Monday, October 19, 2009

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း မိသားစု သီတင်းကျွတ် စုပေါင်းရဟန်းခံပွဲ
















Read More...

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ် (၃) ဒေသ၊ မဲဆောက်မြို့နယ်၊ မယ်ကုလွန်ကျေးရွာ လူထုစည်းရုံးရေးဟောပြောပွဲ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ် ( ၃)ဒေသ၊ မယ်ကုလွန်ကျေးရွာတွင် လူထုစည်းရုံးရေးဟောပြောပွဲသို့ တက်ရောက်လာကြသော အသင်းတာဝန်ရှိသူများနှင့် ကျေးရွာ အာဏာပိုင်များအား တွေ့ရစဉ်


ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ် ( ၃)ဒေသ၊ မယ်ကုလွန်ကျေးရွာတွင် လူထုစည်းရုံးရေးဟောပြောပွဲသို့ တက်ရောက်လာကြသော ဒေသခံပြည်သူများအား တွေ့ရစဉ်


ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ် ( ၃)ဒေသ၊ မယ်ကုလွန်ကျေးရွာတွင် လူထုစည်းရုံးရေးဟောပြောပွဲသို့ တက်ရောက်လာကြသော ဒေသခံပြည်သူများအား တွေ့ရစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ် ( ၃)ဒေသ၊ မယ်ကုလွန်ကျေးရွာတွင် လူထုစည်းရုံးရေးဟောပြောပွဲ ကျင်းပနေစဉ်


Read More...

Monday, September 7, 2009

ပွင့်ဖတ်ပေါ်ချော်ကျတဲ့ပန်းတပွင့်

မနေ့ည (၈) နာရီ (၅၇) မိနစ်မှာ ညီမလေးရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတယောက်ဆီက ဖုန်းဆက် လာတယ်။ ညီမလေး ဒီနေ့ပဲ ဆုံးပြီတဲ့။ ကြားကြားချင်း ရင်ထဲမှာ ထုံတက်သွားတယ်။ ရုတ်တရက် မယုံနိုင်လို့ နောက်နေတာလားလို့ ပြန်မေးမိတယ်။ ဒါပေမယ့် စိတ်ထဲက မျှော်လင့်ထားတဲ့အတိုင်း မဖြစ်ခဲ့ပါဘူး။ အဖြစ်အပျက်နဲ့တကွ ဘယ်နေရာ၊ ဘယ်အချိန်မှာ ဖြစ်ပြီး ညီမလေးရဲ့ရုပ်အလောင်းက အခုဘယ်နေရာမှာ ထားထားတယ်ဆိုတာကအစ ပြောပြလာတာမို့ စိတ်မှာ လက်မခံချင်ဘဲ လက်ခံလိုက်ရတယ်။ ဒါနဲ့ ညီမလေးနဲ့ ပတ်သက်တဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေကို ဖုန်းဆက်မေးကြည့်တော့ မကြားချင်တဲ့ အဖြစ်အပျက် အကြောင်းအရာတွေကိုပဲ ထပ်ခါတလဲလဲ ပြန်ကြားရပြန်တယ်လေ။ ဒါဆို ညီမလေး ဒီလောကကြီးထဲကနေ ရုတ်တရက်ကျောခိုင်းပြီး အပြီးတိုင် ထွက်ခွါသွားခဲ့တာ သေချာသွားခဲ့ပြီပေါ့။

ရင်ထဲမှာ ယူကြုံမရခြင်း၊နှမြောတသခြင်းတွေနဲ့ ညီမလေးရဲ့ဖုန်းကို လှမ်းခေါ်လိုက်မိတယ်။ အရင်ကဆို
“ ဟေး… အကို ဖုန်းဆက်လာတာလား” ဆိုပြီး ရွှင်မြူးတက်ကြွတဲ့အသံလေးနဲ့ စကားတွေတတွတ်တွတ်ပြောနေ တတ်တဲ့ ဖုန်းကလေးက ရုတ်တရက်တော့ ပိုင်ရှင်မဲ့စွာ၊ ကိုင်သူမဲ့စွာ တိတ်ဆိတ်ခြောက်သွေ့လို့နေတယ်။ နောက် နည်းနည်းကြာတော့မှ တဘက်ကဖုန်းကိုင်လိုက်သံကို ကြားရတယ်။ ပြီးတော့ နာရေးအခမ်းအနား တခုရဲ့ သတင်းမေးသူတွေ တရုန်းရုန်းနဲ့ အုတ်အုတ်ကျပ်ကျပ် အသံတွေကိုပါ တဆက်တည်း ကြားလိုက် ရတယ်လေ။ ဒါ … ညီမလေးရဲ့ နောက်ဆုံးခရီးအတွက် လာနှုတ်ဆက်နေကြတဲ့ လူတွေရဲ့ အသံတွေလား။ စိတ်ထဲမှာ လက်မခံ ချင်သေးဘူး။ ညီမလေး ဆုံးပါးသွားခဲ့တဲ့ အဖြစ်အပျက်မှာ အတူပါခဲ့တဲ့ ညီမလေးရဲ့ သူငယ်ချင်းတယောက်က မကြားချင်တဲ့ အကြောင်းတွေကိုပဲ နောက်ထပ်တခါ ဝမ်းပမ်းတနည်းနဲ့ ပြောပြနေ ခဲ့တယ်။ အဲဒီအဖြစ်အပျက် အကြောင်းအရာတွေကို နားမထောင်ရက်ပေမယ့် ဖြေမဆည်နိုင်ခြင်းများစွာနဲ့ သည်းခံပြီး နားထောင်ခဲ့ရတယ် ညီမလေး။ အခုအချိန်မှာတော့ ညီမလေးက အေးချမ်းတိတ်ဆိတ်စွာ အနားယူ အိပ်စက်နေခဲ့ပြီ။ ဆို့နင့်ကြေကွဲရမှု များစွာနဲ့ ကျစ်ရစ်ခဲ့ရသူတွေရဲ့အဖြစ်ကို ညီမလေးတယောက် မြင်တွေ့ ကြားသိ နိုင်ခွင့် ရှိနိုင်တော့မှာ မဟုတ်ပါဘူး။

အကို့အတွက်တော့ မိသားစုဝင်တယောက် ဆုံးရှုံးလိုက်ရသလို၊ ရဲဘော်ရဲဘက်တယောက် ကျဆုံး သွားခဲ့ပြန်ပြီပေါ့။ ရုတ်တရက်နှုတ်မဆက်ဘဲ ခွဲခွာသွားရက်တယ်လို့ ပြောရအောင်ကလည်း ညီမလေးမဆုံးခင် မနက်စောစော ၆ နာရီကျော်ကျော်လောက်မှာပဲ ထူးထူးခြားခြား အကို့ဆီ ဖုန်းဆက်လာခဲ့သေးတယ်နော်။ အကိုက “ ဘယ်လိုလဲ ညီမလေး စောစောစီးစီးကြီးပါလား။ ညက အကို့ကိုများ အိပ်မက်မက်လို့လား” လို့ စနောက်ပြီး မေးတော့ “ ဟုတ်တယ်။ ညက အကို့ကို အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ သူငယ်ချင်းတွေရယ် အကိုရယ်က အလှူပွဲတခုမှာ ရောက်နေကြတာတွေ့တယ်။ ဒါနဲ့ ဒီမနက် အိပ်ယာနိုးနိုးချင်း အကိုနဲ့ အိပ်မက်ထဲမှာပါတဲ့ သူငယ်ချင်းတွေကို သတိရလို့ ဖုန်းဆက်နေတာ” လို့ ပြန်ပြောခဲ့သေးတယ်နော်။ ပြီးတော့ အကိုနဲ့ ဆက်စပ်တဲ့ အလုပ်အကြောင်းတွေကိုလည်း ရှည်ရှည်ဝေးဝေး ပြောပြနေခဲ့သေးတယ်။ တကယ်တော့ ဒါဟာ ညီမလေးရဲ့ တဘဝစာနောက်ဆုံး နှုတ်ဆက်စကားတွေဆိုတာ အကို အခုအချိန်မှပဲ သိခွင့်ရခဲ့ပါပြီ။

“အင်တာနက်မသုံးဖြစ်တာကြာပြီ။ မြို့ပေါ်ခဏလာပြီး အင်တာနက်သုံးချင်တယ်” လို့ပြောတော့ အကိုကတောင် “အဲဒီဘက်က နီးစပ်ရာရွာတွေမှာ အင်တာနက်ဆိုင်တွေရှိတယ်လေ။ စာသင်ကျောင်းတွေဘာတွေ အနီးနား တဝိုက်မှာ ရှာကြည့်လိုက်ပေါ့။ အဝေးကြီးကနေ အပင်ပမ်းခံပြီး ဒီအထိလာနေစရာမလိုဘူးလေ” လို့တောင် စေတနာနဲ့ အကြံပေးခဲ့သေးတယ်။ အခုတော့ ညီမလေးရဲ့လိပ်ပြာလေးက ဘယ်ဆီမှာများ ပျံဝဲနေလိမ့်မလဲ။ ညီမလေးလာချင်နေတဲ့ ဒီမြို့လေးရဲ့အနီးဝန်းကျင်မှာပဲလား။ ဒါမှမဟုတ် ညီမလေးနေတဲ့ဒေသရဲ့ စာသင်ကျောင်း နားက အင်တာနက်ဆိုင်လေး နားမှာပဲလား။

အောက်တိုဘာမှာ ပြန်လာမယ်ပြောတဲ့ ညီမလေးရေ… အခုတော့ သန္တိသုခရပ်ဝန်းလေးထဲမှာပဲ ဘယ်တော့မှ ပြန်မလာစတမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပြီးတိုင် ခိုလှုံသွားခဲ့ပြီပေါ့။ ညီမလေးထမ်းဆောင်ခဲ့တဲ့ အဖွဲ့အစည်း တာဝန်တွေအားလုံးအတွက် တာဝန်ကျေပွန်မှုမှတ်တမ်းကို ဘယ်လိုစကားလုံးမျိုးနဲ့ သုံးနှုန်းပြီး တိတိပပ ရေးပြ နိုင်မှာပါလိမ့်။ လာမယ့်အောက်တိုဘာကျရင်ရော ညီမလေးပြန်လာရင်နေဖို့ စိတ်ကြိုက်တိုက်ခန်းလေး တခန်းကို အကို ကူညီပြီး လိုက်ရှာစုံစမ်းပေးရအုံးမှာလား။

ဟိုအရင် အကိုတို့ အိမ်ချင်းကပ်ရက်နေကြတုန်းက အကိုအလုပ်မအားလို့ ထမင်းစားချိန်မမှန်တဲ့အခါတိုင်း ထမင်းလာစားဖို့ နေ့နေ့ညည လိုက်ခေါ်ပြီး စေတနာထားကျွေးမွေးတတ်တဲ့ ညီမလေးရေ… ညီမလေးရဲ့ စေတနာဖြူစင်မှုတွေအတွက် ထပ်တူညီတဲ့ တုံ့ပြန်မှုတွေဘာတခုမှ မပေးနိုင်ခဲ့တဲ့ အကို့ကို ခွင့်လွှတ်ပါ။

အခုအချိန်ဆို ညီမလေးရဲ့ ဈာပနအခမ်းအနားလေးကို ဒေါနတောင်တန်းတွေရဲ့ တနေရာမှာ ခြောက်သွေ့ တိတ်ဆိတ်စွာ ကျင်းပနေကြရော့မယ်။ တောင်တန်းတွေကို ချစ်တဲ့ညီမလေး၊ တောင်တန်းတွေဆီကလာပြီး အဲဒီတောင်တန်းတွေဆီကိုပဲ အစောတလျင် ပြန်နှင့်သွားခဲ့ပေါ့။ ညီမလေးရဲ့ နောက်ဆုံးခရီးအတွက် ကိုယ်တိုင် လာပြီး နှုတ်ဆက်ချင်ပေမယ့် အခြေအနေအကန့်အသတ်တွေကြောင့် စာတစောင်ပေတဖွဲ့၊ ပန်းတခြင်း စကားတခွန်းနဲ့ နှုတ်ဆက် စကားမပြောနိုင်ခဲ့တာကို ခွင့်လွှတ်ပါညီမလေး။

ဂုဏ်ယူပါတယ် ညီမလေး…။ ခွဲခွါကျန်ရစ်သူတွေရင်ထဲက ညီမလေးအတွက် ဝမ်းနည်းပူဆွေးလို့ကျတဲ့ မျက်ရည်တစက်တိုင်းတစက်တိုင်းဟာ ပန်းပွင့်တွေသာဖြစ်ခဲ့ရင် ညီမလေးရဲ့နောက်ဆုံးခရီးမှာ လွမ်းသူ့ ပန်းတွေနဲ့သာ တင့်ဆန်းလျှမ်းဝေ နေမှာပါ။

ကြယ်တပွင့်အဖြစ် နေရစ်တော့ ညီမလေး…။ မပြီးဆုံးသေးတဲ့ တော်လှန်ရေးရဲ့ အနှိုင်းမဲ့ကောင်းကင် တနေရာမှာ…။ အကိုတို့ရည်မှန်းချက်တွေပြီးမြောက်အောင်မြင်တဲ့ နေ့တနေ့ကျရင်သာ ဟောဒီမြေကမ္ဘာကို နောက်ထပ်တခါ ပြန်လာခဲ့ပါညီမလေး….။ ပြန်လာခဲ့ပါ ညီမလေး…။

“စက်တင်ဘာလ (၃) ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားတဲ့ ညီမလေး ကောင်းရာသုဂတိ လားပါစေ။”

ရဲသွေး
နေ့လည် (၂း ၀၀)
စက်တင်ဘာ ၄ ၊ ၂၀၀၉။

Read More...