Showing posts with label ထုတ်ပြန်ကြေငြာချက်များ. Show all posts
Showing posts with label ထုတ်ပြန်ကြေငြာချက်များ. Show all posts

Tuesday, August 11, 2009

ထုတ်ပြန်ကြေငြာချက်များ

ရှစ်လေးလုံးအရေးတော်ပုံ (၂၁) နှစ်ပြည့် ထုတ်ပြန်ကြေငြာချက်

“ ဒီမိုကရေစီ ရရှိရေး ………. ဒို့အရေး ………. ဒို့အရေး”
“ အရေးတော်ပုံ ………. အောင်ရမည် ………. အောင်ရမည်”
ဟူသော ၁၉၈၈ ခုနှစ် လူထုအုံကြွတောင်းဆိုမှုနှင့်အညီ ရှစ်လေးလုံး လူထုတိုက်ပွဲဝင်မှုသည် ဒီမိုကရေစီမရ မချင်း ၊ အောင်ပွဲမရမချင်း တိုက်ပွဲဆက်လက်ရှင်သန်နေအုံးမည် ဖြစ်သည်။ ရှစ်လေးလုံးလူထုအရေးတော်ပုံ ကြီးသည် ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်သူရဲကောင်းတို့၏ အသက်သွေးတို့ဖြင့် အရင်းအနှီး ပေးခဲ့ရပြီး လူထုတရပ်လုံးပါဝင်သော ကြီးမားပြင်းထန်လှသည့် ကမ္ဘာကျော်သမိုင်းဝင် လူထုအရေးတော်ပုံကြီး ဖြစ်ခဲ့သော်လည်း အဘယ်ကြောင့် အောင်ပွဲမရရှိခဲ့သည်ကိုလည်းကောင်း၊ ယနေ့ထက်တိုင် အဘယ်ကြောင့် အောင်ပွဲ မရသေးသည်ကိုလည်းကောင်း ပြန်လည်သုံးသပ်သင့်ပေသည်။

ရှစ်လေးလုံးလူထုအရေးတော်ပုံ ပေါ်ပေါက်နေစဉ်ကာလအတွင်း တနိုင်ငံလုံးကို ဦးဆောင်ကွပ်ကဲနိုင်သော လူထုသပိတ်ဋ္ဌာနချုပ် မတည်ဆောက်နိုင်ခဲ့ခြင်း၊ စစ်တပ်အား ပြည်သူ့ဘက်ရပ်တည်ရေးအတွက် စည်းရုံး ဆွဲဆောင်နိုင်မှုမရှိခဲ့ခြင်း၊ အာဏာရအုပ်စုအား ချဉ်းကပ်၊ စည်းရုံး၊ ဖြောင်းဖျနိုင်မှု မရှိခဲ့ခြင်းတို့သည် ရှစ်လေးလုံး အရေးတော်ပုံ အဆုံးသတ်အောင်ပွဲ မရယူနိုင်ခဲ့သည့် အဓိကအကြောင်းရင်းများ ဖြစ်ပေသည်။ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးအား ပစ်ခတ်၊ သတ်ဖြတ်၊ နှိမ်နှင်း၊ ဖြိုခွဲခံရပြီးနောက်တွင် ဆက်လက်ရုန်းကန် တိုက်ပွဲဝင်မှု အသွင်သဏ္ဍာန်အမျိုးမျိုး၊ နည်းလမ်းအသွယ်သွယ် ဖြစ်တည်လာခဲ့ကြသော်လည်း စုစည်းညီညွတ်မှု အလွန် အားပျော့နေခြင်း၊ လူထုတရပ်လုံးလိုက်ပါနိုင်သည့် သေနင်္ဂဗျူဟာချမှတ်ဖော်ဆောင်မှု မရှိခြင်းတို့သည် အောင်ပွဲနှင့်ဝေးစေသော အဓိကအားနည်းချက်များ ဖြစ်ပေသည်။

ရှစ်လေးလုံး လူထုအရေးတော်ပုံ အောင်ပွဲမရယူနိုင်ခဲ့သောကြောင့် တစထက်တစ အခြေအနေဆိုးနေသော နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်သိသောအားဖြင့်လည်းကောင်း၊ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းတို့ အပေါ် သစ္စာတည်ကြည်သော အားဖြင့်လည်းကောင်း ရှစ်လေးလုံးတိုက်ပွဲဝင်စိတ်ဓာတ်ကို အခိုင်အမာ ကိုင်စွဲလျှက် အင်အားစုအသီးသီးပါဝင်သော အောင်ပွဲသို့ဦးတည်သည့် သေနင်္ဂဗျူဟာတရပ်ကို ချမှတ် ဖော်ဆောင်ကာ တိုက်ပွဲဝင်သွားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဒီမိုကရေစီအရေးတော်ပုံ မုချ အောင်ရမည်။

ဗဟိုဦးဆောင်ကော်မတီ
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း
သြဂုတ်လ ၈ ရက်၊ ၂၀၀၉ ခုနှစ်။

Read More...

Friday, July 10, 2009

ထုတ်ပြန်ကြေငြာချက်များ

၂၀၀၉ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ကဘန်ကောက်မြို့ Amari Watergate Hotel တွင် National Conference on labour Migration ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအရေး ကိစ္စ ညီလာခံတွင် ဆွေးနွေးခဲ့သော (Thailand Approves a New Registration Round for Irregular Migrant Workers from Myanmar / Burma, Lao and Cambodia) အား အခြေခံလူထု လူ့အခွင့်အရေး ပညာပေးရေး ဌာန လက်အောက်ရှိ မှတ်တမ်းဌာနမှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ မိမိတို့နှင့် နီးစပ်ရာ အဖွဲ့အစည်းများ ရွှေ့ပြောင်းအလုပ်သမားများသို့ ပြန်လည် လက်ဆင့်ကမ်း ဝေငှပေးကြပါရန် နှိုးဆော် အပ်ပါသည်။

ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ သတင်းအချက်အလက်ဇွန်လ၊ ၂၀၀၉ ခုနှစ်
အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိသေးသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများ အတွက် အလုပ်လုပ်ခွင့် မှတ်ပုံတင်ခြင်းကို ထိုင်းအစိုးရမှ အတည်ပြု ထုတ်ပြန်ချက်

၂၀၀၈ခုနှစ် စာရင်းဇယားအရ ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား ဦးရေမှာ ၁ သန်းနှင့် ၈ သိန်း (၁.၈) သန်းခန့်ရှိသည်။ ထိုရွှေ့ပြောင်းအလုပ်သမားများအနက် အလုပ်သမား ငါးသိန်းခန့် သာလျှင် ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်ခွင့်ကို မှတ်ပုံတင်ထားသည်။ ထိုင်းအစိုးရအနေနှင့် လည်း နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်လက်ခံ အလုပ်လုပ်ခွင့်ပြုသော အိမ်နီးချင်း နိုင်ငံ အားလုံးနှင့်အတူ MOUs စာချုပ်ကို လက်မှတ်ရေးထိုးပြီး ဖြစ်သည်။ ထို့ပြင် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ် ခွင့် မှတ်ပုံတင်ထားပြီးဖြစ်သော ရွှေ့ပြောင်းအလုပ်သမားများ၏ သက်ဆိုင်ရာအစိုးရများက ၎င်းတို့၏ နိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုထောက်ခံသည့် အခြေအနေများ ပေါ်မူတည်၍လည်း ထိုင်းအစိုးရ အနေနှင့် MOU (နားလည်မှု စာချွန်လွှာ) တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထိုင်းအစိုးရအနေနှင့် အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားခြင်း မရှိသေးသော ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်အလုပ်လုပ်ခွင့် မှတ်ပုံတင်ခြင်း (နောက်ဆုံးအကြိမ်)ကို (၇)လပိုင်း (ဇုလိုင်လ)တွင် စတင်ပြီး လက်ခံဆောင်ရွက်ပေးသွားရန်နှင့် မှတ်ပုံမတင်ရသေးသော ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း၌ ၂၀၁၀ ဖေဖော်ဝါရီလ (၂၈)ရက်နေ့အထိသာ နေထိုင်ခွင့်ပြုမည်ဟု ဆုံးဖြတ်ချက် ချပြီးလည်း ဖြစ်သည်။

၂၀၀၉ခုနှစ် မေလ ၂၆ ရက်နေ့က ကျင်းပခဲ့သော ထိုင်းအစိုးရ၏ ထိပ်သီအစည်းအဝေးတွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ထိုင်းနိုင်ငံအတွင်းသို့ နည်းလမ်းတကျ မှတ်ပုံတင်ခြင်းမရှိဘဲ လာရောက် အလုပ်လုပ်ကိုင် နေကြသော ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင် အလုပ်လုပ်ခွင့်ကို မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုဆုံး ဖြတ်ချက်အရ တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမားများသည် ကဏ္ဍ (၆)ခုမှာ ငါးဖမ်းလုပ်ငန်း၊ အိမ်တွင်း၊ မှုလုပ်ငန်းနှင့် အခြားကဏ္ဍများ ဖြစ်သည်။ ထိုင်းနိုင်ငံ အတွင်း၌ရှိသော လူမှုရေးအဖွဲ့အစည်းများနှင့် ကြော်ငြာ လုပ်ငန်းများအပါအ၀င် ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနက လာမည့် အပတ်များတွင် အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ တရားဝင် ထုတ်ပြန်ကြေငြာသွားရန်ရှိသည်။

မှတ်ပုံတင်မည့် ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို တရားမ၀င် အလုပ်သမားများ စီမံအုပ်ချုပ်မှုဆိုင်ရာ အမျိုးသားကော်မတီ (National Committee on Illegal Worker Administration) က ရေးဆွဲပြီး ဖြစ်သည်။ တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရာတွင် အလုပ်လုပ်ခွင့်ကဒ် လက်ဝယ်ရောက်ရှိမည့် အဆင့်အထိ စုစုပေါင်း အဆင့်သုံးဆင့်ဖြင့် မှတ်ပုံတင်ရန် ဖြစ်သည်။ ထိုအဆင့်သုံးဆင့်မှာ အောက်ဖော်ပြပါ အတိုင်းဖြစ်သည်။

၂၀၀၉ ခုနှစ် ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ရမည့်ပုံစံအဆင့်ဆင့်

အဆင့်(၁)ယာယီနေထိုင်ခွင့် မှတ်ပုံတင်ခြင်း (၂၀၀၉ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ထိ)

ထိုင်းနိုင်ငံအတွင်းရှိ စံနစ်တကျမရှိသော ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်လုပ်ခွင့် ကဒ်ကို မလျှောက်ထားမီ (အလုပ်လုပ်ခွင့်ကဒ် လျှောက်ထားရန်အတွက်) အလုပ်သမားသန်းခေါင်စာရင်း မှတ်ပုံတင် စာရွက်ကို အရင်ဦးဆုံး ရှိရမည်။ ထိုစာရွက်ကို ထော်လော် ၃၈/၁ ဟုခေါ်သည်။ ထော်လော် ၃၈/၁ ဆိုသည်မှာ အလုပ်သမား သန်းခေါင်စာရင်းကို ခေါ်ခြင်းဖြစ်သည်။

မိမိတို့၏ အလုပ်ရှင်ထံမှ အလုပ်ခန့်ထားကြောင်း စာရွက်စာတမ်း (အလုပ်ရှင်၏ လက်မှတ်ဖြင့်) ရရှိထား ရွှေ့ပြောင်း အလုပ်သမားများသည် မိမိတို့ အလုပ်လုပ်နေသော မြို့နယ်၊ တိုင်း၊ ခရိုင် ၊ မြူနီစပယ် နယ်နိမိတ်တို့တွင် ရှိသော အလုပ်သမားရုံးများသို့ (အလုပ်ခန့်ထားကြောင်း စာရွက်စာတမ်းကို ကိုင်၍) ကိုယ်တိုင် သွားရောက် အကြောင်းကြားရမည်။

ထိုသို့ သွားရောက်အကြောင်းကြားသောအခါ လုပ်ဆောင်ရမည့် အရာသုံးခုမှာ
(၁) ပတ်စ်ပို့ဓါတ်ပုံပေး၍ လက်ဗွေရာ နှိပ်ရမည်။
(၂) ဂဏန်း ၁၃လုံးပါ မိမိ မှတ်ပုံတင်နံပါတ်တစ်ခုရှိရမည်။
(၃) ဓါတ်ပုံဖိုးနှင့် မှတ်ပုံတင် စာရွက်စာတမ်းဖိုးအတွက် ထိုင်းဘတ်ငွေ ၈၀ ပေးရမည်။
ထိုအချက်အလက် အားလုံးကို ပြည့်စုံစွာ လုပ်ပြီးပါက အလုပ်သမား သန်းခေါင်စာရင်းကို ရရှိမည်။

မှတ်ချက်။ ။ထိုသန်းခေါင်စာရင်းသည် မှတ်ပုံတင်လိုက်သော အလုပ်သများ၏ သားသမီးမျာနှင့် မှီခိုသူများ အတွက အကျုံးအ၀င်ပါ။ ရွှေ့ပြောင်းအလုပ်သမားများသာလျှင် ထိုသန်းခေါင်စာရင်း စာရွက်စာတမ်းကို လျှောက် ထားနိုင်သည်။ ထိုသန်းခေါင်စာရင်း ရရှိခြင်းသည် အလုပ်လုပ်ခွင့်ကဒ် (ဘတ်)ရသည် မဟုတ်ပါ။ ထိုစာရွက်စာ တမ်းသည် ထိုင်းနိုင်ငံအတွင်း၌ အလုပ်လုပ်ခွင့်စာရွက်စာတမ်းမဟုတ်သလို ထိုင်းနိုင်ငံအတွင်း၌ နေထိုင်ခွင့်ပြုသည့် စာရွက်စာတမ်းလည်း မဟုတ်ပါ။ အကယ်၍ အလုပ်သမားသည် အလုပ်လုပ်ခွင့် ကဒ်(ဘတ်) လည်းရှိ၊ သန်းခေါင်စာရင်း စာရွက်စာတမ်းလည်း ရှိသော် ၎င်းသည် ထိုင်းနိုင်ငံအတွင်း၌ ၂၀၁၀ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိသာ နေထိုင်ခွင့်ရှိသည်။ မိမိနိုင်ငံမှ နိုင်ငံသား ဖြစ်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ရှိ၍ ထိုင်းနိုင်ငံအလုပ်သမားရုံးတွင် မှတ်ပုံတင်ပြီးသော ရွှေ့ပြောင်းအလုပ်သမားများသာလျှင် ထိုင်းနိုင်ငံအတွင်း ကြာရှည်စွာ နေထိုင်ခွင့်ပြုမည် ဖြစ်သည်။

အဆင့်(၂) ကျန်းမာရေး စစ်ဆေးခံခြင်းနှင့် အာမခံကြေးပေးသွင်းခြင်း (၂၀၀၉ ခုနှစ် ဇူလိုင်လ ၁ ရက်မှ - ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့အထိ)

အလုပ်သမားများအနေနှင့် အထက်ဖော်ပြပါ အလုပ်သမား သန်းခေါင်စာရင်း ရရှိပြီးသည်ရှိသော် ကျန်းမာရေး စစ်ဆေးခံရမည် ဖြစ်ပြီး ထိုင်းနိုင်ငံလူထုကျန်းမာရေးဌာနသို့ ကျန်းမာရေးအာမခံကြေးငွေကို ပေးသွင်းရမည်။ ကျန်းမာရေး စစ်ချက် မှတ်တမ်းစာရွက်နှင့် ကျန်းမာရေး အာမခံကြေးငွေ ပေးသွင်းခြင်းတို့သည် အလုပ်လုပ်ခွင့် ကဒ် (ဘတ်) ရရှိရန် ကြိုတင်ပြုလုပ်ထားရမည့် အရာများဖြစ်သည်။ထိုင်းနိုင်ငံ လူထုကျန်းမာရေး ဌာနအနေနှင့် ကျန်းမာရေးစစ်ဆေးရာတွင် အောက်ပါ အဆင့်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
(၁) ရွှေ့ပြောင်းအလုပ်သမား၏ ကျန်းမာရေးစစ်ဆေးရာတွင် အဆင်ပြေစေမည့် နည်းလမ်းကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များကို ရွေးချယ်ဆောင်ရွက်ပေးသွားမည်။
(၂) ကျန်းမာရေးဆိုင်ရာ လိုက်နာဖွယ်ရာ အချက်အလက်များကို ညွှန်ကြားပေးမည်။
(၃) ကျန်းမာရေး ဆေးစစ်ချက်မှတ်တမ်းကို အလုပ်သမားအား ထုတ်ပေးမည်။
(၄) ကျန်းမာရေးစစ်ဆေးမှုနှင့် ကျန်းမာရေး အာမခံကြေးငွေကို အလုပ်သမားထံမှ ကောက်ခံမည်။
(၅) ကျန်းမာရေးဆေးစစ်ချက် လက်မှတ်ကို ထုတ်ပေးမည်။

အလုပ်သမားသော်လည်းကောင်း၊ ၎င်း၏အလုပ်ရှင်သော်လည်းကောင်း အောက်ပါ အခကြေးငွေများကို
ကုန်ကျခံရမည်။

(၁) ကျန်းမာရေး စစ်ဆေးခြင်းအတွက် ထိုင်းဘတ်ငွေ ၆၀၀
(၂) ကျန်းမာရေး အာမခံကြေးအတွက် ထိုင်းဘတ်ငွေ ၃၀၀
နောက်ဆုံးအဆင့်သည် အလုပ်လုပ်ခွင့်လျှောက်ထားခြင်းဖြစ်သည်။
အလုပ်လုပ်ခွင့်လျှောက်ထားရာတွင် အထက် ဖော်ပြပါ အဆင့်(၁)နှင့် (၂) တို့တွင် ပြုလုပ်ရမည်ဖြစ်သော အရာ
အားလုံးကို အောင်မြင်စွာ ပြုလုပ်ပြီးစီးသွားသူ များသာလျှင် အလုပ်လုပ်ခွင့်ကို လျှောက်ထာနိုင်သည်။ အလုပ်လုပ်ခွင့်ည် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး အတွက် ထိုင်းနိုင်ငံအတွင်း၌ ယာယီနေထိုင်ခွင့်နှင့် အလုပ်
လုပ်ခွင့်ကို ရရှိခြင်းဖြစ်သည်။ အကယ်၍ အလုပ်လုပ် ခွင့်ကို လျှောက်ထားသော ရွှေ့ပြောင်းအလုပ်သမား
တစ်ယောက်သည် ထိုင်းနိုင်ငံအတွင်း၌ အလုပ်လုပ်ခွင့်မရရှိခဲ့သည်ရှိသော် ထိုအလုပ်သမားသည် ထိုင်းနိုင်ငံအတွင်း၌ နေထိုင် အလုပ်လုပ်ခွင့် ဆုံးရှုံးမည်ဖြစ်ပြီး မိမိနိုင်ငံသို့ ပြန်ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံအလုပ်ခန့်ထားရေးဌာနက အလုပ်လုပ်ခွင့်လျှောက်လွှာများကို ခရိုင်အလုပ်အကိုင်ခန့်ထားရေး ရုံးများနှင့် ဘန်ကောက်မြို့ရှိ အလုပ်အကိုင် ခန့်ထားရေးရုံးတို့တွင် လက်ခံသည်။ အလုပ်လုပ်ခွင့် လျှောက်ထားရန် သတ်မှတ်ချက်များနှင့်ပြည့်မှီသော ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်သမား သန်းခေါင် စာရင်း မှတ်ပုံတင်စာရွက် (ထော်လော် ၃၈/၁)ရှိရမည့်အပြင် ထိုင်းနိုင်ငံ လူထု ကျန်းမာရေး ၀န်ကြီးဌာနမှ ကျန်းမာရေးစစ်ချက်ပြုလုပ်ပြီးသည့် အထောက်အထား စာရွက်စာတမ်းများ ရှိရမည်။ အလုပ်လုပ်ခွင့် လာရောက်လျှောက်ထားသည့်အခါ ရွှေ့ပြောင်းအလုပ်သမားများသည် မိမိတို့၏ အလုပ်ရှင်နှင့် အတူတကွ လျှောက်ထားရန်ဖြစ်သည်။ သို့သော် အလုပ်သမားနှင့် အလုပ်ရှင်က ကိုယ်တိုင်မလာခဲ့သည်ရှိသော် ၎င်းတို့နှစ်ဦး ကိုယ်စားကိုယ်စားလှယ် တစ်ဦးဦးက လာရောက် လျှောက်ထား ပေးနိုင်သည်။ အလုပ်သမား မှတ်ပုံတင်ရေးစီမံအုပ်ချုပ်မှုဌာန လက်အောက်ရှိ ခရိုင် အလုပ်သမားများ စီမံအုပ်ချုပ်ရေး ဌာနက ထိုင်းနိုင်ငံ အလုပ်ခန့်ထားရေးဌာနထံမှ အလုပ်လုပ်ခွင့်လျှောက်ထားသော အလုပ်သမားများ၏ အချက်အလက်များအား လက်ခံရရှိပြီးနောက် အလုပ်လုပ်ခွင့်ကဒ်(ဘတ်)များကို ရက်ပေါင်း(၆၀)အတွင်း အလုပ်သမားများသို့ ထုတ်ပေးမည် ဖြစ်သည်။
အလုပ်လုပ်ခွင့်ကဒ်လျှောက်ထားရာတွင် အလုပ်လုပ်မည့် အချိန်ကာလပေါ်မူတည်၍ ပေးသွင်းရမည့် ငွေပမာဏမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) တစ်နှစ်အလုပ်လုပ်ခွင့်အတွက် ထိုင်းဘတ်ငွေ ၁၈၀၀
(၂) ခြောက်လ အလုပ်လုပ်ခွင့်အတွက် ထိုင်းဘတ် ၉၀၀
(၃) သုံးလ အလုပ်လုပ်ခွင့်အတွက် ထိုင်းဘတ် ၄၅၀
(၄) အလုပ်လုပ်ခွင့်လျှောက်ထားကြေး ထိုင်းဘတ် ၁၀၀

အလုပ်လုပ်ခွင့်ကဒ်(ဘတ်)များ၏ အရှေ့ဖက်နှင့် အနောက်ဖက်ခြမ်းများသည် ကာလာကုဒ် စနစ်ဖြင့် ပြုလုပ်
ထားခြင်းဖြစ်ပြီး အလုပ်လုပ်ခွင့်ကဒ်ကို ကိုင်ဆောင်ထားသော ရွှေ့ပြောင်းအလုပ်သမားတစ်ဦးသည် မည်သည့် ကဏ္ဍတွင် အလုပ်လုပ်နေခြင်း ဖြစ်သည်ကို ၎င်းကိုင်ဆောင်သော အလုပ်လုပ်ခွင့်ကဒ်ပေါ်ရှိအရောင်က ဖော်ပြပေးသည်။ ဤနည်းအားဖြင့် အလုပ်သမားများအလုပ်လုပ်ခွင့် မှတ်ပုံတင်ပြီးသော အခါ မိမိမှတ်ပုံတင် စဉ်က ဖော်ပြထားသော လုပ်ငန်းတွင်ပင် အလုပ်လုပ်ရမည်ဖြစ်ပြီး အခြားလုပ်ငန်းများကလည်းမိမိအား ဌားရမ်း အလုပ်လုပ်စေမည် မဟုတ်ပါ၊

လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ အလုပ်လုပ်ခွင့်ကဒ်များကို အောက်ပါအတိုင်း အရောင်များဖြင့် ခွဲခြားထားသည်။

လုပ်ငန်းအမည် အလုပ်လုပ်ခွင့်ကဒ် (ဘတ်) အရောင်

(၁) ငါးဖမ်းလုပ်ငန်း ပန်းရောင်/အပြာနုရောင်
်(၂) ပင်လယ်ထွက်သား/ငါးလုပ်ငန်း ပန်းရောင် /လိမ္မော်ရောင်
(၃) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ပန်းရောင်/အစိမ်းရောင်
(၄) အိမ်တွင်းမှုလုပ်ငန်း ပန်းရောင်/ မီးခိုးရောင်
်(၅) ဆောက်လုပ်ရေးလုပ်ငန်း ပန်းရောင်/အ၀ါရောင်
(၆) အခြားလုပ်ငန်းများ ပန်းရောင်/ပန်းရောင်

မှတ်ချက်။ ။အလုပ်ရှင်များအနေနှင့် မိမိတို့လုပ်ငန်းများတွင် လက်ရှိအလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်း အလုပ်သမများစာရင်းကို သုံးလတစ်ကြိမ် အစီရင်ခံစာတင်သွင်းရမည်ဖြစ်သည်။ အကယ်၍ မိမိထံမှ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအလုပ်မှ ထွက်သွားလျှင် သို့မဟုတ် အလုပ်ထုတ်ခံလိုက်ရလျှင် အလုပ်ရှင်မှ ထိုအကြောင်းကို ခရိုင် အလုပ်ခန့်ထားရေးရုံးသို့ (၇)ရက်အတွင်း အကြောင်းကြား ရမည်။အလုပ်ရှင်တစ်ဦးသည် အခြားအလုပ်ရှင်တစ်ဦးထံမှ ထွက်ပြေးလာသော ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအား အလုပ်ခန့်ထားခွင့်မရှိပါ။ အကယ် ၍ ထိုအချက်အား အလုပ်ရှင်မှ မလိုက်နာခဲ့သည်ရှိသော် တရားဥပဒေအရ ပြင်းထန်စွာ အရေးယူခြင်း ခံရမည်။

အမျိုးသားလုံခြုံရေး တပ်ဖွဲ့များနှင့် တရားဥပဒေများပြဌာန်းခြင်း

၂၀၀၉ခုနှစ် မေလ ၂၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော ထိုင်းအစိုးရ၏ ထိပ်သီးအစည်းအဝေးပွဲတွင် စနစ်တကျ မဟုတ်သော ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင်မှတ်ပုံတင်ခြင်းကိစ္စအား အတည်ပြုဆုံးဖြတ်ပြီးနောက်၊ ထိုင်းနိုင်ငံ အတွင်းသို့ရွှေ့ပြောင်းအလုပ်သမားများ ၀င်ရောက်လာမှုကို တားဆီးရန် အမျိုးသားလုံခြုံရေး တပ်ဖွဲ့များနှင့် ဥပဒေ များပြဌာန်းခြင်းအတွက် ညွှန်ကြားချက်များကိုလည်း ရေးဆွဲခဲ့သည်။ အမျိုးသားလုံခြုံရေး အရာရှိများအနေနှင့်နယ်စပ်ဒေသများမှ ရွှေ့ပြောင်းအလုပ်သမားများ ၀င်ရောက်လာမှုကို ကာကွယ်တားဆီးရန် တာဝန်ရှိသည်။ ထိုကိစ္စကို ထိုင်းစစ်တပ်မှ ကြည်းတပ်နှင့်ရေတပ်များ အပါအ၀င် အခြားသော အဖွဲ့အစည်း များက ပူးပေါင်းဆောင်ရွက်သွားရန်။

ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးခြင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေကို မလိုက်နာသော အလုပ် ရှင်းများအား အရေးယူရန် ထိုင်းရဲတပ်ဖွဲ့၊ အထူးသဖြင့် ထိုင်းအမျိုးသား ရဲဌာနချုပ်နှင့် လူဝင်မှုကြီးကြပ် ရေးဌာနတို့တွင် တာဝန်ရှိသည်။ ရဲဝန်ထမ်းများအနေဖြင့် အလုပ်သမားများမှတ်ပုံမတင်မီနှင့် မှတ်ပုံတင်ပြီး ရက်ပေါင်း (၃၀)အတွင်း ဖမ်းဆီးမှုများ ပြုလုပ်သွားရန် ဖြစ်သည်။

မှီငြမ်းကိုးကား
• Thai Cabinet Resolution 26th May, 2009
• The meeting minutes of the committee under the National Committee on Illegal Worker Administration dated 6th May 2009
• Rosalia Sciortino and Sureepron Punpuing. International Migration in Thailand 2009. International Organization for Migration Bangkok (2009)
• Thai Cabinet Resolution : 3rd June 2009

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) မှ အခမဲ့ ပြန်လည် ကူးယူဖြန့်ဝေသည်။

Read More...

ထုတ်ပြန်ကြေငြာချက်များ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ လက်ကမ်းကြိုဆို ဖိတ်ခေါ်ခြင်း

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည် ပြည်သူ့အရေး ပြည်သူများကိုယ်တိုင်ဆောင်ရွက်သွားနိုင်ရန်၊ ပြည်သူ့အကျိုး ပြည်သူများကိုယ်တိုင်သယ်ပိုးနိုင်ရန်အတွက် လူထုလူတန်းစားမခွဲခြားဘဲ ပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်နေသော အဖွဲ့အစည်းတရပ် ဖြစ်ပါသည်။

သို့ဖြစ်၍ မည်သည့်လူပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၏ မူဝါဒလမ်းစဉ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ အမှုကိစ္စစိစစ်ဖြေရှင်းခြင်း လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းခွင်အတွင်း လက်တွေ့ဆောင်ရွက်နေမှုများအား လေ့လာခြင်း၊ ဝေဖန်အကြံပြုခြင်းတို့ကို ဖိတ်ခေါ်လက်ကမ်းကြိုဆို အပ်ပါသည်။

မည်သည့်လူပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို ပြည်သူ့အရေး၊ ပြည်သူ့အကျိုးများအား သယ်ပိုး ဆောင်ရွက်သွားနိုင်ရန်အတွက် တတ်နိုင်သည့်ဘက်မှ တတ်နိုင်သည့်စွမ်းအားဖြင့် မည်သည့်နေရာ ဒေသမှ ဖြစ်စေ၊ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းနှင့် အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်မှုများအား နွေးထွေးစွာ လက်ကမ်းကြိုဆို ဖိတ်ခေါ်အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA)
Phone; + 66 (0) 87 202 7932
+ 66 (0) 82 226 7172

Read More...

Saturday, June 20, 2009

ထုတ်ပြန်ကြေငြာချက်များ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း
ထုတ်ပြန်ကြေငြာချက် (၀၁/ ၂၀၀၉)

၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်

ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လျှက်ရှိသော မြန်မာ့စေတနာ့ဝန်ထမ်းအသင်း Burma Volunteers’ Association (BVA) သည် ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ အသင်း၏အမည်အား ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း People Volunteers' Association (PVA) ဟု အမည်ပြောင်းလဲလိုက်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

ယနေ့ကာလတွင် ကြုံတွေ့နေကြရသော မြန်မာနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းများကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံအပါအဝင် တိုင်းတပါး၌ ခက်ခဲစွာဝင်ရောက်လုပ်လုပ်ကိုင်နေသည့် အခြေအနေသို့ ရောက်ရှိလျှက်ရှိပေသည်။ ဤအခြေအနေဆိုးသည် ပြောင်းလဲသွားခြင်းမရှိဘဲဆက်လက်
တည်ရှိနေဦးမည့် အလားအလာများကိုသာ မြင်တွေ့နေရပေသည်။

ထိုသို့သောအခြေအနေတွင် ထိုင်းနိုင်ငံအတွင်းတွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေထိုင်ကြသော မြန်မာပြည်သားများနှင့် ထိုင်းလူမှုအသိုင်းဝိုင်းများကြား လိုက်လျောညီထွေစွာဖြင့် အဆင်ပြေမှုရှိစေရန်၊ မလိုလားအပ်သောပြဿနာများ မပေါ်ပေါက်စေရန်နှင့် တိုင်းတပါးရောက် မြန်မာပြည်သူများကြားတွင် ဖြစ်ပေါ်ကြုံတွေ့လေ့ရှိသည့် အခက်အခဲများအား ကောင်းမွန်စွာ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်လျှက် ရှိနေပေသည်။

အထက်ပါ လိုအပ်ချက်များအား ကူညီဖြည့်ဆည်းပေးရန်အတွက် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ တတ်အားသမျှ ရပ်တည်ဆောင် ရွက်သွားမည်ဖြစ်ပါသည်။

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည် လူမျိုး၊ ဘာသာ၊ ကျား/မ မခွဲခြားဘဲ ပြည်သူများ၏ အခက်အခဲ ပြဿနာ၊ အရေးကိစ္စများ၊ မတော်မတရားပြုမူုခံရမှုများအား တရားမျှတမှု၊ ဥပဒေနှင့်ညီညွှတ်မှု၊ ကိုယ်ချင်းစာညှာတာမှု တို့ဖြင့် အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည်

(၁) ပြည်သူအချင်းချင်းကြား ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်သွားနိုင်ရေး၊
(၂) ပြည်သူတို့၏ အသိအမြင်၊ အတွေးအခေါ်၊ ဗဟုသုတများ တိုးတက်မြင့်မားလာစေရေး၊
(၃) စည်းကမ်း၊ စာရိတ္တကောင်းမွန်ပြီး ချစ်ကြည်စည်းလုံးစွာဖြင့် လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက် သွားနိုင်ရေး၊
(၄) တာဝန်သိစိတ်ဓာတ်နိုးကြားတက်ကြွစွာဖြင့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်လောက တည် ဆောက်နိုင်ရေး ဟူသော ဦးတည်ချက်များထားရှိကာ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လျှက်ရှိပါကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။


ဗဟိုဦးဆောင်ကော်မတီ
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း
E- mail: thihathena@yahoo.com
Phone: 087 695 3100
087 202 7932

Read More...

Friday, June 19, 2009

ထုတ်ပြန်ကြေငြာချက်များ


The Statement of People Volunteers’ Association (1/2009)

Date- 12th February, 2009.

1. We would like to publicize that the name of our association has been renamed to “ People Volunteers’ Association” (PVA) as people knew the former name “ Burma Volunteers’ Association” which is a non-profit association and it’s taking a leading role to solve the social conflicts in the migrant community in Thailand.

2. According to the present situation in Burma, general crisis has been raising and many thousands of the Burmese people have to struggle economically by working in the neighboring countries and so far around the world and it’s like illegal and legal migrant workers. Under this situation, the Burma’s military regime couldn’t handle the economic crisis and its consequence social problems in the country.

3. Therefore, People Volunteers’ Association (PVA) has to take community organizing and interventional roles to solve conflicts gathering and peacefully between the local Thai and Burmese migrant community and the PVA believes that it’s a necessary need to be harmonized for working together between the local Thai people and the Burmese community.

4. The PVA stands on that there is no discrimination for races, religions, gender and it’s helping and cooperating to solve the social conflicts in the community with respects to be justice, rules of law and sympathy/kindness. Also the PVA is keep trying to develop convenience and conformability in the community and it’s planning to implement community organizing activities which are included primary healthcare and education programs for all people.

5. The PVA will be struggling to fulfill the people’s needs and it’s concerned seriously and aimed to be a helpful association for all people.

6. Aims and objectives of the PVA are as follow;

• To promote social welfare programs for the people
• To build capacities of the people to be skillful and knowledgeable persons in the community
• To educate the people to be respected in sequence of disciplines, dignity and unity in diversity among them
• To rebuild a new and peaceful society with active manner of the people

Central Leading Committee
People Volunteers’ Association
Email; thihathena@yahoo.com
Phone; 087 6953 100 (DTAC)
087 2027 932 (GSM)

Read More...