Thursday, June 25, 2009

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၏ လှုပ်ရှားမှုဓာတ်ပုံများ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ မယ့်ရမတ်မြို့နယ်၊ မယ့်ကဆာကျေးရွာတွင် ဒေသခံလူထုများနှင့်တွေ့ဆုံစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ မဲဆောက်မြို့ရှိ ဟိုင်းရက်သိုးမွှေးထည်စက်ရုံတွင် အလုပ်ရှင်၊ အလုပ်သမားများ အလုပ်ခွင်ဆက်လက်လည်ပတ်နိုင်ရေးအတွက် အလုပ်သမားလက်မှတ်သက်တမ်း ဆက်တိုးနိုင်ရန် တွေ့ဆုံညှိနှိုင်းဖြေရှင်းပေးခဲ့စဉ်

မငယ် အသက် (၃ဝ)နှစ်သည် လင်ယောက်ျားရှိပါလျက်နှင့် မောင်ပြည်ဖြိုးနိုင် (၁၆) နှစ်အား တရားမဝင်ပေါင်းသင်းခြင်းကို ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ခေါ်ယူဖြေရှင်းပေးနေစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ မဲဆောက်မြို့၊ ကာပိဘန်း သိုးမွှေးစက်ရုံတွင် အလုပ်ရှင်၊ အလုပ်သမား ပြဿနာကို ဖြေရှင်းရန် အလုပ်ခွင်တွင်း ဝင်ရောက်လေ့လာနေစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ မဲဆောက်မြို့၊ ကာပိဘန်း သိုးမွှေးစက်ရုံတွင် အလုပ်ရှင်၊ အလုပ်သမား ပြဿနာကို ဖြေရှင်းရန် အလုပ်ခွင်တွင်း ဝင်ရောက်လေ့လာနေစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ မဲဆောက်မြို့၊ ကာပိဘန်း သိုးမွှေးစက်ရုံရုံးခန်းတွင် အလုပ်ရှင်နှင့်အလုပ်သမားများအား ဖျန်ဖြေညှိနှိုင်းပေးနေစဉ်

သမီးဖြစ်သူပျောက်ဆုံးနေသဖြင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသို့ လာရောက်အကြောင်းကြား အကူအညီတောင်းခံနေစဉ်

မဲဆောက်မြို့နယ်၊ မကုလွမ်ရွာတွင် မောင်ဖြိုးဝေ အသက် (၁၃) နှစ်အား ထိုင်းသစ်တောအဖွဲ့မှ ဖမ်းဆီး သွားသည်ကို ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းနှင့် ကျေးရွာလူကြီးများပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်လည်လွတ်မြောက်လာစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ မဲဆောက်မြို့နယ်၊ မယ်ကုလွမ်အောက်ရွာတွင် ဒေသဦးဆောင်ကော်မတီဖွဲ့စည်းရန် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးနေစဉ်

မအေးအေးစိုး (၃၈) နှစ်မှ ချေးယူထားသော ဘတ်ငွေ တသိန်းနှစ်သောင်းအား အကြွေးရှင်ထံသို့ ပြန်လည်ပေးဆပ်ရန် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ခေါ်ယူဆွေးနွေးနေစဉ်

စက်ဘီးသူခိုး ဟာရှင် အသက် (၄ဝ) နှစ်အား ရဲလက်သို့အပ်ရန် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ခေါ်ယူထိန်းသိမ်းထားစဉ်

မဲဆောက်မြို့၊ မိုက်ကရိုကုန်တိုက်ဝန်းကျင်တွင် အခြေပြု၍ အုပ်ဖွဲ့ကျက်စားနေသော ခါးပှိုက်နှိုက်ဂိုဏ်းအား ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ရဲလက်သို့အပ်ရန် ဖမ်းဆီးထိန်းသိမ်းထားစဉ်

မဲဆောက်မြို့၊ မယ်ပကျေးရွာရှိ ပန်းရံအလုပ်သမား၏ ခိုက်ရန်ဖြစ်ပွားမှုအား ပြည်သူ့စေတနာ့ဝန်ထမ်းသင်းမှ နှစ်ဦးနှစ်ဘက်ညှိနှိုင်းပေးပြီး ကျေအေးကြောင်း လက်မှတ်ရေးထိုးနေစဉ်

မဲဆောက်မြို့၊ မယ်ပကျေးရွာရှိ ပန်းရံလုပ်ငန်းခွင်အတွင်း ခိုက်ရန်ဖြစ်ပွားမှု ထပ်မံမဖြစ်ပွားစေရန် ပြည်သူ့စေတနာ့ဝန်ထမ်းသင်းမှ စည်းရုံးပညာပေးနေစဉ်

မဲဆောက်မြို့နယ်၊ မယ်ကုလွန်ရွာတွင် သူခိုး ထွန်းထွန်း အသက် (၃၂) အား ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ဖမ်းဆီးပြီး ကျေးရွာအာဏာပိုင်များလက်သို့ အပ်နှံစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ မဲဆောက်မြို့နယ်၊ မယ်ကုလွန်ကျေးရွာတွင် ကျေးရွာအာဏာပိုင်များနှင့် ပူးပေါင်း၍ လူထုစည်းရုံးရေးဆွေးနွေးပွဲ ကျင်းပနေစဉ်

မဲဆောက်မြို့နယ်၊ မယ်ကုလွန်ကျေးရွာတွင် ကျေးရွာအာဏာပိုင်များနှင့် ပူးပေါင်းကျင်းပသော လူထုစည်းရုံးရေးဆွေးနွေးပွဲအား တက်ရောက်လာကြသော ဒေသခံပြည်သူများအား တွေ့ရစဉ်

မဲဆောက်မြို့၊ မယ်ပကျေးရွာ စိန့်ဟိန်းသိုးမွှေးထည်စက်ရုံတွင် ဖြစ်ပွားသော (၄) ရက်ကြာအလုပ်သမား သပိတ်အား ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ သွားရောက်တွေ့ဆုံ ညှိနှိုင်းပေးနေစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ဖွင့်လှစ်ထားသော ပြည်သူ့ရင်သွေး မူကြိုကျောင်းမှ ဆရာမများနှင့် ကျောင်းသားကလေးငယ်များအား တွေ့ရစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ဖွင့်လှစ်ထားသော ပြည်သူ့ရင်သွေး မူကြိုကျောင်းမှ ကျောင်းသားကလေးငယ်များအား တွေ့ရစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ဖွင့်လှစ်ထားသော ပြည်သူ့ရင်သွေး မူကြိုကျောင်းမှ ကျောင်းသားကလေးငယ်များအား ကျောင်းသို့ ပို့ဆောင်ပေးနေစဉ်



ရောင်ခြည်ဦးအလုပ်သမားအဖွဲ့နှင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းတို့ စုပေါင်းမဟာဘုံကထိန်ကျင်းပနေစဉ်

မဲဆောက်မြို့၊မယ်တောင်အထည်ချုပ်စက်ရုံမှ နှလုံးရောဂါဝေဒနာရှင် မဆွေဆွေအား ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ကူညီကုသပေးအပြီး တွေ့ရစဉ်

နှလုံးရောဂါကြောင့် အသက်ကောင်းစွာမရှူနိုင်ဖြစ်နေသော ဝေဒနာရှင် မောင်ထွန်းနိုင်အား ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ကုသပေးနေစဉ်

အမျိုးသမီးချင်းခိုက်ရန်ဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသွားသော မထားထားမှ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသို့ လာရောက်တိုင်ကြားစဉ်

ခိုးရာပါပစ္စည်းများအား လက်ခံရောင်းဝယ်ပေးနေသော မြဝတီမြို့နေ ထူးဇံ အသက် (၂၆) နှစ်အား ခေါ်ယူမေးမြန်းစစ်ဆေးစဉ်

ဇနီးဖြစ်သူအား ခိုးယူပေါင်းသင်းခြင်းခံရသဖြင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသို့ လာရောက်တိုင်ကြားနေစဉ်

အသက်မပြည့်သေးဘဲ ခိုးရာလိုက်ပြေးသော မဧကရီ အသက် (၁၄)နှစ်အား အချိန်မှီပြန်လည်ခေါ်ယူပြီး အမျိုးသမီးကူညီစောင့်ရှောက်ရေးအသင်းရှေ့မှောက်တွင် မိဘများထံ ပြန်လည်အပ်နှံနေစဉ်

မတရားပြုကျင့်ရန်ကြံစည်သော အေးမင်း အသက်(၂၆) နှစ်အား ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းရုံးသို့ ခေါ်ယူမေးမြန်းစစ်ဆေးစဉ်

ထိုင်းလူမျိုးအိမ်ရှင်မှ ရွှေဆွဲကြိုးခိုးယူထားသည်ဟု မတရားစွပ်စွဲခံရပြီး နေ့ချင်းပြန်မအပ်လျှင် အဓ္ဓမပြုကျင့်၍ ရဲလက်အပ်မည်ဟု ခြိမ်းခြောက်ခံရသော မနုနုအား ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ သွားရောက်ကူညီဖြေရှင်းပေးအပြီး တွေ့ရစဉ်

မယ့်ရမတ်မြို့နယ်၊ မယ်ကုဆန္ဒကျေးရွာတွင် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ လူထုစည်းရုံးရေးဆွေးနွေးပွဲပြုလုပ်နေစဉ်

အိမ်တွင်းအကြမ်းဖက်မှုခံရသော မဇွန်နှင်းဝေမှ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသို့ လာရောက်တိုင်ကြား အကူညီတောင်းခံစဉ်

အိမ်တွင်းအကြမ်းဖက်မှုခံရသော မဇွန်နှင်းဝေမှ ရရှိခဲ့သော ဒဏ်ရာအားပြသနေစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ လက်ထပ်စာချုပ် ချုပ်ဆိုပေးနေစဉ်

ကိုနိုင် အသက် (၂၃) နှစ်အား အရွယ်မရောက်သေးသောမိန်းကလေးအား ခိုးယူပေါင်းသင်းလျှင် ဥပဒေအရ ပြစ်မှုမြောက်ကြောင်း ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ရှင်းပြနေစဉ်

0 comments: