Monday, July 13, 2009

သတင်း

ဒီကေဘီအေမှ မြဝတီမြို့နယ်ရှိ ရွာသားများကို အဓမ္မပေါ်တာဆွဲပြီး တပ်သားသစ်စုဆောင်းနေ

PVA/ July 13, 2009

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူထားသော ကရင်ဗုဒ္ဓဘာသာအဖွဲ့ ဒီကေဘီအေမှ မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အကြားရှိ ဝှေ့ရှမ်း၊ မယ်ပလဲစသော အုပ်ချုပ်ရေးနှင့်အလှမ်းကွာဝေးသည့် ကျေးရွာများမှ ရွာသားများအား ၄င်းတို့၏ စစ်ဆင်ရေးတွင် အသုံးပြုရန်အတွက် အတင်းအဓမ္မလုပ်အားပေးခေါ်ဆိုပြီး ကာယကံရှင်ဆန္ဒမပါဝင်ဘဲ စစ်ထဲသွင်းကာ တပ်သားသစ်များအဖြစ် စုဆောင်းနေကြောင်း သိရှိရပါသည်။

၎င်းအဖြစ်အပျက်အားကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မြဝတီမြို့ခံတဦးမှ “ပေါ်တာဆွဲတာတောင် မဟုတ်ပါဘူး။ အမှန် တကယ်ကတော့ ပေါ်တာဆွဲတာက အကြောင်းပြချက်တခုပါ။ တကယ့်ဖြစ်ရပ်မှန်က ၁၀ ရက်လောက် စစ်သင်တန်းပေး လက်နက်ကိုင်ခိုင်းပြီးတော့ ကေအန်ယူကို တိုက်တဲ့နေရာမှာ သူတို့ရဲ့ရှေ့ကနေ တက်ခိုင်းနေတာပါ” ဟု PVA သို့ ပြောကြားခဲ့သည်။

လွန်ခဲ့သော မေလကုန်ခါနီးမှစ၍ နအဖနှင့် ဒီကေဘီအေတို့ပူးပေါင်းကာ ကေအန်ယူ တပ်မဟာ (၇) အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီကေဘီအေ တပ်မဟာ (၅၅၅) နှင့် (၃၃၃) တို့သည် ညောင်လေးပင်ခရိုင်အတွင်းရှိ ကေအန်ယူတပ်စခန်းများအား တိုက်ခိုက်ရန် ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments: