Wednesday, August 19, 2009

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း လူထုစည်းရုံးရေးဟောပြောပွဲ ကျင်းပပြုလုပ်

PVA/16 Aug 2009

မြန်မာပြည်သူများ အကျင့်စာရိတ္တမြင့်မားရေးနှင့် ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျှက်ရှိသော ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည် မဲဆောက်မြို့၊ ဟုံဖိုင်ကျေးရွာတွင် ကျေးရွာအာဏာပိုင်များ နှင့် ပူးပေါင်း၍ လူထုစည်းရုံးရေး ဟောပြောပွဲတခုကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဟောပြောပွဲသို့ ဒေသခံပြည်သူ (၁၀၀) ခန့်တက်ရောက်ခဲ့ပြီး အသင်းတာဝန်ရှိသူများမှ ပြည်သူ့ စေတနာ့ဝန်ထမ်းအသင်းအနေဖြင့် လှုပ်ရှားဆောင်ရွက်နေမှုများအား မိတ်ဆက်တင်ပြခဲ့သည်။ ကျေးရွာ အာဏာပိုင်များဘက်မှလည်း ရပ်ရွာအတွင်းနေထိုင်ကြသော ပြည်သူများအား စည်းကမ်းသေဝပ်စွာနေထိုင်ရေး၊ အကျင့်စာရိတ္တမြင့်မားလာစေရေးနှင့် ရာဇဝတ်မှုများ ပပျောက်စေရေးများကို အသီးသီးဆွေးနွေး ဟောပြော ခဲ့ကြသည်။

အခမ်းအနားတက်ရောက်သူတဦးဖြစ်သော ဟုံဖိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး လုံခမ်းကြိုင်လမှ “ ရပ်ရွာအတွင်းမှာ နေထိုင်ကြတဲ့ လူတွေအားလုံး အခုလို စုစုစည်းစည်းနဲ့ အခမ်းအနားတက်ရောက် လာတာတွေ့ရလို့ ဝမ်းသာပါတယ်။ ရွာထဲမှာနေကြတဲ့ မြန်မာပြည်သားအရေးကိစ္စများနဲ့ ပတ်သက်ပြီး ကျနော့်ဆီ အချိန်မရွေး အကူအညီတောင်းခံနိုင်ပါတယ် ” PVA သို့ ပြောသည်။

0 comments: