Saturday, May 30, 2009

ကဗျာ

ကဗျာကဏ္ဍအတွက်တော့ " နွမ်းလျှအိမ်ပြန် " ဆိုတဲ့ ကဗျာလေးကို အရင်ဆုံးတင်ချင်ပါတယ်။ ၂၃၊ ၄၊ ၂ဝဝ၂ က ရေးသားထားတဲ့ ကဗျာဟောင်းလေးတပုဒ်ပေမယ့်လည်း ဘယ်ကိုမှမပို့ဖြစ်ဘဲ ဒိုင်ယာရီထဲမှာ ဒီအတိုင်း ကျန်နေခဲ့တဲ့အတွက် အမှတ်တရအဟောင်းလေးတပုဒ်ပါ။

နွမ်းလျှအိမ်ပြန်

တမ်းတခြင်းတွေခင်းကျင်းရရင်
မိုင်ထောင်ချီရှည်လျှားလောက်တယ်။

အနီးဆုံးရဲ့ဟိုဘက်စွန်း အဆုံးစွန်မှာ
ဆန္ဒတွေဆူပွက်နေကြပေါ့။

နေ့ရက်တန်းတွေ ကွေးခေါက်သွားလောက်အောင်
အချိန်ကို အကျဉ်းချုံ့လိုက်ချင်တယ်။

မေမေ့ရင်ခွင်တံခါးတွေဟာ
လွမ်းဆွတ်မျှော်လင့်မှုလေနဲ့
တဖျပ်ဖျပ်လူးလွန့်နေကြမှာ
မြင်ယောင်ပါသေးရဲ့။

မနက်တွေတိုင်း…
ညနေတိုင်း…
နေ့ရက်တိုင်းမှာ
ထမင်းဝိုင်းနံဘေးက မီးဖိုလေး
မငြိမ်းသေးတာ သေချာပါတယ်။

ရဲသွေး

၃ဝ မေ ဝ၉

0 comments: