ရဲရင့်သက်ဇွဲ
မေမေ …
ဒုက္ခကို အရောင်ဆိုးထားတဲ့ ခေတ်ပျက်ကြီးထဲမှာ
ကျနော်ဟာ အမေ့ရဲ့ဝန်ထုတ်ဝန်ပိုးကြီးပါ။အမေပြောနေကျစကားမိဘကျေးဇူး မသိတတ်တာလေးကလွဲလို့ အလွန်လိမ္မာတဲ့သား ၊ မှတ်မှတ်ရရမှတ်သားရင်းတိတ်ဆိတ်စွာ သားကောင်အနံ့ကိုရတဲ့မုဆိုးတယောက်ရဲ့ စိတ်လူပ်ရှားမှုမျိုးနဲ့ နှုတ်ဆက်ခွဲခွာအနာဂတ်သစ်တွေရှိမယ့်နေရာထွက်ခွာသွားပေါ့ ။နှစ်ဆယ့်တနှစ် တဲ့အလွမ်းသင့်ကျိန်စာမြစ်ထဲမှာအကြိမ်ကြိမ်နစ်လို့အိမ်ပြန်ချင်တဲ့ စိတ်မှာကျနော်တမ်းတမေမေ့ အမည်နာမတခုသာကြယ်ကြွေတွေကြားမှာသားတွေရဲ့ ကံကြမ္မာမေမေ့ရဲ့ ဝဋ်ကျွေးတွေများလားငမိုက်သားများကို ခွင့်လွှတ်ပါ။မေမေ … အိပ်မပျော်တဲ့ ညများမှာကောင်းကင်ကိုမောကြည့်ကြယ်တွေကို ရေတွက်ရင်းလရဲ့မျက်နှာပြင်မှာသားတွေရဲ့ ပုံရိပ်ကိုရှာဆွေးမြေ့စွာကြေကွဲအိပ်မက်တွေက သတိတရနဲ့မေမေ့အပေါ် လဲပြိုပိကျကျနော့်အပေါ် လဲပြုပိကျ ။မေမေရေ …ပြန်လည်ကြားယောင်မိပေါ့(သူပုန်မိခင်တရား ၂၁နှစ်ကြာလည်းမခါး)သူရဲကောင်းတို့ရဲ့ အမွေတဘ၀မှာ တခါသာ သေသားရေ …တဘ၀မှာ တခါသာသေသတဲ့အားကြီးတဲ့ ရန်သူရှေ့မှာနှမ်းတစေ့လောက်တောင်အကြောက်တရားနဲ့ မဖောက်ပြားလေနဲ့မေမေ့ကို ဖမ်းဆီးနှိပ်စက်အဲဒီအတွက်လည်း စိတ်မပူနဲ့မတရားတဲ့ အမိန့်အာဏာဟူသမျှတာဝန်အရ ဖီဆန်ကြရမှာပဲ မဟုတ်လား ။နှစ်ဆယ့်တနှစ်လုံးလုံးဗေဒါပန်းထုံး နှလုံးမူပြီးစောင့်ခဲ့ရတာပါအခုမှတော့သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူးသန်းခေါင်ထက် ညဥ့်မနက်တော့ပါဘူး ။
ရဲရင့်သက်ဇွဲ
Read More...
Collapse...
နွေဦးမှာ ဖူးခွင့်မရတဲ့သစ်ပင်
ဒါ… ရှစ်ဆယ့်ရှစ်
နှစ်ဆယ့်တနှစ်ပြည့်ခဲ့ပြီ။
အအေးခန်းထဲက
သွေးနွေးသတ္တဝါတွေသာ
ဆူပွက်နေကြ…။
ဒါ… ရှစ်ဆယ့်ရှစ်
နှစ်ဆယ့်တနှစ်ပြည့်ခဲ့ပြီ။
နဖူးကချွေး ခြေမ ကျရင်တောင်
ပန်းတို့ပွင့်လောက်ပြီ။
ဒါ… ရှစ်ဆယ့်ရှစ်
နှစ်ဆယ့်တနှစ်ပြည့်ခဲ့ပြီ။
ဆုံချက်မရှိတော့
သူခိုးထင်ခဲ့တဲ့ သားမက်က
အမှန်တကယ် ဇရက်ဖြစ်နေလေရဲ့။
ရဲသွေး
၂၀၀၉ သြဂုတ် ၈ ရက်
Read More...
Collapse...
ကြယ်တာရာစစ်ပွဲ
ညရဲ့သစ်ပင်မှာ
တိတိပပ ပွင့်ဖူးခဲ့ပါရက်နဲ့
မမြင်နိုင်တဲ့ဆွဲအား
ကြယ်တွေကြွေစေသတဲ့လား။
ဟောဒီ စကြာဝဌာအခင်းအကျင်းမှာ
ရှင်းရှင်းလင်းလင်းနဲ့
အချင်းချင်းမထိခိုက်ကြကြေး
အသွေးအရောင်အမျိုးမျိုး
ကိုယ့်ဝင်ရိုးနဲ့ကိုယ်
လွတ်လွတ်လပ်လပ် လည်ပတ်ခွင့်ရှိတယ်လေ။
တွန်းတိုက်ပွန်းရှ
အစအနတွေအားလုံးက
ဂြိုလ်ပြာကြီးအတွက်
တောအထပ်ထပ်
တောင်အသွယ်သွယ်
ပင်လယ်အစင်းစင်း
ကန္တာရတွေ တကွင်းပြီးတကွင်း
ရင်တွင်းမှာ သွေးချင်းချင်းနီစေတယ်။
နေတွေလတွေ ကြတ်ပြီးရင်
ကမ္ဘာမကြတ်ပါဘူးလို့
ဘယ်သူပြောနိုင်မလဲ။
စိတ်ကူးတွေတောင်ပံတပ်လို့
ဘာသာရပ်တွေရွက်လွှင့်ကြ
ဒီအရပ်မှာ လေတိုက်အားပြင်းတယ်။
ရဲသွေး
Read More...
Collapse...
ညရဲ့ပင်လယ်
စီးပွားဖြစ်တော့ မဟုတ်ခဲ့ဘူး
အိပ်စက်ခြင်းကို အခိုးခံနေရမယ့်အတူတူ
ညကို ကဗျာထဲ ဖိတ်ခေါ်လိုက်မိရဲ့။
ကျနော်ဟာ ညထဲမှာစီးမျော
ညဟာ ကဗျာထဲမှာစီးမျော
တသွေးတသားတည်းရှိရာအရပ်မှာ
ပင်လယ်ဟာ အရုဏ်ဦးဖြစ်ရင်
အနားသတ်ကမ်းစပ်က နေ့သစ်တရက်ပေါ့။
ကဲ... မိုးမလင်းခင် ကူးခတ်ဦးစို့လား။ ။
ရဲသွေး
Read More...
Collapse...
People Volunteers’ Association
ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း ဆိုတာ အမှောင်ကိုခွင်း အလင်းကိုဆောင် ယောင်တောင်တောင် အတတ မြန်မာပြည်သားတွေရဲ့ ဘဝတွေကို ရသတွေ ဖြည့်စွက် အနာဂတ် လှပဖို့အတွက် ရှေ့ဆောင် လမ်းညွှန် ကြယ်ဓူဝံ လို့ တမ်းတခေါ်ဖို့ ဖြစ်တည်လာတယ်။ စေတနာ့ ဝန်ထမ်း လက်ဆင့် ကမ်းပြီး ဝေးလံခေါင်ဖျား ရွာတွေသွားလို့ စက်ရုံတွေ ဆင်း ဟောပြောခြင်းနှင့်…။ ဓမ္မအလင်း ၊ မြန်မာ့သတင်း၊ ကမ္ဘာ့သတင်း စာပေဖြန့်ဝေ လုပ်ဆောင်ချက်တွေ လူမှုရေးစုံ ၊ ကျန်းမာရေး အကုန် တမျိုးနဲ့တမျိုး မရိုးရအောင် ကြိုးစားဖြေရှင်း ကုသရင်းနှင့်…။ မြန်ပြည်သားများ အားကိုးစရာ PVA အသင်းကြီး အဓွန့် ရှည်ပါစေ။ ကျော်ကျော် (အကောင်းဆုံး မြေသြဇာ)PVA - 0017
Read More...
Collapse...
တာဝန်ပေးတဲ့သမိုင်းများ
ပဉ္စလက်ရာသီမှာ
မုတ်သုံသစ်တောတွေက
စိမ်းလန်းခြင်းကို လုယက်ခံထားရသတဲ့။
ကျေးဇူးပဲ အယ်လ်ဂိုး*ရေ…
အကျိုးစီးပွားနဲ့ အပေးအယူလုပ်တဲ့ခေတ်မှာ
ကမ္ဘာကြီးက ပူနွေးလာသလောက်
အတ္တတွေက အေးခဲသွားကြတယ်။
အမှန်တရားက ခါးသက်သလောက်
မုသားက ချိုမြိန်တယ်။
မျက်လုံးတွေက ပိုစိမ်းလာသလောက်
တော်လှန်ရေးက အပေါစားဆန်လာတယ်။
ဒါ…ကျနော်တို့ထုဆစ်တဲ့
ကမ္ဘာသစ်ရဲ့ ပုံရိပ်စစ်တွေလား။
နေလုံးထမ်းထားတဲ့ခေတ်ကြီးကို
အလျားလိုက်ဖြတ်ကူးဖို့
ကျနော်တို့ရဲ့ပုခုံးပေါ်ကို
သမိုင်းက တာဝန်တွေပစ်တင်ပေးလိုက်တယ်။ ။
ရဲသွေးအယ်လ်ဂိုး* အမေရိကန် ဒုတိယသမ္မတဟောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကျွမ်းကျင်ပညာရှင်
Read More...
Collapse...
ကဗျာကဏ္ဍအတွက်တော့ " နွမ်းလျှအိမ်ပြန် " ဆိုတဲ့ ကဗျာလေးကို အရင်ဆုံးတင်ချင်ပါတယ်။ ၂၃၊ ၄၊ ၂ဝဝ၂ က ရေးသားထားတဲ့ ကဗျာဟောင်းလေးတပုဒ်ပေမယ့်လည်း ဘယ်ကိုမှမပို့ဖြစ်ဘဲ ဒိုင်ယာရီထဲမှာ ဒီအတိုင်း ကျန်နေခဲ့တဲ့အတွက် အမှတ်တရအဟောင်းလေးတပုဒ်ပါ။
နွမ်းလျှအိမ်ပြန်
တမ်းတခြင်းတွေခင်းကျင်းရရင်
မိုင်ထောင်ချီရှည်လျှားလောက်တယ်။
အနီးဆုံးရဲ့ဟိုဘက်စွန်း အဆုံးစွန်မှာ
ဆန္ဒတွေဆူပွက်နေကြပေါ့။
နေ့ရက်တန်းတွေ ကွေးခေါက်သွားလောက်အောင်
အချိန်ကို အကျဉ်းချုံ့လိုက်ချင်တယ်။
မေမေ့ရင်ခွင်တံခါးတွေဟာ
လွမ်းဆွတ်မျှော်လင့်မှုလေနဲ့
တဖျပ်ဖျပ်လူးလွန့်နေကြမှာ
မြင်ယောင်ပါသေးရဲ့။
မနက်တွေတိုင်း…
ညနေတိုင်း…
နေ့ရက်တိုင်းမှာ
ထမင်းဝိုင်းနံဘေးက မီးဖိုလေး
မငြိမ်းသေးတာ သေချာပါတယ်။
ရဲသွေး
၃ဝ မေ ဝ၉
Read More...
Collapse...
ဆုံဆည်းရာ ဘလော့ဂ်ရဲ့ကဗျာကဏ္ဍမှာရေးသားခဲ့တဲ့ " နေ့သစ် " ဆိုတဲ့ကဗျာလေးကို မျှဝေချင်ပါတယ်။
နေ့သစ်
ပြက္ခဒိန်တွေကိုပဲ ငေးငေးနေတတ်တာ
ပြစ်တင်မစောလိုက်ပါနဲ့ ညီမလေးရေ...။
အမှောင်ထုကို ဖြတ်သန်းဘူးမှ
အလင်းရဲ့တန်ဘိုးကို သိရမယ်။
ပဋိပက္ခတွေကို ရင်ဆိုင်ဘူးမှ
ငြိမ်းချမ်းခြင်းကို ခံစားနိုင်မယ်။
အနှောင်အဖွဲ့ကြားမှာ ရှင်သန်ဘူးမှ
လွတ်လပ်ခြင်းကို နားလည်နိုင်လိမ့်မယ် မဟုတ်လား။
အခုတော့...
သံတိုင်တွေကြားကပဲ
ပြက္ခဒိန်တွေကို ငေးမော
အနာဂတ်အတွက်တွေးတောလို့
ရင်မောစွာငံ့လင့်နေတတ်ပြီလေ။
စစ်အုပ်စုရဲ့အကျဉ်းထောင်တွေထဲမှာ မတရားအကျဉ်းကျခံနေကြရသော နိုင်ငံရေးအကျဉ်းသားအားလုံးသို့ ဂုဏ်ပြုဦးညွှတ်လျှက်...
ရဲသွေး
၂၇ အောက်တိုဘာ ၂ဝဝ၇
Read More...
Collapse...