Friday, July 10, 2009

ထုတ်ပြန်ကြေငြာချက်များ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ လက်ကမ်းကြိုဆို ဖိတ်ခေါ်ခြင်း

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည် ပြည်သူ့အရေး ပြည်သူများကိုယ်တိုင်ဆောင်ရွက်သွားနိုင်ရန်၊ ပြည်သူ့အကျိုး ပြည်သူများကိုယ်တိုင်သယ်ပိုးနိုင်ရန်အတွက် လူထုလူတန်းစားမခွဲခြားဘဲ ပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်နေသော အဖွဲ့အစည်းတရပ် ဖြစ်ပါသည်။

သို့ဖြစ်၍ မည်သည့်လူပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၏ မူဝါဒလမ်းစဉ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ အမှုကိစ္စစိစစ်ဖြေရှင်းခြင်း လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းခွင်အတွင်း လက်တွေ့ဆောင်ရွက်နေမှုများအား လေ့လာခြင်း၊ ဝေဖန်အကြံပြုခြင်းတို့ကို ဖိတ်ခေါ်လက်ကမ်းကြိုဆို အပ်ပါသည်။

မည်သည့်လူပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို ပြည်သူ့အရေး၊ ပြည်သူ့အကျိုးများအား သယ်ပိုး ဆောင်ရွက်သွားနိုင်ရန်အတွက် တတ်နိုင်သည့်ဘက်မှ တတ်နိုင်သည့်စွမ်းအားဖြင့် မည်သည့်နေရာ ဒေသမှ ဖြစ်စေ၊ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းနှင့် အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်မှုများအား နွေးထွေးစွာ လက်ကမ်းကြိုဆို ဖိတ်ခေါ်အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA)
Phone; + 66 (0) 87 202 7932
+ 66 (0) 82 226 7172

0 comments: