Saturday, May 30, 2009

ကဗျာ

ဆုံဆည်းရာ ဘလော့ဂ်ရဲ့ကဗျာကဏ္ဍမှာရေးသားခဲ့တဲ့ " နေ့သစ် " ဆိုတဲ့ကဗျာလေးကို မျှဝေချင်ပါတယ်။

နေ့သစ်

ပြက္ခဒိန်တွေကိုပဲ ငေးငေးနေတတ်တာ
ပြစ်တင်မစောလိုက်ပါနဲ့ ညီမလေးရေ...။

အမှောင်ထုကို ဖြတ်သန်းဘူးမှ
အလင်းရဲ့တန်ဘိုးကို သိရမယ်။

ပဋိပက္ခတွေကို ရင်ဆိုင်ဘူးမှ
ငြိမ်းချမ်းခြင်းကို ခံစားနိုင်မယ်။

အနှောင်အဖွဲ့ကြားမှာ ရှင်သန်ဘူးမှ
လွတ်လပ်ခြင်းကို နားလည်နိုင်လိမ့်မယ် မဟုတ်လား။

အခုတော့...
သံတိုင်တွေကြားကပဲ
ပြက္ခဒိန်တွေကို ငေးမော
အနာဂတ်အတွက်တွေးတောလို့
ရင်မောစွာငံ့လင့်နေတတ်ပြီလေ။

စစ်အုပ်စုရဲ့အကျဉ်းထောင်တွေထဲမှာ မတရားအကျဉ်းကျခံနေကြရသော နိုင်ငံရေးအကျဉ်းသားအားလုံးသို့ ဂုဏ်ပြုဦးညွှတ်လျှက်...

ရဲသွေး

၂၇ အောက်တိုဘာ ၂ဝဝ၇

0 comments: