Friday, July 10, 2009

သတင်း

နအဖတပ်အရာရှိတဦး လွတ်မြောက်နယ်မြေသို့ ထွက်ပြေးခိုလှုံ

PVA/19 June 2009

တပ်မ(၇၇)လက်အောက်ခံ၊ ခမရ(၂၀၆) မှ ဗိုလ်ကြီး အဆင့်ရှိ သူရနိုင်သည် (၁-၆-၀၉) နေ့တွင် အထက် အရာရှိများ၏ ဖိနှိပ်မှုကို မခံမရပ်နိုင်တော့သဖြင့် လွတ်မြောက်နယ်မြေသို့ ထွက်ပြေးရောက်ရှိလာပြီး ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသို့ ခိုလှုံအကူအညီတောင်းခံခဲ့ပါသည်။

ဗိုလ်ကြီးသူရနိုင်သည် မြဝတီမြို့ အနီးရှိ မယ်ထော်လေး (ရှေ့တန်း)တပ်စခန်းတွင် ကွပ်ကဲတာဝန် ထမ်းဆောင် နေရာမှ ထွက်ပြေးလာခြင်း ဖြစ်သည်။ နအဖတပ်အတွင်း၌ အထက်အရာရှိ အဆင့်ဆင့်၏ ဖိနှိပ်မှု၊ နိုင်ထက်စီးနင်းလုပ်မှု၊ မတော်မတရားလုပ်မှုများကို ဆက်လက် သည်းမခံနိုင် တော့သဖြင့် တပ်စခန်းမှ စွန့်ခွါ ထွက်ပြေးလာကြောင်း သိရသည်။

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ဗိုလ်ကြီးသူရနိုင်အား ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးခဲ့ပြီး မျိုးချစ်စစ်သည်ဟောင်းများအဖွဲ့သို့ ဆက်သွယ်ပေးပို့ခဲ့ပါသည်။

0 comments: