂) ကိုစစ်ကိုနိုင်မှ “ မြန်မာပြည်ထဲမှာ ကြုံတွေ့နေရတဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် နီးစပ်ရာနိုင်ငံတွေကို ပုံစံအမျိုးမျိုးနဲ့ ဒုက္ခခံပြီး ဝင်ရောက် အလုပ်လုပ်ကိုင်နေကြရတဲ့ ကျနော်တို့ မြန်မာပြည်သားတွေအတွက် စုစည်းညီညွတ်ရေးက အင်မတန် အရေးကြီးပါတယ်။ စည်းလုံးမှုရှိရင် ဘာမဆိုလုပ်လို့ရနိုင်ပါတယ်။ အသင်းအနေနဲ့ ပြည်သူ့အရေးကိစ္စများကို တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက် ဖြေရှင်းပေးနေတဲ့အပေါ်မှာ ပြည်သူများကိုယ်တိုင် အရင်ထက်ပိုပြီး အင်စိုက်အားစိုက် ပါဝင်လာနိုင်ဖို့အတွက် အခုလို နယ်မြေစည်းရုံးရေးစကားဝိုင်းများကို ပြုလုပ်ရတာဖြစ်ပါတယ် ” ဟု PVA သို့ပြောသည်။

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအား ၂၀၀၄ ခုနှစ်တွင် ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လိုသော ဆန္ဒရှိသူများအားစုစည်းကာ မြန်မာ့စေတနာ့ဝန်ထမ်းအုပ်စု အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့အချိန်တွင် အသင်းဝင်နှင့် အဖွဲ့ဝင်အင်အား (၃၀၀) ကျော်၊ ဒေသဦးဆောင်ကော်မတီ (၅) ခုဖြင့် ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

Read More...

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းနှင့် ထိုင်းကျေးရွာအာဏာပိုင်များ လုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံညှိနှိုင်း

PVA/14 Aug 2009

မြန်မာပြည်သားအရေးကိစ္စများအား ကူညီဆောင်ရွက်ဖြေရှင်းပေးနေသော ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း တာဝန်ရှိသူများနှင့် ထိုင်းကျေးရွာအာဏာပိုင်များတွေ့ဆုံကာ ရပ်ရွာအတွင်း အုပ်ချုပ်ရေးနှင့် လူမှုရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မဲဆောက်မြို့၊ ဟုံဖိုင်ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ပြည်သူ့စေတနာ့ဝန်ထမ်း အသင်း ဗဟိုဦးဆောင်ကော်မတီဝင်များ၊ ဒေသဦးဆောင်ကော်မတီဝင်များနှင့် ဟုံဖိုင်ကျေးရွာသူကြီး လုံခမ်းကြိုင်လ ဦးဆောင်သော ထိုင်းကျေးရွာအာဏာပိုင်များ၊ ကျေးရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် နယ်မြေအတွင်းနေထိုင်ကြသော မြန်မာပြည်သားအရေးကိစ္စများနှင့် ပတ်သတ်ပြီး ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သည်များကို ဆွေးနွေးခဲ့ကြပြီး ထိုင်းကျေးရွာအာဏာပိုင်များဘက်မှလည်း ရပ်ရွာအတွင်း မြန်မာပြည်သားများ လိုက်နာရန် ချမှတ်ထားသော စည်းကမ်းများနှင့်ပတ်သက်၍ လိုအပ်သော အစီအစဉ်များကို ညှိနှိုင်းခဲ့ကြပါသည်။

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအနေဖြင့် ပြည်ပရောက် မြန်မာပြည်သားများ လွတ်လပ်လုံခြုံစွာ ရပ်တည် နေထိုင် အလုပ်လုပ်ကိုင်နိုင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာတွင် ဒေသဆိုင်ရာ ထိုင်းအာဏာပိုင် များနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျှက်သည့်အပြင် အလားတူ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးအတွက် မဲဆောက်၊ ဖုတ်ဖ၊ မယ်ရမတ်မြို့နယ်များရှိ ကျေးရွာများတွင်လည်း ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

Read More...

Tuesday, August 11, 2009

ထုတ်ပြန်ကြေငြာချက်များ

ရှစ်လေးလုံးအရေးတော်ပုံ (၂၁) နှစ်ပြည့် ထုတ်ပြန်ကြေငြာချက်

“ ဒီမိုကရေစီ ရရှိရေး ………. ဒို့အရေး ………. ဒို့အရေး”
“ အရေးတော်ပုံ ………. အောင်ရမည် ………. အောင်ရမည်”
ဟူသော ၁၉၈၈ ခုနှစ် လူထုအုံကြွတောင်းဆိုမှုနှင့်အညီ ရှစ်လေးလုံး လူထုတိုက်ပွဲဝင်မှုသည် ဒီမိုကရေစီမရ မချင်း ၊ အောင်ပွဲမရမချင်း တိုက်ပွဲဆက်လက်ရှင်သန်နေအုံးမည် ဖြစ်သည်။ ရှစ်လေးလုံးလူထုအရေးတော်ပုံ ကြီးသည် ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်သူရဲကောင်းတို့၏ အသက်သွေးတို့ဖြင့် အရင်းအနှီး ပေးခဲ့ရပြီး လူထုတရပ်လုံးပါဝင်သော ကြီးမားပြင်းထန်လှသည့် ကမ္ဘာကျော်သမိုင်းဝင် လူထုအရေးတော်ပုံကြီး ဖြစ်ခဲ့သော်လည်း အဘယ်ကြောင့် အောင်ပွဲမရရှိခဲ့သည်ကိုလည်းကောင်း၊ ယနေ့ထက်တိုင် အဘယ်ကြောင့် အောင်ပွဲ မရသေးသည်ကိုလည်းကောင်း ပြန်လည်သုံးသပ်သင့်ပေသည်။

ရှစ်လေးလုံးလူထုအရေးတော်ပုံ ပေါ်ပေါက်နေစဉ်ကာလအတွင်း တနိုင်ငံလုံးကို ဦးဆောင်ကွပ်ကဲနိုင်သော လူထုသပိတ်ဋ္ဌာနချုပ် မတည်ဆောက်နိုင်ခဲ့ခြင်း၊ စစ်တပ်အား ပြည်သူ့ဘက်ရပ်တည်ရေးအတွက် စည်းရုံး ဆွဲဆောင်နိုင်မှုမရှိခဲ့ခြင်း၊ အာဏာရအုပ်စုအား ချဉ်းကပ်၊ စည်းရုံး၊ ဖြောင်းဖျနိုင်မှု မရှိခဲ့ခြင်းတို့သည် ရှစ်လေးလုံး အရေးတော်ပုံ အဆုံးသတ်အောင်ပွဲ မရယူနိုင်ခဲ့သည့် အဓိကအကြောင်းရင်းများ ဖြစ်ပေသည်။ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးအား ပစ်ခတ်၊ သတ်ဖြတ်၊ နှိမ်နှင်း၊ ဖြိုခွဲခံရပြီးနောက်တွင် ဆက်လက်ရုန်းကန် တိုက်ပွဲဝင်မှု အသွင်သဏ္ဍာန်အမျိုးမျိုး၊ နည်းလမ်းအသွယ်သွယ် ဖြစ်တည်လာခဲ့ကြသော်လည်း စုစည်းညီညွတ်မှု အလွန် အားပျော့နေခြင်း၊ လူထုတရပ်လုံးလိုက်ပါနိုင်သည့် သေနင်္ဂဗျူဟာချမှတ်ဖော်ဆောင်မှု မရှိခြင်းတို့သည် အောင်ပွဲနှင့်ဝေးစေသော အဓိကအားနည်းချက်များ ဖြစ်ပေသည်။

ရှစ်လေးလုံး လူထုအရေးတော်ပုံ အောင်ပွဲမရယူနိုင်ခဲ့သောကြောင့် တစထက်တစ အခြေအနေဆိုးနေသော နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်သိသောအားဖြင့်လည်းကောင်း၊ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းတို့ အပေါ် သစ္စာတည်ကြည်သော အားဖြင့်လည်းကောင်း ရှစ်လေးလုံးတိုက်ပွဲဝင်စိတ်ဓာတ်ကို အခိုင်အမာ ကိုင်စွဲလျှက် အင်အားစုအသီးသီးပါဝင်သော အောင်ပွဲသို့ဦးတည်သည့် သေနင်္ဂဗျူဟာတရပ်ကို ချမှတ် ဖော်ဆောင်ကာ တိုက်ပွဲဝင်သွားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဒီမိုကရေစီအရေးတော်ပုံ မုချ အောင်ရမည်။

ဗဟိုဦးဆောင်ကော်မတီ
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း
သြဂုတ်လ ၈ ရက်၊ ၂၀၀၉ ခုနှစ်။

Read More...

ကဗျာ

နွေဦးမှာ ဖူးခွင့်မရတဲ့သစ်ပင်

ဒါ… ရှစ်ဆယ့်ရှစ်
နှစ်ဆယ့်တနှစ်ပြည့်ခဲ့ပြီ။
အအေးခန်းထဲက
သွေးနွေးသတ္တဝါတွေသာ
ဆူပွက်နေကြ…။

ဒါ… ရှစ်ဆယ့်ရှစ်
နှစ်ဆယ့်တနှစ်ပြည့်ခဲ့ပြီ။
နဖူးကချွေး ခြေမ ကျရင်တောင်
ပန်းတို့ပွင့်လောက်ပြီ။

ဒါ… ရှစ်ဆယ့်ရှစ်
နှစ်ဆယ့်တနှစ်ပြည့်ခဲ့ပြီ။
ဆုံချက်မရှိတော့
သူခိုးထင်ခဲ့တဲ့ သားမက်က
အမှန်တကယ် ဇရက်ဖြစ်နေလေရဲ့။

ရဲသွေး
၂၀၀၉ သြဂုတ် ၈ ရက်

Read More...

Friday, August 7, 2009

ကဗျာ

ကြယ်တာရာစစ်ပွဲ

ညရဲ့သစ်ပင်မှာ
တိတိပပ ပွင့်ဖူးခဲ့ပါရက်နဲ့
မမြင်နိုင်တဲ့ဆွဲအား
ကြယ်တွေကြွေစေသတဲ့လား။

ဟောဒီ စကြာဝဌာအခင်းအကျင်းမှာ
ရှင်းရှင်းလင်းလင်းနဲ့
အချင်းချင်းမထိခိုက်ကြကြေး
အသွေးအရောင်အမျိုးမျိုး
ကိုယ့်ဝင်ရိုးနဲ့ကိုယ်
လွတ်လွတ်လပ်လပ် လည်ပတ်ခွင့်ရှိတယ်လေ။

တွန်းတိုက်ပွန်းရှ
အစအနတွေအားလုံးက
ဂြိုလ်ပြာကြီးအတွက်
တောအထပ်ထပ်
တောင်အသွယ်သွယ်
ပင်လယ်အစင်းစင်း
ကန္တာရတွေ တကွင်းပြီးတကွင်း
ရင်တွင်းမှာ သွေးချင်းချင်းနီစေတယ်။

နေတွေလတွေ ကြတ်ပြီးရင်
ကမ္ဘာမကြတ်ပါဘူးလို့
ဘယ်သူပြောနိုင်မလဲ။

စိတ်ကူးတွေတောင်ပံတပ်လို့
ဘာသာရပ်တွေရွက်လွှင့်ကြ
ဒီအရပ်မှာ လေတိုက်အားပြင်းတယ်။

ရဲသွေး

Read More...

ကဗျာ

ညရဲ့ပင်လယ်

စီးပွားဖြစ်တော့ မဟုတ်ခဲ့ဘူး
အိပ်စက်ခြင်းကို အခိုးခံနေရမယ့်အတူတူ
ညကို ကဗျာထဲ ဖိတ်ခေါ်လိုက်မိရဲ့။

ကျနော်ဟာ ညထဲမှာစီးမျော
ညဟာ ကဗျာထဲမှာစီးမျော
တသွေးတသားတည်းရှိရာအရပ်မှာ
ပင်လယ်ဟာ အရုဏ်ဦးဖြစ်ရင်
အနားသတ်ကမ်းစပ်က နေ့သစ်တရက်ပေါ့။

ကဲ... မိုးမလင်းခင် ကူးခတ်ဦးစို့လား။ ။

ရဲသွေး

Read More...

ကဗျာ

People Volunteers’ Association

ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း ဆိုတာ
အမှောင်ကိုခွင်း အလင်းကိုဆောင်
ယောင်တောင်တောင် အတတ
မြန်မာပြည်သားတွေရဲ့ ဘဝတွေကို
ရသတွေ ဖြည့်စွက်
အနာဂတ် လှပဖို့အတွက်
ရှေ့ဆောင် လမ်းညွှန်
ကြယ်ဓူဝံ လို့
တမ်းတခေါ်ဖို့
ဖြစ်တည်လာတယ်။

စေတနာ့ ဝန်ထမ်း
လက်ဆင့် ကမ်းပြီး
ဝေးလံခေါင်ဖျား ရွာတွေသွားလို့
စက်ရုံတွေ ဆင်း
ဟောပြောခြင်းနှင့်…။

ဓမ္မအလင်း ၊ မြန်မာ့သတင်း၊ ကမ္ဘာ့သတင်း
စာပေဖြန့်ဝေ လုပ်ဆောင်ချက်တွေ
လူမှုရေးစုံ ၊ ကျန်းမာရေး အကုန်
တမျိုးနဲ့တမျိုး
မရိုးရအောင်
ကြိုးစားဖြေရှင်း ကုသရင်းနှင့်…။

မြန်ပြည်သားများ အားကိုးစရာ
PVA အသင်းကြီး
အဓွန့် ရှည်ပါစေ။

ကျော်ကျော် (အကောင်းဆုံး မြေသြဇာ)
PVA - 0017

Read More...

Saturday, July 25, 2009

ကဗျာ

ချစ်သူသို့...

̒ ငါ့ကို ယုံကြည်သောသူသည်
သေလွန်သော်လည်း ရှင်လိမ့်မည် ̕

အချစ်ကို ယုံမိတော့
ဘ၀မှာ အခါခါသေခဲ့ဘူးတယ် ချစ်သူ။

လိုတာမရ ရတာမလို
ဖြစ်ချင်တာထက်
ဖြစ်သင့်တာကိုဦးစားပေး
ရွေးခဲ့တဲ့ဘ၀အရေးမှာ
အတ္တတွေလဲ တဖြည်းဖြည်းနဲ့
ခပ်ဝေးဝေးမှာ
ငေးကျန်ရစ်ခဲ့ပေါ့။

ဆန္ဒနဲ့ဘဝ
အတ္တနဲ့ ပရ
အတူတကွ ပေါင်းစည်းခွင့်ရမယ်ဆိုရင်...

ဘ၀ပျိုးခင်းကို
ချစ်ခြင်းဖြင့် ဖန်ဆင်းခွင့်ပေးပါ ချစ်သူ။

အနာဂတ်မြေကွက်လပ်ကို
ရင်ဘတ်နဲ့ ထွန်ယက်ခွင့်ပြုပါ ချစ်သူ။

နှလုံးသွေးနဲ့ဖြစ်တည် စီးဆင်းခဲ့ရာ
သမုဒ္ဒယမြစ်နှစ်စင်းကို
ဝေဒနာဝဲဂယက်မှ
ဆန်တက်ဆုံဆည်းခွင့်ပြုပါ ချစ်သူ။

ဝိရောဓိပြတင်းကို ထွင်းဖောက်
အလင်းတပေါက်အဖြစ်
မျှဝေခံစားခွင့်ပေးပါ ချစ်သူ။

အနတ္တသဘောကို စောကြော
ခံနိုင်ရည်နဲ့ရှင်သန်
ပုက္ကလဓိဌာန်မှာ
တသက်တာအမြင်မှန်ခွင့်ပေးပါ ချစ်သူ။

အချစ်ကိုယုံပြီး
ယုံကြည်ချက်ကို ချစ်တယ်။

အချစ်ကို ယုံမိတော့
နှလုံးသားတွေ အကြိမ်ကြိမ်ကြွေ
ဘ၀မှာ အခါခါသေဘူးခဲ့ပြီလေ။ ။

ရဲသွေး
၁၅ ဇူလိုင် ၂၀၀၈



Read More...

Wednesday, July 22, 2009

လှုပ်ရှားမှုဓာတ်ပုံ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ရဲဘော်သိမ်းဆန်းမှ အာဇာနည်နေ့အခမ်းအနားတွင် အမှတ်တရစကားပြောကြားနေစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ်(၄)၊ အမှတ်(၅) ဒေသ ဦးဆောင်ကော်မတီဝင်အစည်းအဝေးကျင်းပနေစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း တာဝန်ရှိသူများနှင့် အမှတ်(၅) ဒေသ အသင်းဝင်များ အမှတ်တရ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဗဟိုဦးဆောင်ကော်မတီဝင်များနှင့် အမှတ်(၅) ဒေသ ဦးဆောင်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်နေစဉ်

Read More...

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ်(၅)ဒေသ ကော်မတီ(ယာယီ)အား တိုးချဲ့ဖွဲ့စည်း

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ်(၅)ဒေသဦးဆောင်ကော်မတီဝင်များနှင့်အသင်းဝင်အချို့အား အစည်းအဝေးအပြီး တွေ့ရစဉ်

PVA/ 21 July 21, 2009


ပြည်သူ့အရေးကိစ္စများအား ပြည်သူများကိုယ်တိုင် ဦးဆောင်ပါဝင်နိုင်ရန် အစဉ်တစိုက် ဦးတည်ကြိုးပမ်း နေသော ပြည်သူ့စေတနာ့ဝန်ထမ်း အသင်း၏ဒေသကော်မတီ တိုးချဲ့ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးတရပ်ကို မယ်ရမတ် မြို့နယ်၊ မယ့်ကျလောင်းကျေးရွာတွင် ဇူလိုင်လ (၂၁)ရက်နေ့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ကျေးရွာအာဏာပိုင်များ၊ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဗဟိုဦးဆောင် ကော်မတီဝင်များ၊ အမှတ်(၄)ဒေသ ဦးဆောင်ကော်မတီဝင်များ၊အသင်းသူအသင်းသားများနှင့် စိတ်ပါဝင်စားသူ ဒေသခံပြည်သူ ၅၀ ကျော် တက်ရောက်ခဲ့ပြီး အစည်းအဝေးအပြီးတွင် ဒေသဦးဆောင်ကော်မတီဝင်(၆) ဦး ပါဝင်သော အမှတ်(၅) ဒေသကော်မတီ(ယာယီ)အား အောင်မြင်စွာတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါသည်။

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအနေဖြင့် ၄င်းအခြေစိုက်ရာ မဲဆောက်မြို့နယ်အပါအဝင် မယ်ရမတ်မြို့နယ်၊ ဖုတ်ဖမြို့နယ်များတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး အသင်းဝင်သစ်များနှင့် ဒေသကော်မတီများအား တိုးချဲ့ဖွဲ့စည်းခဲ့ရာတွင် ယခုဆိုလျှင် အမှတ်(၅)ဒေသအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပြီး အသင်း၏စည်းရုံးရေးနှင့် အခြားလုပ်ငန်းများအား ပိုမိုကျယ်ပြန့်စွာဆောင်ရွက်သွားနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းလျှက်ရှိကြောင်း သတင်း ရရှိပါသည်။

Read More...

Monday, July 13, 2009

ကဗျာ

တာဝန်ပေးတဲ့သမိုင်းများ

ပဉ္စလက်ရာသီမှာ
မုတ်သုံသစ်တောတွေက
စိမ်းလန်းခြင်းကို လုယက်ခံထားရသတဲ့။

ကျေးဇူးပဲ အယ်လ်ဂိုး*ရေ…
အကျိုးစီးပွားနဲ့ အပေးအယူလုပ်တဲ့ခေတ်မှာ
ကမ္ဘာကြီးက ပူနွေးလာသလောက်
အတ္တတွေက အေးခဲသွားကြတယ်။
အမှန်တရားက ခါးသက်သလောက်
မုသားက ချိုမြိန်တယ်။
မျက်လုံးတွေက ပိုစိမ်းလာသလောက်
တော်လှန်ရေးက အပေါစားဆန်လာတယ်။

ဒါ…ကျနော်တို့ထုဆစ်တဲ့
ကမ္ဘာသစ်ရဲ့ ပုံရိပ်စစ်တွေလား။

နေလုံးထမ်းထားတဲ့ခေတ်ကြီးကို
အလျားလိုက်ဖြတ်ကူးဖို့
ကျနော်တို့ရဲ့ပုခုံးပေါ်ကို
သမိုင်းက တာဝန်တွေပစ်တင်ပေးလိုက်တယ်။ ။

ရဲသွေး

အယ်လ်ဂိုး* အမေရိကန် ဒုတိယသမ္မတဟောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကျွမ်းကျင်ပညာရှင်

Read More...

လှုပ်ရှားမှုဓာတ်ပုံ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဗဟိုဦးဆောင်ကော်မတီဝင်များနှင့် အမှတ်(၄)ဒေသ၊ ဒေသဦးဆောင်ကော်မတီဝင်များ အစည်းအဝေးကျင်းပနေစဉ်

ပြည်သူ့စေနာ့ဝန်ထမ်းအသင်း ဗဟိုဦးဆောင်ကော်မတီဝင်များနှင့် အမှတ်(၄) ဒေသ အသင်းသူ၊အသင်းသားများ ရင်းရင်းနှီးနှီးတွေ့ဆုံစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဗဟိုဦးဆောင်ကော်မတီဝင်များ၊ အမှတ်(၄)ဒေသဦးဆောင်ကော်မတီဝင်များနှင့် တောင်ပေါ်ကျောင်းဆရာတော်တို့ အမှတ်တရစကားဝိုင်း


ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ်(၄)ဒေသဦးဆောင်ကော်မတီဝင်များ ဝါဆိုသင်္ကန်းကပ်လှူနေစဉ်

Read More...

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းစုပေါင်းရှင်ပြု၊ရဟန်းခံပွဲ

Read More...

သတင်း

ဒီကေဘီအေမှ မြဝတီမြို့နယ်ရှိ ရွာသားများကို အဓမ္မပေါ်တာဆွဲပြီး တပ်သားသစ်စုဆောင်းနေ

PVA/ July 13, 2009

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူထားသော ကရင်ဗုဒ္ဓဘာသာအဖွဲ့ ဒီကေဘီအေမှ မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အကြားရှိ ဝှေ့ရှမ်း၊ မယ်ပလဲစသော အုပ်ချုပ်ရေးနှင့်အလှမ်းကွာဝေးသည့် ကျေးရွာများမှ ရွာသားများအား ၄င်းတို့၏ စစ်ဆင်ရေးတွင် အသုံးပြုရန်အတွက် အတင်းအဓမ္မလုပ်အားပေးခေါ်ဆိုပြီး ကာယကံရှင်ဆန္ဒမပါဝင်ဘဲ စစ်ထဲသွင်းကာ တပ်သားသစ်များအဖြစ် စုဆောင်းနေကြောင်း သိရှိရပါသည်။

၎င်းအဖြစ်အပျက်အားကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မြဝတီမြို့ခံတဦးမှ “ပေါ်တာဆွဲတာတောင် မဟုတ်ပါဘူး။ အမှန် တကယ်ကတော့ ပေါ်တာဆွဲတာက အကြောင်းပြချက်တခုပါ။ တကယ့်ဖြစ်ရပ်မှန်က ၁၀ ရက်လောက် စစ်သင်တန်းပေး လက်နက်ကိုင်ခိုင်းပြီးတော့ ကေအန်ယူကို တိုက်တဲ့နေရာမှာ သူတို့ရဲ့ရှေ့ကနေ တက်ခိုင်းနေတာပါ” ဟု PVA သို့ ပြောကြားခဲ့သည်။

လွန်ခဲ့သော မေလကုန်ခါနီးမှစ၍ နအဖနှင့် ဒီကေဘီအေတို့ပူးပေါင်းကာ ကေအန်ယူ တပ်မဟာ (၇) အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီကေဘီအေ တပ်မဟာ (၅၅၅) နှင့် (၃၃၃) တို့သည် ညောင်လေးပင်ခရိုင်အတွင်းရှိ ကေအန်ယူတပ်စခန်းများအား တိုက်ခိုက်ရန် ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

Read More...

Friday, July 10, 2009

သတင်း

နအဖတပ်အရာရှိတဦး လွတ်မြောက်နယ်မြေသို့ ထွက်ပြေးခိုလှုံ

PVA/19 June 2009

တပ်မ(၇၇)လက်အောက်ခံ၊ ခမရ(၂၀၆) မှ ဗိုလ်ကြီး အဆင့်ရှိ သူရနိုင်သည် (၁-၆-၀၉) နေ့တွင် အထက် အရာရှိများ၏ ဖိနှိပ်မှုကို မခံမရပ်နိုင်တော့သဖြင့် လွတ်မြောက်နယ်မြေသို့ ထွက်ပြေးရောက်ရှိလာပြီး ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသို့ ခိုလှုံအကူအညီတောင်းခံခဲ့ပါသည်။

ဗိုလ်ကြီးသူရနိုင်သည် မြဝတီမြို့ အနီးရှိ မယ်ထော်လေး (ရှေ့တန်း)တပ်စခန်းတွင် ကွပ်ကဲတာဝန် ထမ်းဆောင် နေရာမှ ထွက်ပြေးလာခြင်း ဖြစ်သည်။ နအဖတပ်အတွင်း၌ အထက်အရာရှိ အဆင့်ဆင့်၏ ဖိနှိပ်မှု၊ နိုင်ထက်စီးနင်းလုပ်မှု၊ မတော်မတရားလုပ်မှုများကို ဆက်လက် သည်းမခံနိုင် တော့သဖြင့် တပ်စခန်းမှ စွန့်ခွါ ထွက်ပြေးလာကြောင်း သိရသည်။

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ဗိုလ်ကြီးသူရနိုင်အား ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးခဲ့ပြီး မျိုးချစ်စစ်သည်ဟောင်းများအဖွဲ့သို့ ဆက်သွယ်ပေးပို့ခဲ့ပါသည်။

Read More...

သတင်း

ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွစွာလှုပ်ရှားခဲ့သော
ရဟန်းတော်တပါး လွတ်မြောက်နယ်မြေသို့ ရောက်ရှိ
PVA/19 June 2009

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး သံဃာ့လှုပ်ရှားမှုအတွင်း သာသနာ့ အလံကိုင်ဆောင်ကာ ရှေ့ဆုံးမှ တတ်ကြွစွာပါဝင်လှုပ်ရှားခဲ့သော ဦးနန္ဒာစရိယသည် မြန်မာပြည်တွင်းမှ ထွက်ပြေးတိမ်းရှောင်လာရပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ၁၉-၆-၀၉ ရက်နေ့တွင် ရောက်ရှိခဲ့သည်။

လွတ်မြောက်နယ်မြေသို့ ရောက်ရှိပြီးနောက် ဒေသခံပြည်သူများ၏ ကူညီအကြောင်းကြားပေးမှုဖြင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ဦးနန္ဒာစရိယအား အေးချမ်းစွာ သီတင်းသုံးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Read More...

ထုတ်ပြန်ကြေငြာချက်များ

၂၀၀၉ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ကဘန်ကောက်မြို့ Amari Watergate Hotel တွင် National Conference on labour Migration ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအရေး ကိစ္စ ညီလာခံတွင် ဆွေးနွေးခဲ့သော (Thailand Approves a New Registration Round for Irregular Migrant Workers from Myanmar / Burma, Lao and Cambodia) အား အခြေခံလူထု လူ့အခွင့်အရေး ပညာပေးရေး ဌာန လက်အောက်ရှိ မှတ်တမ်းဌာနမှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ မိမိတို့နှင့် နီးစပ်ရာ အဖွဲ့အစည်းများ ရွှေ့ပြောင်းအလုပ်သမားများသို့ ပြန်လည် လက်ဆင့်ကမ်း ဝေငှပေးကြပါရန် နှိုးဆော် အပ်ပါသည်။

ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ သတင်းအချက်အလက်ဇွန်လ၊ ၂၀၀၉ ခုနှစ်
အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိသေးသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများ အတွက် အလုပ်လုပ်ခွင့် မှတ်ပုံတင်ခြင်းကို ထိုင်းအစိုးရမှ အတည်ပြု ထုတ်ပြန်ချက်

၂၀၀၈ခုနှစ် စာရင်းဇယားအရ ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား ဦးရေမှာ ၁ သန်းနှင့် ၈ သိန်း (၁.၈) သန်းခန့်ရှိသည်။ ထိုရွှေ့ပြောင်းအလုပ်သမားများအနက် အလုပ်သမား ငါးသိန်းခန့် သာလျှင် ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်ခွင့်ကို မှတ်ပုံတင်ထားသည်။ ထိုင်းအစိုးရအနေနှင့် လည်း နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်လက်ခံ အလုပ်လုပ်ခွင့်ပြုသော အိမ်နီးချင်း နိုင်ငံ အားလုံးနှင့်အတူ MOUs စာချုပ်ကို လက်မှတ်ရေးထိုးပြီး ဖြစ်သည်။ ထို့ပြင် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ် ခွင့် မှတ်ပုံတင်ထားပြီးဖြစ်သော ရွှေ့ပြောင်းအလုပ်သမားများ၏ သက်ဆိုင်ရာအစိုးရများက ၎င်းတို့၏ နိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုထောက်ခံသည့် အခြေအနေများ ပေါ်မူတည်၍လည်း ထိုင်းအစိုးရ အနေနှင့် MOU (နားလည်မှု စာချွန်လွှာ) တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထိုင်းအစိုးရအနေနှင့် အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားခြင်း မရှိသေးသော ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်အလုပ်လုပ်ခွင့် မှတ်ပုံတင်ခြင်း (နောက်ဆုံးအကြိမ်)ကို (၇)လပိုင်း (ဇုလိုင်လ)တွင် စတင်ပြီး လက်ခံဆောင်ရွက်ပေးသွားရန်နှင့် မှတ်ပုံမတင်ရသေးသော ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း၌ ၂၀၁၀ ဖေဖော်ဝါရီလ (၂၈)ရက်နေ့အထိသာ နေထိုင်ခွင့်ပြုမည်ဟု ဆုံးဖြတ်ချက် ချပြီးလည်း ဖြစ်သည်။

၂၀၀၉ခုနှစ် မေလ ၂၆ ရက်နေ့က ကျင်းပခဲ့သော ထိုင်းအစိုးရ၏ ထိပ်သီအစည်းအဝေးတွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ထိုင်းနိုင်ငံအတွင်းသို့ နည်းလမ်းတကျ မှတ်ပုံတင်ခြင်းမရှိဘဲ လာရောက် အလုပ်လုပ်ကိုင် နေကြသော ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင် အလုပ်လုပ်ခွင့်ကို မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုဆုံး ဖြတ်ချက်အရ တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမားများသည် ကဏ္ဍ (၆)ခုမှာ ငါးဖမ်းလုပ်ငန်း၊ အိမ်တွင်း၊ မှုလုပ်ငန်းနှင့် အခြားကဏ္ဍများ ဖြစ်သည်။ ထိုင်းနိုင်ငံ အတွင်း၌ရှိသော လူမှုရေးအဖွဲ့အစည်းများနှင့် ကြော်ငြာ လုပ်ငန်းများအပါအ၀င် ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနက လာမည့် အပတ်များတွင် အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ တရားဝင် ထုတ်ပြန်ကြေငြာသွားရန်ရှိသည်။

မှတ်ပုံတင်မည့် ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို တရားမ၀င် အလုပ်သမားများ စီမံအုပ်ချုပ်မှုဆိုင်ရာ အမျိုးသားကော်မတီ (National Committee on Illegal Worker Administration) က ရေးဆွဲပြီး ဖြစ်သည်။ တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရာတွင် အလုပ်လုပ်ခွင့်ကဒ် လက်ဝယ်ရောက်ရှိမည့် အဆင့်အထိ စုစုပေါင်း အဆင့်သုံးဆင့်ဖြင့် မှတ်ပုံတင်ရန် ဖြစ်သည်။ ထိုအဆင့်သုံးဆင့်မှာ အောက်ဖော်ပြပါ အတိုင်းဖြစ်သည်။

၂၀၀၉ ခုနှစ် ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ရမည့်ပုံစံအဆင့်ဆင့်

အဆင့်(၁)ယာယီနေထိုင်ခွင့် မှတ်ပုံတင်ခြင်း (၂၀၀၉ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ထိ)

ထိုင်းနိုင်ငံအတွင်းရှိ စံနစ်တကျမရှိသော ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်လုပ်ခွင့် ကဒ်ကို မလျှောက်ထားမီ (အလုပ်လုပ်ခွင့်ကဒ် လျှောက်ထားရန်အတွက်) အလုပ်သမားသန်းခေါင်စာရင်း မှတ်ပုံတင် စာရွက်ကို အရင်ဦးဆုံး ရှိရမည်။ ထိုစာရွက်ကို ထော်လော် ၃၈/၁ ဟုခေါ်သည်။ ထော်လော် ၃၈/၁ ဆိုသည်မှာ အလုပ်သမား သန်းခေါင်စာရင်းကို ခေါ်ခြင်းဖြစ်သည်။

မိမိတို့၏ အလုပ်ရှင်ထံမှ အလုပ်ခန့်ထားကြောင်း စာရွက်စာတမ်း (အလုပ်ရှင်၏ လက်မှတ်ဖြင့်) ရရှိထား ရွှေ့ပြောင်း အလုပ်သမားများသည် မိမိတို့ အလုပ်လုပ်နေသော မြို့နယ်၊ တိုင်း၊ ခရိုင် ၊ မြူနီစပယ် နယ်နိမိတ်တို့တွင် ရှိသော အလုပ်သမားရုံးများသို့ (အလုပ်ခန့်ထားကြောင်း စာရွက်စာတမ်းကို ကိုင်၍) ကိုယ်တိုင် သွားရောက် အကြောင်းကြားရမည်။

ထိုသို့ သွားရောက်အကြောင်းကြားသောအခါ လုပ်ဆောင်ရမည့် အရာသုံးခုမှာ
(၁) ပတ်စ်ပို့ဓါတ်ပုံပေး၍ လက်ဗွေရာ နှိပ်ရမည်။
(၂) ဂဏန်း ၁၃လုံးပါ မိမိ မှတ်ပုံတင်နံပါတ်တစ်ခုရှိရမည်။
(၃) ဓါတ်ပုံဖိုးနှင့် မှတ်ပုံတင် စာရွက်စာတမ်းဖိုးအတွက် ထိုင်းဘတ်ငွေ ၈၀ ပေးရမည်။
ထိုအချက်အလက် အားလုံးကို ပြည့်စုံစွာ လုပ်ပြီးပါက အလုပ်သမား သန်းခေါင်စာရင်းကို ရရှိမည်။

မှတ်ချက်။ ။ထိုသန်းခေါင်စာရင်းသည် မှတ်ပုံတင်လိုက်သော အလုပ်သများ၏ သားသမီးမျာနှင့် မှီခိုသူများ အတွက အကျုံးအ၀င်ပါ။ ရွှေ့ပြောင်းအလုပ်သမားများသာလျှင် ထိုသန်းခေါင်စာရင်း စာရွက်စာတမ်းကို လျှောက် ထားနိုင်သည်။ ထိုသန်းခေါင်စာရင်း ရရှိခြင်းသည် အလုပ်လုပ်ခွင့်ကဒ် (ဘတ်)ရသည် မဟုတ်ပါ။ ထိုစာရွက်စာ တမ်းသည် ထိုင်းနိုင်ငံအတွင်း၌ အလုပ်လုပ်ခွင့်စာရွက်စာတမ်းမဟုတ်သလို ထိုင်းနိုင်ငံအတွင်း၌ နေထိုင်ခွင့်ပြုသည့် စာရွက်စာတမ်းလည်း မဟုတ်ပါ။ အကယ်၍ အလုပ်သမားသည် အလုပ်လုပ်ခွင့် ကဒ်(ဘတ်) လည်းရှိ၊ သန်းခေါင်စာရင်း စာရွက်စာတမ်းလည်း ရှိသော် ၎င်းသည် ထိုင်းနိုင်ငံအတွင်း၌ ၂၀၁၀ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိသာ နေထိုင်ခွင့်ရှိသည်။ မိမိနိုင်ငံမှ နိုင်ငံသား ဖြစ်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ရှိ၍ ထိုင်းနိုင်ငံအလုပ်သမားရုံးတွင် မှတ်ပုံတင်ပြီးသော ရွှေ့ပြောင်းအလုပ်သမားများသာလျှင် ထိုင်းနိုင်ငံအတွင်း ကြာရှည်စွာ နေထိုင်ခွင့်ပြုမည် ဖြစ်သည်။

အဆင့်(၂) ကျန်းမာရေး စစ်ဆေးခံခြင်းနှင့် အာမခံကြေးပေးသွင်းခြင်း (၂၀၀၉ ခုနှစ် ဇူလိုင်လ ၁ ရက်မှ - ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့အထိ)

အလုပ်သမားများအနေနှင့် အထက်ဖော်ပြပါ အလုပ်သမား သန်းခေါင်စာရင်း ရရှိပြီးသည်ရှိသော် ကျန်းမာရေး စစ်ဆေးခံရမည် ဖြစ်ပြီး ထိုင်းနိုင်ငံလူထုကျန်းမာရေးဌာနသို့ ကျန်းမာရေးအာမခံကြေးငွေကို ပေးသွင်းရမည်။ ကျန်းမာရေး စစ်ချက် မှတ်တမ်းစာရွက်နှင့် ကျန်းမာရေး အာမခံကြေးငွေ ပေးသွင်းခြင်းတို့သည် အလုပ်လုပ်ခွင့် ကဒ် (ဘတ်) ရရှိရန် ကြိုတင်ပြုလုပ်ထားရမည့် အရာများဖြစ်သည်။ထိုင်းနိုင်ငံ လူထုကျန်းမာရေး ဌာနအနေနှင့် ကျန်းမာရေးစစ်ဆေးရာတွင် အောက်ပါ အဆင့်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
(၁) ရွှေ့ပြောင်းအလုပ်သမား၏ ကျန်းမာရေးစစ်ဆေးရာတွင် အဆင်ပြေစေမည့် နည်းလမ်းကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များကို ရွေးချယ်ဆောင်ရွက်ပေးသွားမည်။
(၂) ကျန်းမာရေးဆိုင်ရာ လိုက်နာဖွယ်ရာ အချက်အလက်များကို ညွှန်ကြားပေးမည်။
(၃) ကျန်းမာရေး ဆေးစစ်ချက်မှတ်တမ်းကို အလုပ်သမားအား ထုတ်ပေးမည်။
(၄) ကျန်းမာရေးစစ်ဆေးမှုနှင့် ကျန်းမာရေး အာမခံကြေးငွေကို အလုပ်သမားထံမှ ကောက်ခံမည်။
(၅) ကျန်းမာရေးဆေးစစ်ချက် လက်မှတ်ကို ထုတ်ပေးမည်။

အလုပ်သမားသော်လည်းကောင်း၊ ၎င်း၏အလုပ်ရှင်သော်လည်းကောင်း အောက်ပါ အခကြေးငွေများကို
ကုန်ကျခံရမည်။

(၁) ကျန်းမာရေး စစ်ဆေးခြင်းအတွက် ထိုင်းဘတ်ငွေ ၆၀၀
(၂) ကျန်းမာရေး အာမခံကြေးအတွက် ထိုင်းဘတ်ငွေ ၃၀၀
နောက်ဆုံးအဆင့်သည် အလုပ်လုပ်ခွင့်လျှောက်ထားခြင်းဖြစ်သည်။
အလုပ်လုပ်ခွင့်လျှောက်ထားရာတွင် အထက် ဖော်ပြပါ အဆင့်(၁)နှင့် (၂) တို့တွင် ပြုလုပ်ရမည်ဖြစ်သော အရာ
အားလုံးကို အောင်မြင်စွာ ပြုလုပ်ပြီးစီးသွားသူ များသာလျှင် အလုပ်လုပ်ခွင့်ကို လျှောက်ထာနိုင်သည်။ အလုပ်လုပ်ခွင့်ည် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး အတွက် ထိုင်းနိုင်ငံအတွင်း၌ ယာယီနေထိုင်ခွင့်နှင့် အလုပ်
လုပ်ခွင့်ကို ရရှိခြင်းဖြစ်သည်။ အကယ်၍ အလုပ်လုပ် ခွင့်ကို လျှောက်ထားသော ရွှေ့ပြောင်းအလုပ်သမား
တစ်ယောက်သည် ထိုင်းနိုင်ငံအတွင်း၌ အလုပ်လုပ်ခွင့်မရရှိခဲ့သည်ရှိသော် ထိုအလုပ်သမားသည် ထိုင်းနိုင်ငံအတွင်း၌ နေထိုင် အလုပ်လုပ်ခွင့် ဆုံးရှုံးမည်ဖြစ်ပြီး မိမိနိုင်ငံသို့ ပြန်ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံအလုပ်ခန့်ထားရေးဌာနက အလုပ်လုပ်ခွင့်လျှောက်လွှာများကို ခရိုင်အလုပ်အကိုင်ခန့်ထားရေး ရုံးများနှင့် ဘန်ကောက်မြို့ရှိ အလုပ်အကိုင် ခန့်ထားရေးရုံးတို့တွင် လက်ခံသည်။ အလုပ်လုပ်ခွင့် လျှောက်ထားရန် သတ်မှတ်ချက်များနှင့်ပြည့်မှီသော ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်သမား သန်းခေါင် စာရင်း မှတ်ပုံတင်စာရွက် (ထော်လော် ၃၈/၁)ရှိရမည့်အပြင် ထိုင်းနိုင်ငံ လူထု ကျန်းမာရေး ၀န်ကြီးဌာနမှ ကျန်းမာရေးစစ်ချက်ပြုလုပ်ပြီးသည့် အထောက်အထား စာရွက်စာတမ်းများ ရှိရမည်။ အလုပ်လုပ်ခွင့် လာရောက်လျှောက်ထားသည့်အခါ ရွှေ့ပြောင်းအလုပ်သမားများသည် မိမိတို့၏ အလုပ်ရှင်နှင့် အတူတကွ လျှောက်ထားရန်ဖြစ်သည်။ သို့သော် အလုပ်သမားနှင့် အလုပ်ရှင်က ကိုယ်တိုင်မလာခဲ့သည်ရှိသော် ၎င်းတို့နှစ်ဦး ကိုယ်စားကိုယ်စားလှယ် တစ်ဦးဦးက လာရောက် လျှောက်ထား ပေးနိုင်သည်။ အလုပ်သမား မှတ်ပုံတင်ရေးစီမံအုပ်ချုပ်မှုဌာန လက်အောက်ရှိ ခရိုင် အလုပ်သမားများ စီမံအုပ်ချုပ်ရေး ဌာနက ထိုင်းနိုင်ငံ အလုပ်ခန့်ထားရေးဌာနထံမှ အလုပ်လုပ်ခွင့်လျှောက်ထားသော အလုပ်သမားများ၏ အချက်အလက်များအား လက်ခံရရှိပြီးနောက် အလုပ်လုပ်ခွင့်ကဒ်(ဘတ်)များကို ရက်ပေါင်း(၆၀)အတွင်း အလုပ်သမားများသို့ ထုတ်ပေးမည် ဖြစ်သည်။
အလုပ်လုပ်ခွင့်ကဒ်လျှောက်ထားရာတွင် အလုပ်လုပ်မည့် အချိန်ကာလပေါ်မူတည်၍ ပေးသွင်းရမည့် ငွေပမာဏမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) တစ်နှစ်အလုပ်လုပ်ခွင့်အတွက် ထိုင်းဘတ်ငွေ ၁၈၀၀
(၂) ခြောက်လ အလုပ်လုပ်ခွင့်အတွက် ထိုင်းဘတ် ၉၀၀
(၃) သုံးလ အလုပ်လုပ်ခွင့်အတွက် ထိုင်းဘတ် ၄၅၀
(၄) အလုပ်လုပ်ခွင့်လျှောက်ထားကြေး ထိုင်းဘတ် ၁၀၀

အလုပ်လုပ်ခွင့်ကဒ်(ဘတ်)များ၏ အရှေ့ဖက်နှင့် အနောက်ဖက်ခြမ်းများသည် ကာလာကုဒ် စနစ်ဖြင့် ပြုလုပ်
ထားခြင်းဖြစ်ပြီး အလုပ်လုပ်ခွင့်ကဒ်ကို ကိုင်ဆောင်ထားသော ရွှေ့ပြောင်းအလုပ်သမားတစ်ဦးသည် မည်သည့် ကဏ္ဍတွင် အလုပ်လုပ်နေခြင်း ဖြစ်သည်ကို ၎င်းကိုင်ဆောင်သော အလုပ်လုပ်ခွင့်ကဒ်ပေါ်ရှိအရောင်က ဖော်ပြပေးသည်။ ဤနည်းအားဖြင့် အလုပ်သမားများအလုပ်လုပ်ခွင့် မှတ်ပုံတင်ပြီးသော အခါ မိမိမှတ်ပုံတင် စဉ်က ဖော်ပြထားသော လုပ်ငန်းတွင်ပင် အလုပ်လုပ်ရမည်ဖြစ်ပြီး အခြားလုပ်ငန်းများကလည်းမိမိအား ဌားရမ်း အလုပ်လုပ်စေမည် မဟုတ်ပါ၊

လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ အလုပ်လုပ်ခွင့်ကဒ်များကို အောက်ပါအတိုင်း အရောင်များဖြင့် ခွဲခြားထားသည်။

လုပ်ငန်းအမည် အလုပ်လုပ်ခွင့်ကဒ် (ဘတ်) အရောင်

(၁) ငါးဖမ်းလုပ်ငန်း ပန်းရောင်/အပြာနုရောင်
်(၂) ပင်လယ်ထွက်သား/ငါးလုပ်ငန်း ပန်းရောင် /လိမ္မော်ရောင်
(၃) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ပန်းရောင်/အစိမ်းရောင်
(၄) အိမ်တွင်းမှုလုပ်ငန်း ပန်းရောင်/ မီးခိုးရောင်
်(၅) ဆောက်လုပ်ရေးလုပ်ငန်း ပန်းရောင်/အ၀ါရောင်
(၆) အခြားလုပ်ငန်းများ ပန်းရောင်/ပန်းရောင်

မှတ်ချက်။ ။အလုပ်ရှင်များအနေနှင့် မိမိတို့လုပ်ငန်းများတွင် လက်ရှိအလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်း အလုပ်သမများစာရင်းကို သုံးလတစ်ကြိမ် အစီရင်ခံစာတင်သွင်းရမည်ဖြစ်သည်။ အကယ်၍ မိမိထံမှ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအလုပ်မှ ထွက်သွားလျှင် သို့မဟုတ် အလုပ်ထုတ်ခံလိုက်ရလျှင် အလုပ်ရှင်မှ ထိုအကြောင်းကို ခရိုင် အလုပ်ခန့်ထားရေးရုံးသို့ (၇)ရက်အတွင်း အကြောင်းကြား ရမည်။အလုပ်ရှင်တစ်ဦးသည် အခြားအလုပ်ရှင်တစ်ဦးထံမှ ထွက်ပြေးလာသော ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအား အလုပ်ခန့်ထားခွင့်မရှိပါ။ အကယ် ၍ ထိုအချက်အား အလုပ်ရှင်မှ မလိုက်နာခဲ့သည်ရှိသော် တရားဥပဒေအရ ပြင်းထန်စွာ အရေးယူခြင်း ခံရမည်။

အမျိုးသားလုံခြုံရေး တပ်ဖွဲ့များနှင့် တရားဥပဒေများပြဌာန်းခြင်း

၂၀၀၉ခုနှစ် မေလ ၂၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော ထိုင်းအစိုးရ၏ ထိပ်သီးအစည်းအဝေးပွဲတွင် စနစ်တကျ မဟုတ်သော ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင်မှတ်ပုံတင်ခြင်းကိစ္စအား အတည်ပြုဆုံးဖြတ်ပြီးနောက်၊ ထိုင်းနိုင်ငံ အတွင်းသို့ရွှေ့ပြောင်းအလုပ်သမားများ ၀င်ရောက်လာမှုကို တားဆီးရန် အမျိုးသားလုံခြုံရေး တပ်ဖွဲ့များနှင့် ဥပဒေ များပြဌာန်းခြင်းအတွက် ညွှန်ကြားချက်များကိုလည်း ရေးဆွဲခဲ့သည်။ အမျိုးသားလုံခြုံရေး အရာရှိများအနေနှင့်နယ်စပ်ဒေသများမှ ရွှေ့ပြောင်းအလုပ်သမားများ ၀င်ရောက်လာမှုကို ကာကွယ်တားဆီးရန် တာဝန်ရှိသည်။ ထိုကိစ္စကို ထိုင်းစစ်တပ်မှ ကြည်းတပ်နှင့်ရေတပ်များ အပါအ၀င် အခြားသော အဖွဲ့အစည်း များက ပူးပေါင်းဆောင်ရွက်သွားရန်။

ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးခြင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေကို မလိုက်နာသော အလုပ် ရှင်းများအား အရေးယူရန် ထိုင်းရဲတပ်ဖွဲ့၊ အထူးသဖြင့် ထိုင်းအမျိုးသား ရဲဌာနချုပ်နှင့် လူဝင်မှုကြီးကြပ် ရေးဌာနတို့တွင် တာဝန်ရှိသည်။ ရဲဝန်ထမ်းများအနေဖြင့် အလုပ်သမားများမှတ်ပုံမတင်မီနှင့် မှတ်ပုံတင်ပြီး ရက်ပေါင်း (၃၀)အတွင်း ဖမ်းဆီးမှုများ ပြုလုပ်သွားရန် ဖြစ်သည်။

မှီငြမ်းကိုးကား
• Thai Cabinet Resolution 26th May, 2009
• The meeting minutes of the committee under the National Committee on Illegal Worker Administration dated 6th May 2009
• Rosalia Sciortino and Sureepron Punpuing. International Migration in Thailand 2009. International Organization for Migration Bangkok (2009)
• Thai Cabinet Resolution : 3rd June 2009

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) မှ အခမဲ့ ပြန်လည် ကူးယူဖြန့်ဝေသည်။

Read More...

ထုတ်ပြန်ကြေငြာချက်များ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ လက်ကမ်းကြိုဆို ဖိတ်ခေါ်ခြင်း

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည် ပြည်သူ့အရေး ပြည်သူများကိုယ်တိုင်ဆောင်ရွက်သွားနိုင်ရန်၊ ပြည်သူ့အကျိုး ပြည်သူများကိုယ်တိုင်သယ်ပိုးနိုင်ရန်အတွက် လူထုလူတန်းစားမခွဲခြားဘဲ ပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်နေသော အဖွဲ့အစည်းတရပ် ဖြစ်ပါသည်။

သို့ဖြစ်၍ မည်သည့်လူပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၏ မူဝါဒလမ်းစဉ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ အမှုကိစ္စစိစစ်ဖြေရှင်းခြင်း လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းခွင်အတွင်း လက်တွေ့ဆောင်ရွက်နေမှုများအား လေ့လာခြင်း၊ ဝေဖန်အကြံပြုခြင်းတို့ကို ဖိတ်ခေါ်လက်ကမ်းကြိုဆို အပ်ပါသည်။

မည်သည့်လူပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို ပြည်သူ့အရေး၊ ပြည်သူ့အကျိုးများအား သယ်ပိုး ဆောင်ရွက်သွားနိုင်ရန်အတွက် တတ်နိုင်သည့်ဘက်မှ တတ်နိုင်သည့်စွမ်းအားဖြင့် မည်သည့်နေရာ ဒေသမှ ဖြစ်စေ၊ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းနှင့် အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်မှုများအား နွေးထွေးစွာ လက်ကမ်းကြိုဆို ဖိတ်ခေါ်အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA)
Phone; + 66 (0) 87 202 7932
+ 66 (0) 82 226 7172

Read More...

Friday, June 26, 2009

သတင်း


မြန်မာအလုပ်သမား (၈၈) ဦး မတရားအလုပ်ထုတ်ခံရ

PVA/ ၁၆ ဇွန် ၂၀၀၉

၁၃-၀၆-၂၀၀၉ နေ့တွင် မဲဆောက်မြို့နယ်၊ မယ်ပ ကျေးရွာရှိ ဟုန်တအထည်ချုပ်စက်ရုံမှ အလုပ်သမား များက တလလျှင် အလုပ်တရက်ပိတ်ပေးရန် တောင်းဆို သည်ကို အလုပ်ခွင် အုပ်ချုပ်သူများက လက်မခံပယ်ချပြီး အပြင်သွားလိုက ခွင့်တိုင်ရမည်ဟု စည်းကမ်းချမှတ် ခဲ့သည်။

၎င်းစည်းကမ်းအတိုင်း အလုပ်သမားများ ခွင့်ယူ၍ အပြင်ထွက်ခွင့် နေ့တဝက်ရသော အလုပ်သမား (၃၃)ဦး သည် စက်ရုံသို့ပြန်သောအခါ စက်ရုံအတွင်းသို့ ဝင်ခွင့်မပေးသဖြင့် မယ်ပရွာသူကြီးအိမ်တွင် သွားရောက် အကူညီ တောင်းခံကာ တည်းခိုကြရသည်။ ရွာသူကြီးမှ စက်ရုံသို့အကြောင်းကြားသဖြင့် ၎င်းအလုပ်သမား များအား ပြန်လည်ခေါ်ယူပြီး မန်နေဂျာက ဦးဆောင်သူကို ဖေါ်ထုတ်ခိုင်းသည်။ အလုပ်သမားများမှ စက်ရုံမန်နေဂျာအား ဦးဆောင်သူမရှိပါဟု ဖြေကြားကြသော်လည်း အမျိုးသမီးအလုပ်သမား(၃)ဦးအား အပြစ်မရှိဘဲ အလုပ်မှ ထုတ်လိုက်ပြီး စက်ရုံတွင်းမှ ချက်ချင်းထွက်ခွာ ခိုင်းခဲ့သည်။

၁၅-၀၆-၂၀၀၉ နေ့နံနက်တွင် မတရားအလုပ်ဖြုတ်ခံရသူ (၃) ဦးအား အလုပ်ပြန်ခန့်ရန် တောင်းဆိုသော အလုပ်သမား (၈၅) ဦးအား မန်နေဂျာက အလုပ်ထုတ်မည်ဟုဆိုကာ အဝတ်အစားထုပ်များ ယူခိုင်းပြီး စက်ရုံအတွင်း မြေကွက်လပ်တွင် စုထိုင်ခိုင်းလိုက်သည်။ တစ်နေ့လုံး ရေမတိုက်၊ ထမင်းမကြွေးဘဲထားကာ ညှင်းပန်းမှုပြုသည်ကို ခံကြရသည်။ ရဲခေါ်ယူခြိမ်းချောက်ခြင်းလည်း ခံကြရသည်။

အဆိုပါအခင်းဖြစ်စဉ်အား ဟုန်တစက်ရုံအလုပ်သမားများမှ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသို့ အကူအညီ တောင်းခံလာသဖြင့် PVA မှ အလုပ်ရှင်အလုပ်သမားညှိနှိုင်းရေးရုံး(စဝါဒီကန်)သို့ အကြောင်းကြားခဲ့ပြီး ၎င်းရုံးတာဝန်ရှိသူများမှ ဝင်ရောက်ဖြေရှင်းပေးရန် ဆောင်ရွက်နိုင်ခဲ့သည်။ ထိုနေ့ညနေ ၄နာရီမှ ည ၈နာရီအထိ အလုပ်ရှင်နှင့်အလုပ်သမားများအား တွေ့ဆုံညှိနှိုင်းပေးခဲ့ပြီး နောက်တနေ့နံနက် ၉နာရီတွင် အပြီးသတ်ညှိနှိုင်း ပေးရန် ဆွေးနွေးနိုင်ခဲ့သည်။

၁၆-၀၆-၂၀၀၉ နေ့တွင် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ အလုပ်သမားများ စိတ်ဓာတ်မကျရေး၊ စဝါဒီကန်မှ ကောင်းမွန်မှန်ကန်စွာဖြေရှင်းပေးရေး၊ အလုပ်မှနူတ်ထွက်ရာရောက်သည့် လက်မှတ်ထိုးရခြင်းများ မဖြစ်စေရေး တို့အတွက် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ အလုပ်သမားများသည် ၎င်းနေ့မွန်းလွဲပိုင်းတွင် ကျန်ရှိနေသော အလုပ်အားခများအား ထုတ်ယူနိုင်ခဲ့ကြပြီး မိမိတို့ရပိုင်ခွင့်များ အပြည့်အဝရရှိစေရေးအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်သော အခြေအနေဖြင့် စက်ရုံအပြင်သို့ ထွက်ခွာလာနိုင်ခဲ့ကြပါသည်။

အခင်းဖြစ်စဉ်တွင် ဦးစွာအလုပ်ထုတ်ခံရသော အလုပ်သမား (၃) ဦးသည် မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC)၊ (LLC) တို့ဖြင့် ပူးပေါင်းကာ မတရားအလုပ်ထုတ်ခံရမှုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်သည်။ ကျန်ရှိသော အလုပ်သမား (၈၅) ဦးသည် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့နှင့် ပူးပေါင်းကာ ၄င်းတို့၏ရပိုင်ခွင့်များ အပြည့်အဝရှိစေရေးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။




Read More...

ဓမ္မအလင်းစာစောင်

ဥယျောဇဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) မှ ဓမ္မအလင်းစာစောင်အမှတ် (၁) ကို ဖတ်ရှုစိစစ်ပေးတော်မူပါလို့ လျှောက်ကြားလာတဲ့အတွက် ဖတ်ရှုဖြစ်လိုက်ပါတယ်။ ဓမ္မဆိုတာတရား အလင်းဆိုတာအရောင် တနည်း အားဖြင့် လမ်းပြလမ်းညွှန်လို့လည်း အဓိပ္ပါယ်ရတယ်။ တနည်း တရားလမ်းညွှန်လို့လည်း ဖွင့်ဆိုလို့ရတယ်။ ဘုန်းကြီးက အစပိုင်းလေး ဖတ်ကြည့်တယ်။ ဒီလို ဖတ်ရင်းဖတ်ရင်းနဲ့ စိတ်ဝင်စားလာတယ်။ ဒါနဲ့ဆုံးအောင် ဖတ်ဖြစ်သွားတယ်။ ဘုန်းကြီးအနေနဲ့ပြောရရင် အလွန်တရာမှတန်းဖိုးရှိပြီး ဗုဒ္ဓရဲ့တရားတော်တွေကို သာမာန်
မြန်မာစာဖတ်ရုံနဲ့ ရှင်းလင်းစွာသိရှိနားလည် သဘောပေါက်နိုင်တဲ့ စာစောင်လေးပါ။ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ရော ဗုဒ္ဓဘာသာကို လေ့လာသူတွေအတွက်ပါ တန်းဖိုးရှိတဲ့ တရားလမ်းပြစာစောင်လေး ဖြစ်ပါတယ်။ အခုလိုခေတ်ကြီးမှာ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ (သိသင့်သိထိုက် လေ့လာဖတ်ရှုသင့်သော တန်ဖိုး အနဂ္ဃထိုက်တန်တဲ့ ကျောက်စိမ်းဘယက်ကို အလှအတွက် လည်မှာအစဉ်ဆွဲထားသလို ဒီဓမ္မအလင်းစာစောင် လေးကိုလည်း လက်ဝယ်ထားပြီး လေ့လာမှတ်သား ထုတ်ဝေသင့်သော စာစောင်ကောင်းလေးတခုမို့ (PVA) မှ အမျိုး၊ ဘာသာ၊ သာသနာအတွက် အုပ်တချပ်သဲတပွင့်အနေနဲ့ တထောင့်တနေရာမှ ဗုဒ္ဓသာသနာတော် စည်ပင်ပြန့်ပွားထွန်းလင်းပါစေလိုသော အာသီသ၊ ဆန္ဒရည်မှန်းချက်ကို ဘုန်းကြီးအနေနဲ့ အလွန်မတန် ဝမ်းမြောက်စွာဖြင့် နုမော သာဓုခေါ် လိုက်မိပါတယ်။

ဦးပဏ္ဍိတ (သာသနာဓဇ ဓမ္မစရိယ)
နာဂစ်မုန်တိုင်း - ဆရာတော်
မဲဆောက်မြို့။

သြကာသဘုရားရှိခိုးရှင်းလင်းချက်


သြကာသ အစချီရွတ်ဆိုသော ဘုရားရှိခိုးခြင်းဖြင့် ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါးကို ရှိခိုးကန်တော့ကြသည်မှာ မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာပင်ဖြစ်သည်။ ရှေးရဟန်း ပညာရှိ သူတော်ကောင်းတို့က စီမံချပေးလာခဲ့ပြီး ရှေးအစဉ်အဆက်ကတည်းက ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ ထိန်းသိမ်းရွတ်ဆို ရှိခိုးပူဇော်ကန်တော့လာခဲ့သော သြကာသ ဘုရားရှိခိုး၏ အဓိပ္ပာယ်ကို ကောင်းမွန်ရှင်းစွာ သိထားသင့်ပေသည်။ အဓိပ္ပာယ်ကို ကောင်းစွာသိရှိနားလည်စွာဖြင့် သြကာသ ဘုရားရှိခိုးကို ရွတ်ဆိုရှိခိုး ကန်တော့သော ဗုဒ္ဓဘာသာဝင် အလွန်ရှားပါးလှပါ၏။ ထုံးတမ်းစဉ်လာအရ လူများရွတ်ဆိုကြရာတွင် လိုက်ပါ ရွတ်ဆိုသော်လည်း ဆိုလိုရင်းအဓိပ္ပာယ်ကို ကောင်းစွာနားမလည်ကြချေ။ အနက်အဓိပ္ပာယ်လိုရင်း သဘော ကို ကောင်းစွာသိရှိနားလည်ပြီး ရှိခိုးကန်တော့မှသာလျှင် ပိုမိုအကျိုး ကြီးမားပေလိမ့်မည်။ ဗုဒ္ဓဘာသာဝင်တို့ သြကာသဘုရားရှိခိုး၏ အဓိပ္ပာယ်ဆိုလိုရင်းကို ကောင်းစွာနားလည် သိရှိစွာဖြင့် ရှိခိုးပူဇော် ကန်တော့ကြစေရန် အတွက် ရေးသားရှင်းလင်း ဖေါ်ပြအပ်ပါသည်။

သြကာသဘုရားရှိခိုးတွင် ရှိခိုးကန်တော့ခန်းနှင့် ဆုတောင်းခန်း ဟူ၍ (၂) ပိုင်းပါရှိပါသည်။

ကန်တော့ခန်း

သြကာသ (၃) ကာယကံ၊ ဝစီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာမြတ် သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပ္ပတ္တိတရား လေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခါသိမ်း ကင်းလွတ်ငြိမ်း၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာကို ရပါလို၏ အရှင်ဘုရား။ အထက်ပါစာပုဒ် (၂)ခုစလုံးတွင် ပါရှိသော စကားလုံးများ၏ အဓိပ္ပာယ်ကို ဖေါ်ပြအပ်ပါသည်။

သြကာသ = ခွင့်ပြုပါ၊ အခွင့်ပေးပါ။
ကံ = ပြုလုပ်မှု၊ အလုပ်။
ကာယကံ = ကိုယ်အားဖြင့်ပြုမူခြင်း၊ ကိုယ်အမူအရာဖြင့်ပြုလုပ်ခြင်း။
ဝစီကံ = နှုတ်အားဖြင့်ပြုမူဖြင်း၊ နှုတ်အမူအရာဖြင့်ပြုလုပ်ခြင်း။
မနောကံ = စိတ်အားဖြင့်ပြုမူခြင်း၊ စိတ်ဖြင့်ကြံစည်အားထုတ်ခြင်း။
သဗ္ဗ = အားလုံး၊ အကုန်လုံး။
ဒေါသ = မလိုလားသောစိတ်၊ အပြစ်။
ခပ်သိမ်းသော = အားလုံးသော၊ ရှိရှိသမျှသော။
အကျိုးအား = အကျိုးရှိမှု၏စွမ်းအား။
အပါယ်လေးပါး = ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသော မကောင်းသောဘုံဘဝ (၄) မျိုး။
ကပ်သုံးပါး = ဘေးအန္တရာယ်ဆိုးကြီး (၃) မျိုး။
ရပ်ပြစ်ရှစ်ပါး = သူတော်ကောင်းတရား နာကြားနိုင်ခွင့်မရှိသောနေရာ၊ ဌာန၊ ဘုံဘဝ (၈) မျိုး။
ရန်သူမျိုးငါးပါး = အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာ အကျိုးစီပွားတို့ကို အပြင်းအထန်ထိခိုက် ပျက်စီးအောင် ပြုနိုင်သော အရာ (၅) မျိုး။
ဝိပ္ပတ္တိ = မကောင်းသောအခြေအနေ၊ ဆုတ်ယုတ်ကျဆင်းခြင်း၊ ပြည့်စုံကောင်းမွန်မှုမရှိခြင်း။
ဗျသန = ပျက်စီးခြင်း။
အခါခပ်သိမ်း = ဘယ်အချိန်အခါ၌မဆို ဘယ်သောအခါတွင်ဖြစ်စေ။
ကင်းလွတ်ငြိမ်း = လုံးဝကင်းရှင်းလျှက်၊ လွတ်ငြိမ်းချမ်းသာခြင်း။
မဂ်တရား၊ ဖိုလ်တရား = အပါယ်ဘုံသို့ရောက်ရှိရန် မရှိတော့ဘဲ ဘဝသံသရာလည်ပတ်ခြင်းမှ လွတ်မြောက်ကာ လုံးဝသေချာစွာ နိဗ္ဗာန်သို့လှမ်းရောက်စေသောတရား။
နိဗ္ဗာန် = ဘဝချုပ်ငြိမ်းရုပ်သိမ်းသဖြင့် ဘဝဒုက္ခမရှိသော ငြိမ်းအေးချမ်းသာမှု။
(နိဗ္ဗာန်၏အဓိပ္ပာယ်ကို သာမာန်ဖွင့်ဆိုချက်မျှသာ ဖြစ်သည်။ အကျယ်တဝင့် ကောင်းစွာသိရှိစေရန် လေ့လာ သင့်ကြောင်း တိုက်တွန်းအပ်ပါသည်။)

ဖွင့်ဆိုရှင်းလင်းချက်

ရှေးရဟန်းပညာရှိ သူတော်ကောင်းတို့ စီမံပို့ချခဲ့သော အစဉ်အဆက် ထိန်းသိမ်းရွတ်ဆို ပူဇော်ရှိခိုး ကန်တော့ လာသည့် ဤ သြကာသ ဘုရားရှိခိုးနှင့် ပတ်သက်၍ အဓိပ္ပာယ်နှင့်တကွ ဆိုလိုရင်းသဘော အတိမ်အနက်ကို ပိုမိုကောင်းမွန် ရှင်းလင်းစွာနားလည် သိရှိစေခြင်းငှာ ဆက်လက် ရေးသားဖေါ်ပြအပ်ပါသည်။

ရှိခိုးကန်တော့ခန်းတွင်

သြကာသ ဟူသော စကားလုံးသည် သီဟိုဠ် (ယခု သီရိလင်္ကာ) မှလာသော ပါဋ္ဌိဘာသာစကားကို မြန်မာ အသံဖြင့် ရွတ်ဆိုနေကြခြင်းဖြစ်သည်။ သြကာသကို မြန်မာဘာသာပြန်ဆိုလျှင် အခွင့်ပေးပါ၊ ခွင့်ပြုပါဟု အဓိပ္ပာယ်ရသည်။ ဘုရား တရား သံဃာဟူသော ရတနာသုံးပါးကို ရှိခိုးပူဇော် တောင်းပန်ကန်တော့ရန် ခွင့်ပြု တော်မူပါဟု သြကာသ သုံးကြိမ်ဖြင့် အစချီကာ သုံးကြိမ်ခွင့်တောင်းခြင်းဖြစ်သည်။ ကိုယ်ကိုးကွယ်ဆည်းကပ်ရာ အမြတ်ဆုံး ရတနာဖြစ်သော ဘုရား တရား သံဃာ ရတနာသုံးပါးကို ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် ကျူးလွန်ခဲ့မိ သည်ရှိသော် ထိုကျူးလွန်ခဲ့သမျှသော အပြစ်အားလုံးကို ခွင့်လွှတ်ကြေအေးကာ ကင်းလွတ်ပပျောက်စေလို ကြောင်း ရှိခိုးတောင်းပန်အပ်ပါ၏။

တကြိမ် နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ရတနာသုံးပါးအား ရိုသေစွာ အလေးအမြတ်ထားလျှက် လက်အုပ် ချီမိုးကာ ရှိခိုးပူဇော်ဖူးမျှော်ကန်တော့ပါ၏ မာန်မာနလျှော့ချ၍ ရှိခိုးတောင်းပန် ကန်တော့ပါ၏။ (ဆရာတော် သံဃာ တော်၏ရှေ့မှောက်တွင် ရှိခိုးကန်တော့သည်ဖြစ်ပါက ဆုတောင်းခန်းကို ရွတ်ဆိုရန်မလိုပါ။ ထိုဆရာတော် သံဃာတော်၏ ဆုပေးခြင်းကို ခံယူရမည်ဖြစ်သည်။)

ဆုတောင်းခန်းတွင်

ကန်တော့ရသော အကျိုးအားကြောင့်ဟူသော စကားရပ်သည် ဤရတနာသုံးပါးကို ရှိခိုးပူဇော်ဖူးမျှော်မာန်လျှော့ ကန်တော့ရသော ကုသိုလ်၏အကျိုးစွမ်းအားကြောင့်ဟု ဆိုလိုခြင်းဖြစ်သည်။ (အကျိုးအားကြောင့်) ဟူသော စကားလုံးအစား (အကျိုးရကြောင့်) ဟုမှားယွင်းရွတ်ဆိုတတ်ကြသည်ကို သတိပြုကြစေလိုပါသည်။

ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို ရိုသေစွာ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ရသော ကုသိုလ်၏ အကျိုးစွမ်းအားကြောင့် ကောင်းကျိုးချမ်းသာရရှိ၍ ဆင်းရဲဒုက္ခရောက်သော ဘုံဘဝ၊ အခြေအနေ၊ အရာ၊ ဌာန တို့နှင့် ဘယ်အခါ၌မဆို ကင်းဝေးပြီး ငြိမ်းအေးချမ်းသာလျက် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဟူသော ချမ်းသာအစစ် ကိုရပါလို၏ ဆုတောင်းခြင်း ဖြစ်သည်။

ဤသို့ဆုတောင်းရာတွင် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ် (၈) ပါး၊ ရန်သူမျိုး(၅)ပါး၊ ဝိပ္ပတ္တိတရား(၄)ပါး၊ ဗျသနတရား (၅)ပါးတို့မှ ဘယ်အခါမဆိုကင်းလွတ်ငြိမ်းစေကြောင်း ဆုတောင်းရသည့်သဘောကို ကောင်းမွန်စွာ အလေးအနက် နားလည်သိရှိစေရန်အလိုငှာ ဆက်လက်ရှင်းလင်း ဖေါ်ပြအပ်ပါသည်။

အပါယ်လေးပါး

ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တို့သည် အပါယ် (၄)ပါးတွင် ပါဝင်၏။ ငရဲကျရောက်သော သတ္တဝါသည် အကုသိုလ်အကျိုးကို အပြင်းအထန်အလူးအလဲ ခံနေရသည်မှလွဲ၍ ကောင်းကျိုးချမ်းသာ ဘာမှမရှိ။ တိရစ္ဆာန် ဘဝသည် အကောင်း၊ အဆိုးအကြောင်း၊ အကျိုး ဘာမှမသိ (အိပ်၊ စား၊ ကာမ) သုံးမျိုးသာ ပြုလုပ်နိုင်၏။ ပိုမိုအား ကောင်းသော သတ္တဝါ၏ အန္တရာယ်ပြု နှိပ်စက် သက်ဖြတ်ခြင်းကို ခံကြရ၏။ ပြိတ္တာသည် အစွဲအလန်းကြီးသော တဏှာလောဘစိတ်ဖြစ်သည့် အကုသိုလ်စိတ်ဖြင့် သေဆုံးကာ ဘဝကူးပြောင်းရောက်ရှိသော သတ္တဝါဖြစ်သည်။ ပြိတ္တာ ဘဝသို့ရောက်ရှိလျှင် ကုသိုလ်ကောင်းမှုတို့ကို ကိုယ်တိုင်ကိုယ်ကျ အားထုတ် လုပ်ဆောင်နိုင်စွမ်းမရှိပေ။ တန်ခိုးသြဇာအရှိန်အဝါတို့အရ အင်အားသာလွန်သည့် သတ္တဝါ၏ ချုပ်ကိုင်မှုကို ခံကြရ၏။ အသူရကာယ်သည် လည်း ပြိတ္တာနှင့်မခြားနားလှသော ဘဝမျိုးဖြစ်ပြီး အသူရကာယ်ဘဝသည် လူနှင့်မနီးသော တော၊ တောင်၊ လျှိုမြောင်၊ ကျွန်း၊ ကန္တာရ စသည့်တို့တွင် အစုအဝေးဖြင့် နေထိုင်ရပ်တည်ကြသော ဘမျိုးဖြစ်ကြသည်။ ပြိတ္တာ ကဲ့သို့ ကုသိုလ်ကောင်းမှု မလုပ်နိုင်သည့်အပြင် လူတော်ကောင်း တရားနာကြားနိုင်ရန်ပင် အခွင့်အလမ်း မရှိကြပေ။

ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်ဘုံသားဘဝသို့ကျရောက်ရခြင်းသည် အကုသိုလ်ကံ အကျိုးပေးမှုကြောင့်ဖြစ်ရပြီး ကုသိုလ်တရားအကျိုးပေးခွင့်မသာ ဖြစ်လေ၏။ အကုသိုလ်ကံအကျိုးကြောင့် ဖြစ်ရ သည့် အခြေအနေဆိုး၊ ဒုက္ခဆိုကျိုး အမျိုးမျိုးတို့ ကျရောက်ရန်အတွက် အလွန်အခွင့်အလမ်း သာလေတော့ သည်။ သို့ဖြစ်၍ ကုသိုလ်ကောင်းမှု မပြုနိုင်၊ ကောင်းကျိုးချမ်းသာမရနိုင်၊ ဒုက္ခဆင်းရဲအမျိုးမျိုးသာ ကြုံတွေ့ နိုင်သော ငရဲ၊ တရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသည့် အပါယ်ဘုံသားဘဝနှင့် ကင်းလွတ်စေကြောင်း ကောင်းစွာ အလေးအနက်ထားသော အသိတရားဖြင့် ဆုတောင်းအားထုတ်သွားသင့်ပေသည်။

ကပ် (၃) ပါး

ဒဗ္ဘိကန္တာရကပ်၊ ရောဂန္တရကပ်၊ သတ္တန္တရကပ် ဟူ၍ဘေးဆိုးကြီး (၃) မျိုးကို ကပ် (၃) ပါး ဟုခေါ်သည်။
ဒုဗ္ဘိကန္တာရကပ်သည် - - - အစာရေစာရှားပါးငတ်မွတ်ခေါင်းပါးသော ဘေးဆိုးကြီးဖြစ်၏။
ရောဂန္တရကပ်သည် - - - ရောဂါကြောင့်သေကြေပျက်စီးကြရသော ဘေးဆိုးကြီးဖြစ်၏။
သတ္တန္တရကပ်သည် - - - လက်နက်ဘေးဒဏ်ဖြင့် သေကြေ ပျက်စီးကြရသော ဘေးဆိုးကြီး ဖြစ်၏။

ထိုကပ်ဘေးတို့နှင့် ကြုံတွေ့ကြရသည်ရှိသော် အဘယ်မှာ ကောင်းကျိုး ချမ်းသာရပါတော့အံ့နည်း။ အခြေ အနေဆိုး၊ ဆိုးကျိုး၊ ဒုက္ခဆင်းရဲခြင်းတို့ကိုသာ ခံစားကြရမည် ဖြစ်သည်။ သို့ဖြစ်၍ ထိုကပ် (၃) ပါးနှင့် ကင်းဝေး စေကြောင်း ကောင်းမွန်လေးနက်စွာသော အသိတရားဖြင့် ဆုတောင်း အားထုတ်သင့်ပေသည်။

ရပ်ပြစ် (၈) ပါး

အပြစ်ရှိသောအရပ် (၈)မျိုးဖြစ်၏။ အပြစ်ဟုဆိုရာ၌ သူတော်ကောင်းတရားနားကြားရန် အခွင့်အလမ်းမရှိသော အပြစ်ကိုဆိုလို၏၊ ၎င်းရပ်ပြစ် (၈) ပါး (အပြစ်ရှိသောရပ် (၈)မျိုး)တွင်
(၁) ငရဲ
(၂) တိရစ္ဆာန်
(၃) ပြိတ္တာ
(၄) အသူရကာယ်
(၅) ရုပ်သာရှိ နာမ်မရှိ၊ နာမ်သာရှိ ရုပ်မရှိသော ဗြဟ္မာဘုံ
(၆)ဆွံ့အနားမကြား (ကောင်းသော တရားနာယူရန်၊ ကောင်းမှုကုသိုလ်ပြုရန် မဖြစ်နိုင်လောက်အောင် ကိုယ်အင်္ဂါချို့ယွင်းသူ)
(၇) ဝေးလံသီခေါင်လွန်းသော သွားလာရောက်ရှိရန်ခဲယဉ်းသည့် အရပ်ဒေသ (ပညာရှိ သူတော်ကောင်းနှင့် ကြုံဆုံရန် ခက်ခဲသော၊ အကျိုးရှိသော အလုပ်များလုပ်ရန် ခဲယဉ်းသောအရပ်ဒေသ
(၈) မိစ္ဆာဒိဋ္ဌိဟုခေါ်သော မှားယွင်းသော အယူဝါဒရှိသူတို့ပါဝင်၏။

ထို (၈)မျိုးတွင် တမျိုးမျိုး၌ ပါဝင်နေသူဖြစ်ပါက ကောင်းကျိုး ချမ်းသာရရန် အလွန်ခဲယဉ်းတော့သည်။ ကုသိုလ်ကောင်းမှုကိုပြုရန် အခွင့်အလမ်းတို့ ကင်းဝေးကြကုန်၏။ သူတော်ကောင်းတရား နာကြားနိုင်ရန်နှင့် တရားစစ် တရားမှန်တို့ကို နားလည်သိရှိကျင့်သုံးရန် အခြေအနေမပေးသော အဖြစ်မျိုးရောက်ကြလေ၏။ သို့ဖြစ်၍ ဤရပ်ပြစ် (၈)ပါးနှင့် မကြုံဆုံမိစေရန်၊ လုံးဝကင်းလွတ်စေရန် ကောင်းမွန်လေးနက်စွာ အသိတရားဖြင့် ဆုတောင်းအားထုတ်သင့်ပေသည်။

ရန်သူမျိုး (၅) ပါး

(၁) ရေ (၂) မီး (၃) မင်း (၄) သူခိုး ဓါးပြ (၅) အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးစေသူ တို့သည် ရန်သူမျိုး (၅) ပါးတွင် ပါဝင်၏။ (အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးစေသူကို မချစ်မနှစ် သက်သောဟုလည်း ဆိုလေ့ရှိကြ၏။)
ရေကြီးလျှင် ရေဘေးဒုက္ခကြုံတွေ့ရ၏။ မီးလောင်လျှင် မီးဘေးဒုက္ခကြုံတွေ့ရ၏။ မင်းဟု ဆိုရာတွင် တိုင်းပြည်ကို အုပ်ချုပ်သူများ၊ အုပ်ချုပ်ရေးနှင့်ဆိုင်သော အာဏာပိုင် အဆင့် ဆင့်တို့ပါဝင်ကြ၏။ အုပ်ချုပ်သူများ အုပ်ချုပ်ရေး အာဏာပိုင်များသည် အာဏာနှင့် လုပ်ပိုင်ခွင့်ကို မတရားအသုံးချကာ ဒုက္ခဆိုးကျိုး အမျိုးမျိုးကို အများပြည်သူ တို့အပေါ် ကျရောက်စေတတ်သည်။ ခိုးသား ဓါးပြတို့သည်လည်း အများပြည်သူ၏ အသက် အိုးအိမ် စည်းစိမ် ဥစ္စာတို့ကို အန္တရာယ်ပြု လုယူ သိမ်းပိုက်လေ့ရှိကြ၏။ လင်နှင့် မယားဖြစ်စေ၊ မိဘနှင့် သားသမီး ပင်ဖြစ်စေ ဆွေမျိုး ညီအကိုမောင်နှမ အချင်းချင်းဖြစ်စေ မိတ်ဆွေ အချင်းချင်းဖြစ်စေ၊ မသမာသော မရိုးမဖြောင့်သော မကောင်းသော အကြံအစည်ဖြင့် ဥစ္စာ၊ စီးပွား၊ အသက်၊ ခန္ဓာ ထိခိုက် နစ်နာ ဆုတ်ယုတ် ပျက်စီးစေသူဖြစ်ပါက အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးသူ ဖြစ်၏။ ကိုယ်ဆင်းရဲဖြစ်သော ရန်သူပင်ဖြစ်၏။

ဝိပ္ပတ္တိတရား (၄) ပါး

(၁) ဂတိဝိပ္ပတ္တိ = ဘဝကျရောက်ရာ (ဘဝလားရာ) မကောင်းခြင်း၊ မကောင်းသော ဘုံဘဝသို့ရောက်ခြင်း။
(၂) ကာလဝိပ္ပတ္တိ = မကောင်းသော ဆုတ်ယုတ်ကျဆင်းသော အချိန်ကာလ၊ မကောင်းသော အခြေအနေဆိုး ခေတ်ကာလ။
(၃) ဥပဓိဝိပ္ပတ္တိ = ရုပ်အင်္ဂါအပါအဝင် ကိုယ်ရည်ကိုယ်သွေး နိမ့်ကျမှု၊ ဆုတ်ယုတ်ကျဆင်းမှု၊ (ချစ်ခင်လေးစား တန်ဖိုးထားလောက်သော ရုပ်ဆင်းအင်္ဂါနှင့် မပြည့်စုံခြင်း)။
(၄)ပယောဂဝိပ္ပတ္တိ = ဆောင်ရွက်အားထုတ်မှု ညံ့ဖျင်းကျဆင်းခြင်း၊ ပြည့်စုံလုံလောက်မှု မရှိခြင်း။

ဂတိဝိပ္ပတ္တိ = ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးပါးသို့ ဘဝလားရောက်ပါက ဂတိဝိပ္ပတ္တိဖြစ်၏။ ကောင်းရာသုဂတိမလားဘဲ ဘဝဆိုး (မကောင်းသောဘဝ) သို့ လားရောက်ရခြင်းဖြစ်သည်ကို ဂတိဝိပ္ပတ္တိဟု ခေါ်သည်။

ကောင်းသောဘဝများဖြစ်ကြသော လူ၊ နတ်၊ ဗြဟ္မာ အဖြစ်သို့ ရောက်ရခြင်းသည် ဂတိဝိပ္ပတ္တိမှ လွတ်ကင်းနေ ၏။ ဂတိဝိပ္ပတ္တိဖြစ်ပါက ကောင်းကျိုးချမ်းသာမရ၊ ဆင်းရဲဒုက္ခရောက်ရကြောင်းကို အပါယ် (၄) ပါး အကြောင်း၌ ဖေါ်ပြခဲ့ပြီးဖြစ်သည်။

ကာလဝိပ္ပတ္တိ = မကောင်းသောအခြေအနေတို့နှင့် တွေ့ကြုံနေရသော၊ ကောင်းကျိုးချမ်းသာရရန် ခက်ခဲသော၊ ဆိုးကျိုးဒုက္ခများကို ရင်ဆိုင်နေရသော အချိန်အခါ၊ ခေတ်၊ ကာလ တို့သည် ကာလဝိပ္ပတ္တိ ဖြစ်၏။

(၁) မင်းဆိုးမင်းညစ်၊ မကောင်းသောအစိုးရ၊ မကောင်းသောအုပ်ချုပ်သူ၊ အုပ်ချုပ်ကြီးစိုးနေသောခေတ်။
(၂) လူဆိုး၊ လူမိုက်၊ သောင်းကျန်းသူ ကြီးစိုးလွှမ်းမိုးသော အခါကာလ။
(၃) စစ်ဘေး၊ စစ်ဒဏ်သင့်နေသော (စစ်ဖြစ်နေသော) အချိန်အခါ၊ ကာလ။
(၄) ရေဘေး၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သော ကာလ။
(၅) မိုးခေါင်ရေရှားခြင်း၊ အစားအစာငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါဆိုးများ ကူးစက်ပျံ့နှံ့နေသော အချိန်အခါ စသည်တို့သည် ကာလဝိပ္ပတ္တိတွင် အပါအဝင်ဖြစ်ကြ၏။

ကာလဝိပ္ပတ္တိ ဖြစ်သောအခါ အခြေအနေ၊ အချိန်အခါ၊ ခေတ်၊ ကာလ တို့နှင့် ကြုံဆုံရသောသူတို့မှာ ကောင်းကျိုး ဖြစ်ထွန်းရန် မလွယ်ကူချေ။ ဆိုးကျိုးရရှိရန်၊ ဒုက္ခတွေ့ရန်၊ မကောင်းသောအဖြစ်အပျက်နှင့် ကြုံဆုံရန်လွယ်လွယ် ကူကူ အခွင့်အလမ်းသာနေတော့၏။

ကာလဝိပ္ပတ္တိဖြစ်သည့် ခေတ်ကာလ၊အခြေအနေ တရပ်ရပ်နှင့် ကြုံတွေ့ကြသော အများပြည်သူတို့သည် စားဝတ်နေရေး ကျပ်တည်းခက်ခဲခြင်း၊ အသက် အန္တရာယ်စိုးရိမ် ထိခိုက်ရခြင်း၊ အနိုင်ကျင့်ဖိနှိပ်ခံရခြင်း၊ အိုးအိမ် ဥစ္စာစည်စိမ်း ပိုင်ဆိုင်မှုတို့ လုံခြုံစိတ်ချရမှုမရှိခြင်း၊ စီးပွားဥစ္စာရှာရာတွင် မလွယ်ကူခြင်း၊ လူနေမှုအဆင့်အတန်း နိမ့်ကျခြင်း အစရှိသော ဆင်းရဲဒုက္ခတို့ကို ရင်ဆိုင်ခံစားကြရကုန်၏။

ဥပဓိဝိပ္ပတ္တိ = ရုပ်ရည်အဆင်းအင်္ဂါ ချို့တဲ့မှု၊ မတင့်တယ်မှု၊ လေးစားယုံကြည်ချစ်ခင်လောက်သော ကိုယ်ရည် ကိုယ်သွေး နှင့် မပြည်စုံမှုတို့သည် ဥပဓိဝိပ္ပတ္တိ ဖြစ်လေ၏။

ဥပဓိဝိပ္ပတ္တိဖြစ်သော ကိုယ်ရည်ကိုယ်သွေး ရုပ်အဆင်းအင်္ဂါချို့တဲ့ကျဆင်းသူတို့သည် ချစ်ခင်သူနည်းပါးခြင်း၊ ယုံကြည်လက်တွဲသူနည်းပါးခြင်း၊ အထင်အမြင်သေးခံရခြင်း၊ မိတ်ဆွေအပေါင်းအသင်းလုပ်သူနည်းပါးခြင်း၊ နှိမ့် ချခံရခြင်း စသည်တို့ကို ကြုံတွေ့ကြရ၏။ အလုပ်အကိုင်အားဖြင့် ကောင်းမွန်မြင့်မားသော အလုပ်အကိုင်မျိုးကို မရကြဘဲ နိမ့်ကျစွာ၊ မျက်နှာငယ်စွာ လုပ်ကိုင်ကြရ၏။

ဥပဓိဝိပ္ပတ္တိ ဖြစ်သူသည် (ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းကျဆင်းသူ) သည် အကြီးအကဲ၊ ဆရာသမားတို့၏ စောင်မကြည့်ရှု ကူညီပံ့ပိုးမှုရရှိရန် ခဲယဉ်းပေမည်။ လူချစ်လူခင်နည်းပြီး အပေါင်းအသင်းမိတ်ဆွေတို့၏ ချစ်ခင် လေးစားမှု၊ ကူညီဖေးမမှုတို့ရရန် မလွယ်ကူပေ။ ကောင်းကျိုးချမ်းသာကို ရသင့်သလောက် မရနိုင်ပေ။

ပယောဂဝိပ္ပတ္တိ = အားထုတ်ဆောင်ရွက်မှု ဆုတ်ယုတ်ကျဆင်းခြင်း၊ အလုပ်အကိုင် အားထုတ်ဆောင်ရွက်မှု လိုအပ်သလောက် မပြည့်စုံ မလုံလောက်ခြင်းတို့သည် ပယောဂဝိပ္ပတ္တိ ဖြစ်သည်။

လူငယ်အချို့သည် ပညာရှာရမည့် အချိန်အရွယ်တွင် ကျောင်းမှန်မှန်တက် စားကြိုးစားလျှင် ပညာတတ်လူတော် လူကောင်း ဖြစ်နိုင်ပါလျက်နှင့် စာမကြိုးစားဘဲ တေတေလေလေနေသောကြောင့် စားပေးပွဲကျကာ လူဖျင်း လူညံ့ဘဝသို့ ရောက်လေ၏။ ထိုလူငယ်တို့သည် ပညာရေးနှင့် ဘဝတိုးတက်ကြီးပွားရေးအတွက် အားထုတ် ဆောင်ရွက်မှု ညံ့ဖျင်းသဖြင့် ပယော ဂဝိပ္ပတ္တိ ဖြစ်ကြသူများဟု မှတ်ယူရပေမည်။

အချို့သောသူတို့သည် မိမိ၏ အိမ်ထောင်ရေး သာယာကောင်းမွန်အောင် ဆောင်ရွက်အားထုတ်ခြင်း မရှိကြပေ။ ထိုသူတို့သည် အိမ်ထောင်ရေးအတွက် ပယောဂဝိပ္ပတ္တိဖြစ်များဟု မှတ်ယူရပေမည်။

အချို့သော သူတို့သည် မိမိ၏ကိုယ်ကျင့်စာရိတ္တ ကောင်းမွန်စွာထိန်းသိမ်း နေထိုင်ခြင်းမရှိကြ၊ လူကောင်း သူကောင်းဖြစ်အောင် နေတတ်ကြ၊ ထိုသူတို့သည် မိမိဘဝအတွက် အားထုတ် ဆောင်ရွက်မှု ညံ့ဖျင်းသူ (ဝါ) မိမိဘဝအတွက် ပယောဂဝိပ္ပတ္တိ ဖြစ်သူများဟု မှတ်ယူရပေမည်။

အချို့သောသူတို့ကား မိမိ၏စီးပွားရေးကို ဂရုတစိုက်ကြိုးစားဆောင်ရွက်လျှင် ကြီးပွားချမ်းသာနိုင်ပါလျှက်နှင့် အပျော်အပါး၊ လောင်းကစားတို့ဖြင့် အချိန်ဖြုန်းသဖြင့် စီးပွားပျက်ကာ ဆင်းရဲမွဲတေသော အခြေအနေသို့ ရောက်ကြရ၏။ ထိုသူတို့သည် စီးပွားရေးအတွက် ပယောဂဝိပ္ပတ္တိ ဖြစ်သူများဟု မှတ်ယူရပေမည်။

အချို့သူတို့သည် ကျန်းမာရေးဂရုစိုက်ပြီး အသက်ရှည်စွာ အနာရောဂါကင်းအောင် နေထိုင်သင့်လျက် အရက် အလွန်အကျွံသောက်သဖြင့် ရောဂါရပြီး အသက်တိုကြကုန်၏။ ထိုသူတို့သည် ကျန်းမာရေးအတွက် ပယောဂ ဝိပ္ပတ္တိ ဖြစ်သူများဟု မှတ်ယူရပေမည်။

သာသနာဘောင်အတွင်း ရဟန်းဘဝဖြင့် ကိလေသာကုန်ကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း ကျင့်ကြံအားထုတ် သင့်လျှက် ရဟန်းသိက္ခာတော်ကို မစောင့်စည်း၊ ဝိနည်းဒေသနာတော်ကို မလေးစား၊ အနေအထိုင်မဆင်ခြင်ဘဲ သင်္ကန်းဝတ်ရုံမျှသာဖြစ်၏။ ထိုရဟန်းသည် သူတော်ကောင်းတရားကို မသိမမြင်နိုင်၊ သီလ၊ သမာဓိ၊ ပညာတို့ကို မရနိုင်ပေ။ ထိုရဟန်းသည် ရဟန်းတရား အားထုတ်မှုတွင် ပယောဂဝိပ္ပတ္တိဖြစ်သော ပုဂ္ဂိုလ်ဟု သိမှတ်ရပေမည်။

လောကီဆိုင်ရာ ကောင်းသောရည်မှန်းချက်အတွက်ဖြစ်စေ၊ လောကုတ္တရာဆိုင်ရာ ကောင်းသောရည်မှန်းချက် အတွက်ဖြစ်စေ၊ ထိုရည်မှန်းချက်သို့ရောက်ရှိအောင် အားထုတ်ခြင်းမျိုး မဟုတ်ဘဲ ထိုရည်မှန်းချက်သို့ရောက်ရေး ကို နှောက်နှေးစေသော အားထုတ်ခြင်း၊ ထိုရည်မှန်းချက်နှင့်လွဲချော်သော အားထုတ်ခြင်း၊ ထိုရည်မှန်းချက် ပျက်စီးစေသော အားထုတ်ခြင်းတို့သည် ပယောဂဝိပ္ပတ္တိပင် ဖြစ်၏။ ကောင်းကျိုးချမ်းသာကိုမရဘဲ ဆိုးကျိုး ဒုက္ခကိုရစေသော အားထုတ်ခြင်း၊ အကျိုးမရှိသည့်အပြင် အကျိုးယုတ်စေသော အားထုတ်ခြင်းတို့သည်လည်း ပယောဂဝိပ္ပတ္တိပင်ဖြစ်၏။ ဝိပ္ပတ္တိ၏ ဆန့်ကျင်ဘက်မှာ သမ္ပတ္တိ ဖြစ်၏။ ဝိပ္ပတ္တိသည် ဆုတ်ယုတ်ခြင်း၊ ကျဆင်းခြင်း၊ မပြည့်စုံမလုံလောက်ခြင်း၊ မကောင်းခြင်း၊ ဆိုးရွားခြင်း၊ ညံ့ဖျင်းခြင်း၊ ချို့ယွင်းခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ရ၏။ သမ္ပတ္တိသည် ကောင်းမွန်ခြင်း၊ လုံလောက်ပြည့်စုံခြင်း၊ တင့်သင့်လျှောက်ပတ်ခြင်း၊ လျှော်ကန်သင့်မြတ်ခြင်း ဟု အဓိပ္ပာယ်ရ၏။

ဝိပ္ပတ္တိတရားသို့သည် ကြုံဆုံရသော ပုဂ္ဂိုလ်၊ သတ္တဝါတို့အတွက် ကောင်းကျိုးချမ်းသာရရန် ခဲယဉ်းစေ၊ အားနည်း စေပြီး ဆိုးကျိုးအမျိုးမျိုး၊ ဆင်းရဲဒုက္ခအမျိုးမျိုးတို့ ကြုံတွေ့နိုင်သောကြောင့်ဝိပ္ပတ္တိတရားတို့နှင့် ကင်းလွတ်ကာ သမ္ပတ္တိတရားနှင့်သာ ကြုံဆုံရန် အားထုတ်သင့်ပေသည်။ သမ္ပတ္တိတရားနှင့်သာ ကြုံဆုံရန် ဆုတောင်းသင့် ပေသည်။

- ဂတိဝိပ္ပတ္တိနှင့် ကင်းလွတ်ပြီး ဂတိသမ္ပတ္တိနှင့်သာ ကြုံဆုံစေကြောင်း။
- ကာလဝိပ္ပတ္တိနှင့် ကင်းလွတ်ပြီး ကာလသမ္ပတ္တိနှင့်သာ ကြုံဆုံရစေကြောင်း။
- ဥပဓိဝိပ္ပတ္တိနှင့်ကင်းလွတ်ပြီး ဥပဓိသမ္ပတ္တိနှင့်သာ ကြုံဆုံရစေကြောင်း။
- ပယောဂဝိပ္ပတ္တိနှင့် ကင်းလွတ်ပြီး ပယောဂသမ္ပတ္တ္တိနှင့်သာ ကြုံဆုံရစေကြောင်း ဆုတောင်းသည့်အပြင် အားထုတ်သွားကြရန် သင့်ပေသည်။

ဗျသနတရား (၅) ပါး

ဗျသန ဟူသော ပါဋ္ဌိဝေါဟာရ၏ အဓိပ္ပာယ်မှာ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရ၏။
ဗျသန (၅)ပါးတို့မှာ အောက်ပါတို့ဖြစ်သည်။
၁။ ဘောဂဗျသန - - - အိုးအိမ်၊ ဥစ္စာ၊ စီးပွား၊ ပိုင်ဆိုင်မှုတို့ ပျက်စီးခြင်း။
၂။ ရောဂ ဗျသန - - - ရောဂါဘေးဖြင့် သေကျေပျက်စီးခြင်း။
၃။ ဉာတိ ဗျသန - - - ဆွေမျိုးဉာတကာတို့ သေဆုံးပျောက်ကွယ် ပျက်စီးခြင်း။
၎။ သီလ ဗျသန - - - သီလ ပျက်ခြင်း။
၅။ ဒိဋ္ဌိ ဗျသန - - - အယူမှားယွင်းခြင်း၊ ပျက်စီးခြင်း။

အိုးအိမ်၊ ဥစ္စာ၊ စီးပွား၊ ပိုင်ဆိုင်မှုတို့ ပျက်စီးဆုံးရှုံးခြင်း၊ ရောဂါဘေးဖြင့် အသက်အန္တရာယ်ကျရောက်ခြင်း၊ ဆွေမျိုး ဉာတကာတို့ သေးဆုံးပျောက်ကွယ် ပျက်စီးခြင်းတို့ကြုံရသူတို့မှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ကြရပေမည်။ ထိုဆင်းရဲဒုက္ခခံစားနေရသဖြင့် ကောင်းကျိုးရရေး မဆောင်ရွက်နိုင်၊ ကုသိုလ်ကောင်းမှု မပြုနိုင်ဖြစ်ကြရ၏။ ကောင်းကျိုးရရေးနှင့် ကုသိုလ်ကောင်းမှုတို့အတွက် ဆောင်ရွက်အားထုတ်ရန် မဆိုထားနှင့် စိတ်ကူးနိုင်ဖို့ပင် ခဲယဉ်းပေလိမ့်မည်။

ကိုယ်ကျင့်သီလပျက်သော လူပုဂ္ဂိုလ်၊ ကျင့်ဝတ်ပျက်သော ရဟန်းတို့အပေါ်၌ အများပြည်သူတို့ ယုံကြည်မှု၊ လေးစားကြည်ညိုမှုမရှိ ဖြစ်ကြပေသည်။ ကိုယ်ကျင့်သီလ၊ (၅)ပါးသီလ၊ (၈) ပါးသီလ၊ (၉) ပါးသီးလ ရဟန်းသီလ သိက္ခာသီလ အစရှိသည့် မိမိထိန်းသိမ်းစောင့်ရှောက်နေသော သီလဖြင့်ကျင့်ကြံနေထိုင်ရာမှ သီလပျက်ခြင်း မဖြစ်သင့်ပေ။ သီလစောင့်ထိန်းနိုင်သူအတွက် ယခုဘဝ၌လည်း လူကောင်းသူကောင်း၊ သူတော်ကောင်း စာရင်းဝင်အဖြစ် အများလေးစားသူဖြစ်ရသည့်အပြင် နောင်ဘဝအတွက်လည်း ကောင်းမူကုသိုလ်ဖြစ်လေ၏။ သီလ စောင့်ထိန်းခြင်းဖြင့် ယခုဘဝ၌လည်းကောင်းသည့်အပြင် နောင်ဘဝ၌လည်း ကောင်းလေ၏။

ထိန်းသိမ်းအပ်သော သီလပျက်သောသောသူအတွက် ကောင်းမှုကုသိုလ် ယုတ်လျှော့ကျဆင်း ပျက်သုဉ်းသွားပြီး မကောင်းမှုအကုသိုလ် တိုးပွားစေမည်ဖြစ်သဖြင့် ယခုဘဝအတွက်လည်းမကောင်း၊ နောင်ဘဝအတွက်လည်း မကောင်း ဖြစ်လေ၏။

ကောင်းမွန်မှန်ကန်သော အယူရှိပါက သမ္မာဒိဋ္ဌိဖြစ်၏။ မှားယွင်းသော မကောင်းသော အယူရှိပါက မိစ္ဆာဒိဋ္ဌိ ဖြစ်၏။ ကောင်းမွန်မှန်ကန်သောအယူ (သမ္မာဒိဋ္ဌိ) ကို ခံယူလက်ခံထားရာမှ မှားယွင်းသော မကောင်းသောအယူ (မိစ္ဆာဒိဋ္ဌိ) ကို ပြောင်းလဲခံယူလက်ခံ လိုက်သောသူသည် ဒိဋ္ဌိဗျသန ဖြစ်သွားသောသူ ဖြစ်လေ၏။

လောကီအတွက်ဖြစ်စေ၊ လောကုတ္တရာအတွက်ဖြစ်စေ၊ မှန်ကန်ကောင်းမွန်သောအသိအမြင် အယူအဆ ထားရှိရန် လိုအပ်ပေသည်။ မှားယွင်းသော အယူအဆ၊ မှားယွင်းသော အယူဝါဒ ထားရှိပြီး ဆောင်ရွက်အားထုတ် သမျှ အမှားများကိုသာဖြစ်စေပြီး လွဲမှားသောအဖြစ်သို့ ရောက်ရလေတော့၏။ ပိုမိုရှင်းလင်းစွာ နားလည် စေခြင်းငှာ ဥပမာအချို့ကို ဖေါ်ပြလိုက်ရပေသည်။

ဥပမာ (၁)
ဆေးလိပ်သည် သောက်သုံးရန်မသင့်ဟု မှန်ကန်စွာနားလည် သိမြင်လက်ခံထားလျှင် ကောင်းမွန်မှန်ကန်သော အသိအမြင် အယူအဆဖြစ်၏။ လူငယ်အချို့သည် လူကြီးမိဘ ဆုံးမထားသည့်အတိုင်း မှန်ကန်စွာမခံယူတော့ဘဲ အပေါင်းအသင်းတို့၏ ဆွဲဆောင်စည်းရုံးခြင်းကို လက်ခံလိုက်ရာမှာ ဆေးလိပ်ရှူရှိုက်သောက်သုံးရသည်မှာ အရသာရှိသည်ဟု လည်းကောင်း၊ ခေတ်မှီသည်ဟုလည်းကောင်း ယူဆလက်ခံလိုက်မိပြီး တကယ်ပင် ဆေးလိပ် သောက်သုံးသဖြင့် ဆေးလိပ်စွဲသူဖြစ်ရလေတော့၏။ ထိုလွဲမှားသူအဖြစ်မှ ပြန်လည်တည့်မတ်ရန် ခဲယဉ်းတော့၏။ ဆေးလိပ်စွဲသဖြင့် ဆေးလိပ်ဖိုးကုန်ရ၏။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်နှင့်ဆိုင်သော ရောဂါလည်း ရနိုင်လေတော့၏။ ဆေးလိပ်နှင့်ပတ်သက်၍ လွဲမှားသော အယူထားရှိပြီး လွဲမှားစွာ အားထုတ်မိရာမှ လွဲမှားသော သူ အဖြစ်သို့ ရောက်လေသည်ဟု မှတ်ယူရပေမည်။ လူကြီးမိဘဆုံးမသည့်အတိုင်း ဆေးလိပ်သောက်ရန် မသင့်ဟူသော မှန်သောအယူ (သမ္မာဒိဋ္ဌိ) ပျက်ပြားသဖြင့် ဒိဋ္ဌိဗျသနပင် ဖြစ်လေ၏။

ဥပမာ (၂)
အိမ်ထောင်ရှင်အမျိုးသားတဦးသည် ဇနီးသားသမီးတို့နှင့်အတူ သာယာချမ်းမြေ့စွာနေ၏။ အိမ်ထောင်ရေး သာယာအောင် ထိန်းသိမ်းဦးစီးနိုင်၏။ မိသားစုစားဝတ်နေရေးပြေလည်ရေး၊ ဝင်ငွေစီးပွားကောင်းမွန်ရေး၊ အဆင်ပြေရေးအတွက် ဆောင်ရွက်နိုင်၏။ အသောက်အစား၊ လောင်းကစား၊ အပျောက်အပါးတို့နှင့် ကင်းရှင်း အောင် နေ၏။ ထိုအိမ်ထောင်ရှင်သည် မိမိ ကိုယ်ကျင့်တရား ကောင်းမွန်ရိုးသားစွာ ကြိုးစားအားထုတ်မှုဖြင့် အိမ်ထောင်ရေးသာယာသည်ကို နှစ်သက်ဝမ်းသာဂုဏ်ယူဖွယ်ဖြစ်သည်ဟု နားလည်ခံယူထား၏။ ထိုသူသည် အိမ်ထောင်ရေးနှင့် ပတ်သက်၍ မှန်ကန်သောအယူ ရှိသူဖြစ်လေ၏။

ထိုအိမ်ထောင်ရှင်အမျိုးသားသည် သူငယ်ချင်းအပေါင်းအသင်းတို့၏ တိုက်တွန်းဆွဲဆောင် စည်းရုံးခြင်းကိုခံရပြီး အရက်သောက်မှလူရာဝင်သည် ဟုလည်းကောင်း၊ ပတ်ဝန်းကျင်းကို ဂရုစိုက်နေရန်မလိုဟုလည်းကောင်း၊ လွဲမှား သောအယူအဆများကို ခံယူကျင့်သုံးလိုက်သဖြင့် အရက်သမားဘဝသို့ ရောက်တော့၏၊ အိမ်ထောင်ရေး သာယာမှု ထိခိုက်ပြီး စီးပွားရေးကျလာ၏။ အရက်သောက်သုံးမှုမှ ရောဂါလည်းရနိုင်၏။ ထိုသူသည် မိမိနှင့် မိမိအိမ်ထောင်ရေးအတွက် မှန်ကန်သောအယူအဆမှ မှားယွင်းသောအယူကို လက်ခံကျင့်သုံးသူဖြစ်၏။ အိမ်ထောင်ရေး အတွက် ဒိဋ္ဌိဗျသန ဖြစ်လေ၏။

ဥပမာ (၃)
နိုင်ငံရေးသမားတဦးသည် နိုင်ငံနှင့်ပြည်သူတို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံလျှက် ဖြူစင်ရိုးသားစွာ လှုပ်ရှား ဆောင်ရွက်ခြင်းသည် ကောင်းမြတ်သော အလုပ်ဖြစ်သည်ဟူသော အယူအဆဖြင့် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး အတွက် ရိုးသားကောင်းမွန်စွာ သယ်ပိုးဆောင်ရွက်နေရာမှ နိုင်ငံရေးဘန်းပြပြီး ကိုယ်ကျိုးရှာသူများနှင့် ပေါင်းမိ ရာ ကိုယ်ကျိုးစီးပွားသာအဓိကဟူသော အယူအဆကိုလက်ခံကာ ကိုယ်ကျိုးရှာလာလျှင်သော်လည်းကောင်း၊ နိုင်ငံရေးဝါဒစွဲ အစွန်းရောက်သူများနှင့်ပေါင်းမိပြီး တယူသန်အစွန်းရောက်သော အယူအဆကိုလက်ခံကာ အစွန်းရောက်အကြမ်းဖက်လုပ်ရပ်များ လုပ်လာလျှင်သော်လည်းကောင်း ထိုသူသည် နိုင်ငံရေးနှင့်ပတ်သက်၍ မှန်သော အယူ (သမ္မာဒိဋ္ဌိ) ပျက်ပြားပြီး မှားသောအယူ (မိစ္ဆာဒိဋ္ဌိ) ဖြစ်လေ၏။ နိုင်ငံရေး ဒိဋ္ဌိဗျသန ဖြစ်လေ၏။

ဥပမာ (၄)
ပုဂ္ဂိုလ်တစ်ဦးသည်ကိုးကွယ်ရာ အစစ်အမှန်ဖြစ်သော ဘုရား တရား သံဃာ ရတနာ သုံးပါးကို ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်ပြီး ထိုရတနာသုံးပါး၏ အဆုံးအမနှင့် လျှော်ညီစွာ ကျင့်ကြံနေထိုင်၏။ ထိုသူသည် ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွင် မှန်ကန်သောအယူ (သမ္မာဒိဋ္ဌိ) ဖြစ်၏။ သို့သော် ထိုပုဂ္ဂိုလ်သည် အိမ်ထောင်ဘက်မှဖြစ်စေ၊ အပေါင်းအသင်း မိတ်ဆွေတို့မှဖြစ်စေ၊ ဆွဲဆောင်စည်းရုံးမှုအရ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ် မယုံကြည်တော့ဘဲ ထိုပုဂ္ဂိုလ်သတ္တဝါက အရာရာကို ကူညီစောင့်ရှောက်သည်ဟု ယုံကြည်ကာ ထိုပုဂ္ဂိုလ်သတ္တဝါကိုသာ ယုံကြည်အားကိုးလေတော့၏။ ထိုသူသည် ဗုဒ္ဓဘာသာအရ ယုံကြည် ကိုးကွယ်မှုတွင် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်သော သမ္မာဒိဋ္ဌိပျက်သွားသဖြင့် ဒိဋ္ဌိဗျသန ဖြစ်လေ၏။

အထက်ဖေါ်ပြပါ ဥပမာများတွင် မှန်ကန်သောအယူပျက်ပြားပြီး မှားယွင်းသောအယူကို လက်ခံကျင့်သုံးခြင်း ဟူသော ဒိဋ္ဌိဗျသနကြောင့် လောကီ လောကုတ္တရာ အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးစေကြောင်း ကောင်းစွာ သိရှိနိုင်ပေသည်။ အထူးသဖြင့် စစ်မှန်သောယုံကြည်ကိုးကွယ်မှုပျက်ပြားသော ဒိဋ္ဌိဗျသန ဖြစ်ပါမူ ယခုဘဝလည်း စစ်မှန်ကောင်းမွန်သော အဆုံးအမ တရားတို့နှင့် ဝေးကွာသွားယုံသာမက နောင်ဘဝ အတွက်ဖြစ်စေ လောကုတ္တရာ ကောင်းကျိုးချမ်းသာအတွက်ဖြစ်စေ မှန်သောအယူမပျက်စေရန် (ဒိဋ္ဌိဗျသန မဖြစ်စေရန်) အလေး ထားဂရုပြုသင့်ပေသည်။

ဗျသနတရား (၅) ပါးသည် ကြုံတွေ့ရသော ပုဂ္ဂိုလ်၊ သတ္တဝါတို့အတွက် ကောင်းကျိုးချမ်းသာဆုတ်ယုတ်ပျက်စီးပြီး ဆိုးကျိုးဒုက္ခနှင့် ကိုယ်စိတ်ဆင်းရဲခြင်းကိုသာရစေသဖြင့် မည်သည့်အခါ၌မဆို ကင်းလွတ်ငြိမ်းစေကြောင်း ကောင်းသော အသိတရားဖြင့် ဆုတောင်းအားထုတ် သင့်ပေသည်။

စာဖတ်သူပရိသတ်တို့သည် မိမိဘဝ၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံတွင် သြကာသ ဘုရားရှိခိုးတွင်ပါရှိသည့် မကြုံဆုံ သင့်သော၊ ကောင်းကျိုးချမ်းသာ ဆိတ်သုဉ်းကင်းဝေးစေသော မကောင်းမှုနှင့် ဆိုးကျိုးသာ တိုးပွားစေသော ဆင်းရဲဒုက္ခဖြစ်စေသော အဆိုးတရားများ အဘယ်မျှ ဖြစ်ထွန်းစေသည်၊ ဖြစ်ထွန်းနေသည်ကို ဂရုပြုသုံးသပ် သင့်ပေသည်။

ထိုအဆိုးတရားတို့ကား အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးတရားငါးပါး၊ ဝိပ္ပတ္တိတရားလေးပါး၊ ဗျဿနတရားငါးပါး တို့ဖြစ်၏။ မိမိတို့ဘဝ၊ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့နိုင်ငံတွင် ထိုအဆိုးတရားတို့ ဖြစ်ထွန်း စေလျှက်၊ ဖြစ်ထွန်းနေလျှက်ရှိပါလျှင် အဘယ်သို့ တားဆီး၊ အဘယ်သို့ လွတ်ကင်းအောင် နေထိုင်အားထုတ် သင့်သည်ကို နားလည်သိရှိရန် လိုအပ်ပေသည်။ (ဆက်လက် ထုတ်ဝေသွားမည့် စာစောင်များတွင် အဘယ်အကြောင်း အရာကိစ္စတို့သည် ဤသြကာသ ဘုရားရှိခိုးပါ အဆိုးတရားများဖြစ်ကြောင်းနှင့် မည်သို့ တားဆီး၊ မည်သို့လွတ်ကင်းအောင် အားထုတ်သင့်ကြောင်း အလျှဉ်းသင့်သလို ဖေါ်ပြသွားပါမည်။)

ရှေးအစဉ်အဆက်ဆက်မှ ယခုထိတိုင် မြန်မာပြည်သား ဗုဒ္ဒဘာသာဝင်တို့ သြကာသ ဘုရားရှိခိုးကို တဦးချင်း ရွတ်ဆို၍ဖြစ်စေ၊ လူအများစု သံပြိုင်ညီညာစွာ ရွတ်ဆို၍ဖြစ်စေ ဘုရား တရား သံဃာရတနာသုံးပါးကို ရှိခိုးပူဇော်ကန်တော့ကြသည်မှာ ချစ်ခင်လေးစားဖွယ် ကောင်းမြတ်သော အစဉ်အလာ ဖြစ်ပေသည်။ ရှေး သူတော်ကောင်း ပညာရှိရဟန်းတို့ စီမံပေးထားခဲ့သည့် ဤ သြကာသဘုရားရှိခိုးကို ကောင်းမြတ်သော အစဉ် အလာအဖြစ် ဆက်လက်ထိန်းသိမ်းသွားသင့်သည့်အပြင် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် အဓိပ္ပာယ်ကိုပါ ကောင်းမွန် ရှင်းလင်းစွာ လေးလေးနက်နက်နားလည် သိရှိထားသင့်ပေသည်။ ထိုသို့ကောင်းစွာ သိရှိနားလည်ပြီး ရှိခိုးပူဇော်
ကန်တော့မှသာ ပိုမိုကုသိုလ်ရရှိမည်ဖြစ်သဖြင့် သြကာသ ဘုရားရှိခိုးအကြောင်း ရှင်းလင်းတင်ပြရေးသား လိုက်ရပေသည်။

သတ္တဝါမှန်သရွေ့ အလင်းတွေ့ချမ်းမြေ့ကြပါစေ။

သူရသေန


ကျမ်းကိုးကျမ်းကား
၁။ အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)၏ ရတနာ့ဂုဏ်ရည်ကျမ်း
၂။ အရှင်သြသဓ၏ ဓမ္မာရုံကျမ်းစာ

Read More...